ဘုံအမျိုးသား အကျိုးစီးပွားနှင့် ဘုံရန်သူ
အခန်းကဏ္ဍ၊ အစီအစဉ်၊ အထောင့်တိုင်း၊ အဆင့်တိုင်းတခုစီမှာ ရည်ရွယ်ချက်အရ အမျိုးသားရေးရှု့ထောင့်မှ လုပ်လျှင် ဘုံအမျိုးသားအကျိုးစီးပွားဖြစ်သည့် ညီညွတ်ရေးကိုဖြစ်ထွန်းစီပြီး တပါတည်းမှာ ဘုံရန်သူသို့ ရောင်ပြန်ဟတ်မှု ကြောင့် ၎င်းရို့အထိနာသည်ကို သတိအမြဲပြုကြရန် မိမိရို့ ခံယူတတ်ကြရမည်။ မည်သည့်အလုပ်မဆို မိမိရပ်တည်ချက်လို့ ယုံကြည်လျှင် မုချအောင်ပွဲယှိသလို အတိုက်အခံသမားများလည်း မိမိအောင်ပွဲနှင့်အတူ တချိန်တည်းမှာ ပျက်သုန်းစီသည်။
မိမိရို့ ဘ၀တူ၊ ရည်ရွယ်ချက်တူ၊ ရည်မှန်းချက်တူ၊ တော်လှန်ချင်းလည်းတူ၊ နိုင်ငံရေးတန်းတူမှုလည်း တူသည့် အပြင် အဖိနှိပ်ခံဘ၀ချင်းလည်း တူညီကြပြီး ဘုံရန်သူကို တိုက်ပွဲဝင်နိန်ကြရာဝယ် တူညီသော အဆင့်တခုစီတိုင်းမှာ ရည်ရွယ်ချက်အရ မုချအောင်ပွဲအတွက် ပူးပေါင်းဆောင်ရွက် နိုင်ရမည်။ ဘ၀တူချင်း၊ အမျိုးသားချင်းတူလို့ မပူးပေါင်း၊ မဆောင်ရွက်သည့်အပြင် ကိုယ်က တဦးကို မယုံကြည်မှုသည်ပင် ကိုယ့်ကို တဦးက မယုံကြည်အောင် မိမိက ဖန်တီး လိုက်ခြင်းပင် ဖြစ်ပေသည်။ နိုင်ငံရေးသည် သရုပ်ဆောင်၊ အကျော်အမော် ဖြစ်ချင်ရေလူရို့၏ ပုံစံခွက် မဟုတ်ပေ။
ရှု့ထောင့်ပေါင်းစုံအတွင်းမှ ဗဟုသုတ၊ အတွေးအခေါ်၊ နည်းလမ်းများ မတူကွဲပြားမှုများကို ရင်ကြားစေ့စပ်ဖန်တီး လုပ်ဆောင်နိုင်ရမည်။ အမြင်မတူကွဲပြားမှု အသွင်သဏ္ဍန်သည် ဗျူဟာမြောက်သည့် ပြဿနာဟု မိမိရို့ လွဲမှားစွာ မခံယူ သင့်ပေ။ ရှု့ထောင့်တဖက်မှာ မိမိရို့ ချွတ်ယွင်းမှု၊ ပြိုကွဲမှုများသည် ရန်သူရို့၏ မဟာဗျူဟာမြောက် အောင်ပွဲရလာဒ် ဖြစ်နိန်သည်။ တဆက်တည်းမှာ မိမိရို့၏ ဟာကွက်၊ ပျော့ကွက်များကို ရန်သူရို့ အလွယ်တကူ လေ့လာဆန်းစစ် သိယှိ နိုင်ပြီး ရင်ဆိုင်တိုက်ပွဲများအတွက် မိမိရို့၏ ပျော့ကွက်များကို ခင်းကျင်းပြသထားလိုက်ခြင်းနှင့် တူနိန်ပေသည်။
တခါတရံမှာ လူ့ဖုံ၏ သဘာဝတရားကိုလည်း နားလည်လွယ်ကူအောင် ဆင်ခြင်ယူနိုင်ရမည်။ အုပ်စုများသူက မတရားသဖြင့် အုပ်စုနည်းသူများကို အနိုင်မကျင့်ချင်စေကာမူ အုပ်စုနည်းသူက အုပ်စုများသူများကို လန့်ဖြတ်နိန်ပြီးသား ဖြစ်နိန်ပေသည်။ လက်ရှိခေတ်အနေအထားကား ခေတ်နည်းပညာများနှင့်အတူ ပိုမိုဆိုးရွားလာနေဟန် ယှိနိန်သည်။ ပုံစံ နည်းမျိုးစုံနန့် လူ့အခွင့်အရေးနှင့် သဘောတရားကောင်းခြင်းများကို မျက်နှာဖုံးအဖြစ် ရှေ့တန်တင်ကာ စနစ်ဆိုးအရ ကောက်ကျစ်၊ ချယ်လှည်၊ညစ်ပစ်နိန်သူများကိုမှ ကယ်တင်၊ကျေးဇူးသျှင်ကြီးဟု ယုံကြည်နိန်ရသည့် ခေတ်ကာလဖြစ်သည်။
ပညာတတ်မှ၊ ဥစ္စာယှိမှ၊ သတ္တိယှိမှ၊ ဥာဏ်ပညာအမြော်အမြင်ယှိမှ၊ မိမိခံယူချက်၊ ယုံကြည်ချက်နှင့်တူမှ ဘုံအမျိုး သားအကျိုးစီးပွားအတွက် ပူးပေါင်းလက်တွဲ လုပ်ဆောင်ကြမည့် ရည်မှန်းချက်မှာလည်း ဘုံအမျိုးသားအကျိုးစီးပွားအတွက် နစ်နာမှုများ အများအပြားယှိသည်။ တချို့ဇာကဏ္ဍမဆို လက်တွီရော၊ သဘောတရားပါ ဖန်တီးနိုင်သူ၊ တချို့ဖန်တီးပြီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သူ၊ တချို့ထောက်ခံအားပီးအားမြောက်ပီးသူနှင့် တချို့ကြားဝင်ပြီး ရင်ကြားစည်းပီးနိုင်သူများ ယှိသည်။
တဖက်မှာ ပူးပေါင်းလုပ်ဟန်ဖြင့် အကျိုးအမြတ်ခံစားတတ်ကြသူ၊ တချို့ဆိုလျှင် အပြစ်ပုံ ပြောတတ်ကြသူနှင့် မိမိလုပ်နေသည်ကိုပင် မိမိဇာအခန်းစီးကဏ္ဍမှ လုပ်ဆောင်နိန်သနည်း မသိကြသူများအနေဖြင့် လုပ်လျှက်နန့် မိမိရန်သူ ဖက်ဖြစ်နိန်ပုံပင် သတိမထားကြသူများ ယှိကြသည်မဟုတ်ပါလား။ တချို့ဂိုဏ်းအသွင်ဝါဒ သူမပါမှ ငါလုပ်ဖို့ ပုံစံခွက်နန့်။
မည်သို့ဆိုစေကာမူ အမျိုးသားအချင်းချင်းနှင့် ဘ၀တူအချင်းချင်း ဘုံအမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက် ပြောင်း လဲရေးအတွက် အဆင့်တိုင်းစီမှာ စနစ်တကျ၊ စည်းကမ်းယှိယှိ၊ ပုံစံကျကျ အပြန်အလှန်နားလည်မှု၊ အသိအမှတ်ပြုမှုနှင့် လေးစားမှုများကို အခြေခံကာ စံစနစ်တခုနန့် လုပ်ဆောင်ကြမည်ဆိုလျှင် မုချအောင်ပွဲနှင့်အတူတကွ ရန်သူကိုအောင်မြင်မှု အဆင်သင့် ရယှိပြီးသားဖြစ်ပေလိမ့်မည်။
အောင်သန်း (NUPA-AA), March 31, 2011.

ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment