ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Tuesday, August 30, 2011

Truce Talks with Local Govts Unacceptable: UNFC


http://www.gissapa.blogspot.com

30 August 2011: Two weeks after Burma's new President had 'invited' ethnic armed resistance groups to hold ceasefire talks with respective local governments, the United Nationalities Federal Council (UNFC) has rejected the proposal as being 'totally unacceptable' as it will not lead to any real resolution for peace.

While welcoming the overture, the multi-ethnic armed coalition said in a letter to the Burmese government, it considers such an offer only a dishonest ploy by Naypyidaw aimed at undermining the unity and solidarity among the different ethnic armed groups, which have fought the central Burmese government for decades.

Ex-Army General President Thein Sein in his public speech on 17 August said ethnic armed groups should approach respective local governments for peace talks, in a rare gesture that Burma watchers believe was a desperate public relations stunt designed to improve the image of a pariah nation.

"Past experience has taught us well that trying to separately negotiate a ceasefire deal with individual groups will not produce desirable results. We consider this a ploy to undermine the solidarity among the ethnic groups," the letter reads.

The letter was sent to the Burmese government on Sunday but was only made available to the media today. A copy was also sent to the pro-democracy leader Aung San Suu Kyi, who had recently offered her personal assistance in the peace process.

The UNFC, which includes some of the largest ethnic armed groups such as the Kachin Independence Organization (KIO) and the Shan State Army (SSA), argued that problems of armed conflicts and lack of peace are grounded in the denial of fundamental human rights and equality to the non-Burman ethnic groups.

The coalition said it rejects the proposal for peace talks with the local-level governments because their grievances are with the central government and not with local governments, which has no real power and only came into existence only in March 2011 whereas the groups have fought the central government for the last 60 years.

Instead the UNFC proposed that the Burmese government appoint a high level negotiation team with real power to broker comprehensive peace deal with the UNFC as a collective force. The UNFC has appointed its own negotiation team, according to sources inside the coalition.
http://chinlandguardian.com/news-2009/1492-truce-talks-with-local-govts-unacceptable-unfc.html

editor@chinlandguardian.com

Monday, August 29, 2011

(Editorial) ရည်ရွယ်ချက်အတိုင်း ကျင့်ကြံဆောင်ရွက်နိုင်ကြပါစေ



(အယ်ဒီတာ အာဘော်)
ရည်ရွယ်ချက်အတိုင်း ကျင့်ကြံဆောင်ရွက်နိုင်ကြပါစေ

ကျွန်ုပ်တို့သည် ကျွန်စနစ် (၅)ထပ်ကွင်း ညှင်းပမ်းမှု အမျိုးမျိုးအောက်တွင် နှစ်ပေါင်း (၂၂၇)သို့ ချီတက်လာနေပြီး ဖြစ်ပါသည်။ တခုနှင့် တခုအကြား မည်သည့်လောက် ဝေးကွာသည်ဖြစ်စေကာမူ အားလုံးသည် ဆက်စပ်မှုရှိနေကြသည်ကို လူတိုင်းခေတ်နှင့်အညီ မြင်နိုင်စွမ်း ရှိကြသည့် အမြင်အမြော်ရှိသော ခေတ်ကိုလည်း တက်လှမ်းလာပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ အတတ်-အသိပညာပိုင်းဆိုင်ရာ ကဏ္ဍများ မှာလည်း ဘက်ပေါင်းစုံနိုင်အောင်အထိ တည်ဆောက်နိုင်ကြသည့် ကာလကို ဖန်တီးနိုင်ကြသော အချိန်အခါလည်း တိုင်ပြီဖြစ်ပါသည်။

စစ်အုပ်စုနှင့် ၎င်းအပေါင်းအပါတို့၏ စစ်အာဏာရှင်စနစ် တည်ငြိမ်ရေး စီမံကိန်း ကျားကွက်များကိုပင် ထိုးထွင်းသိမြင်သည့် စွမ်းအင် များလည်း တပ်ဆင်ရရှိပြီးသား ကာလသို့ တက်လှမ်းရောက်ရှိနေကြပြီး ဖြစ်ပါသည်။ ယင်းတို့ကျားကွက်များ စီမံမှုမပြုလုပ်ခင်ကတည်း က မိမိတို့ကျားကွက်များကို ကင်းချထားပြီးအနေအထား ဖြစ်နေပြီမို့ မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် ဘက်စုံလုံခြုံရေး ၀ါဒ လှုပ်ရှားမှုမှာ ပကတိ လုပ်ဆောင်ကျင့်ကြံမှုများ အဓိကကျနေပါသည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို မြေကြီးလက်ခတ်မလွဲ ရောက်လှမ်းနိုင်ဖို့အတွက် ပကတိအတိုင်း လိုက်နာဆောင်ရွက် ကျင့်သုံး ကြမည်ဆိုပါလျှင် စီမံကိန်းအတိုင်း အောင်မြင်နိုင်မည်မှာ သေချာပေသည်။ မအောင်မြင်သေးသည့် အချိန်ကာလအတိုးအတွင်းတွင် ရည်ရွယ်ချက် မပျောက်ကွယ်ဖို့၊ ရေကြိုင်ရာ မြက်နုရာနှင့် မွေ့မပျော်တတ်ခြင်းပင် ပန်းတိုင်ကို ဆုတ်ကိုင်လျှက်နှင့် ရန်သူကိုတော်လှန် နေဆဲဖြစ်သည်ကို ခံယူတတ်ကြရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အရှိကိုအရှိအတိုင်း သိမြင်လျှက် ကျင့်ကြံတတ်ဖို့ အရေးကြီးပါသည်။  

မည်သည့် အခန်းကဏ္ဍတွင်မဆို ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးများဖြစ်စေ တန်ပြန်မှု ရှိသည်။ ကျွန်ုပ်တို့ အထူးသတိထားကြရမည်မှာ ပျက်ပြားသွားခဲ့သည့် ယုံကြည်မှုကို နဂိုအတိုင်း ပြန်လည်ကာ လုံးဝတည်ဆောက်၍ မရပေ။ ကျွန်ုပ်တို့၏ အဓိကဂုဏ်မှာ အမျိုးသား အကျိုးစီးပွား လုံခြုံရေးနှင့် ဆက်စပ်သည့် အရာမှန်သမျှ လုံခြုံမှုအပြည့်အ၀ ရှိစေရေးပင် ဖြစ်ပါသည်။

မိမိတို့၏ မဟာဗျူဟာမြောက် တိုက်ပွဲသဏ္ဍာန်သည် ရန်သူနယ်ချဲ့သမားများကို တရားသော တိုက်ခိုက်မှုဖြင့် မိမိတို့နယ်မြေမှ အလျှင်အမြန် ခြေမှုန်းမောင်းထုတ်ရေး ၀ါဒဖြစ်သည်။ မိမိတို့အကြား ပဋိပက္ခများသည် ရန်သူကျော့ကွင်းထဲ ခုန်ဆင်းသကဲ့သို့ ဖြေရှင်း သည့်နည်းလမ်းများ မဟုတ်ဘဲ ပဋိပက္ခမှန်သမျှမှာ ရန်သူထောင်ချောက်သာဖြစ်ကြောင်း လက်ခံယုံကြည်ဖို့ လိုအပ်ပါသည်။ ထို့တွက် မိမိတို့ လုပ်လာနိုင်သမျှ၊ ဆက်စပ်သမျှ လှုပ်ရှားမှုတို့သည် ရန်သူကိုဦးတည်သည့် တိုက်ကွက်များဖြစ်ရန် ကျင့်သုံးတတ်ရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့သည် မည်သည့်အလုပ်၊ မည်သည့်နေရာ၊ မည်သည့်အချိန်ကာလအနေအထား၊ မည်သည့်အခြေအနေ မျိုးပင် ရောက်ရှိနေစဉ်ကာမူ စာတလုံး၊ စကားတခွန်း၊ သခြင်းတပုဒ်၊ ခြေတလှမ်း၊ လုပ်ငန်း ကဏ္ဍတခုခုတိုင်းစီတွင် တဆင့်စီ အမျိုးသား အကျိုးစီးပွား လုံခြုံရေးအတွက် ဇောင်းပေးပြီး ရည်ရွယ်ချက် မှန်ကန်စွာ လုပ်ဆောင်ကြရန် အရေးကြီးနေပေသည်။

ထို့ကြောင့် မကြာမနှောင်းအချိန်တိုအတွင်း အမျိုးသားအကျိုးစီးပွားများ လုံခြုံရေးနှင့် ပတ်သက်၍ မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက်အပြင် မျိုးဆက်သစ် လူကောင်းလူတော် အရင်းအမြစ်များကို ပိုမိုထိမ်းသိမ်း၊ မွေးမြူကာကွယ်စောင့်ရှောက်နိုင်အောင် အဓိက အခန်းကဏ္ဍတွင် အမျိုးသမီးများ၊ မပါဝင်သေးသော မိတ်ဆွေသဟာယများ၊ နီးစပ်သည့် မျိုးချစ်ပြည်ချစ်များအပြင် မိမိတို့၏ သားသမီး များ အပါအ၀င် ဘက်စုံဖက်မှ ရည်ရွယ်ချက်အတိုင်း ကျင့်ကြံဆောင်ရွက်နိုင်ကြစေဖို့အရေး စစ်မှန်သောအမျိုးသားရေးဝါဒ တာဝန် ကိုယ်စီကို ယူကြရန် နှိုးဆော်တိုက်တွန်းစည်းရုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ ပန်ကြားလိုက်ရပါသည်။

Friday, August 19, 2011

အမေရိကန် သံအမတ်တွေဟာ ကျနော်တို့အပေါ်မှာ နွေးထွေးမှု မရှိဘူး (RNDP အတွင်းရေးမှူး ဦးလှစောနှင့် အင်တာဗျူး)

အမေရိကန် သံအမတ်တွေဟာ ကျနော်တို့အပေါ်မှာ နွေးထွေးမှု မရှိဘူး (RNDP အတွင်းရေးမှူး ဦးလှစောနှင့် အင်တာဗျူး)
ကိုဝိုင်း | ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ)       ။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ John Kerry ၏ အကြံပေး မစ္စတာ အတ်မန် ထရီဗက်ဒီ Atman Trivedi သည် ဗုဒ္ဓဟူးနေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌအပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့အတူ ဒီမိုကရေစီမိတ်ဆွေများ ပါတီအစုအဖွဲ့ဖြစ်သော မွန်-AMDP၊ ဖလုံ-စဝေါ်၊ ရခိုင်-RNDP၊ ဒီ/ငြိမ်း၊ ဒီမိုကရက်တစ် ပါတီ-DP၊ ချင်း-CNPNDFUDP အပါအဝင် တစည တို့မှ ကိုယ်စားလှယ် များနှင့်လည်း တစုတည်း တွေ့ဆုံသည်။ ကျားဖြူပါတီ SNDP မှာမူ မအားလပ်သဖြင့် မလာနိုင်ကြောင်း တက်ရောက်သူများက ပြောသည်။ မေးမြန်းဆွေးနွေးမှု အကြောင်းအရာများနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပါတီ အတွင်းရေးမှူး ဦးလှစော ကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းကမေးမြန်းထားသည်။

ဆရာတို့ ဘာတွေများ ဆွေးနွေးကြလဲ Message ရော ဘာများ ပေးလိုက်နိုင်သေးလဲ။

ဆွေးနွေးတာကတော့ဗျာ လောလောဆယ် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သဘောထား တွေကို မေးမြန်းတာပါပဲ။ သိပ် အပြောင်း အလဲကြီး သိပ်ထွေထွေထူးထူး ထူးထူးခြားခြားတော့ မရှိပါဘူး။ ပြောရိုး ပြောစဉ်ပါပဲ။ ကျနော်တို့ အီးယူတို့ဘာတို့နဲ့ ဆွေးနွေးတယ်ဆိုရင် အီးယူနဲ့ ဆွေးနွေးတာကမှ တော်တော်လေး ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ရှိတယ်ပေါ့ဗျာ။ အခုဟာကတော့ သာမန်ဆွေးနွေး လုပ်ရိုးလုပ်စဉ်လောက်ပါပဲ”

Sanction ကိစ္စတွေကော ဆွေးနွေးဖြစ်သေးလားဗျ။

“Sanction ကိစ္စတော့ မပါဘူး ခင်ဗျ”

နိုင်ငံရေးအရ ထူးခြားတဲ့ ဆွေးနွေးမှုကော ဆွေးနွေးတာ ရှိလားခင်ဗျာ့။

မဆွေးနွေးခင် ကျနော်တို့ ဒီမိုကရေစီ မိတ်ဆွေ ပါတီ ၉ ပါတီကနေပြီးတော့ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ ဟာလေး
တွေကို ကျနော်တို့ ပြောပြတယ်ပေါ့ဗျာ။ ကျနော်တို့ ပြည်တွင်း စစ်ရပ်ရေးနဲ့ ပတ်သက်တာ၊ အကျဉ်းသား လွတ်မြောက်ရေး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ဟာ၊ Sanction ရုပ်သိမ်းရေး ပြဿနာတွေ၊ ကျနော်တို့ ဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်ကို ကျနော်တို့ ပါတီက Paper တခု လုပ်ထားတယ်ဗျာ။ အဲဒီ Paper ကို ဦးမျိုးညွန့်ပေါ့ဗျာ ဒီငြိမ်းပါတီကနေပြီးတော့ ရှင်းပြတယ်။ အဲဒီအပေါ်မှာ သူက တချို့ဟာတွေကို လိုက်မေးတယ်။ လက်ရှိ ဗမာပြည်ရဲ့ နိုင်ငံရေး အနေအထားပေါ်မှာ ကျနော်တို့ ဘယ်လိုမြင်တယ် အဲဒါတွေကို မေးပါတယ်”

အဲဒီတော့ ကျနော်ပေါ့လေ ကျနော် ရခိုင်ပါတီကဆိုတော့ တိုင်းရင်းသား ကိစ္စတွေလည်း မေးပါတယ်။ ကျနော့ ခံစားချက် တခုကိုတော့ ကျနော် ပြောလိုက်တယ်နော်။ ကျနော်က သူတို့ကို ဘာပြောလိုက်လဲ ဆိုတော့ ကျနော်တို့ ဒီမိုကရက်တစ် ပါတီတွေနဲ့ အမေရိကားက သံတမန် အရာရှိတွေပေါ့ဗျာ။ Diplomatic Official တွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမေရိကားက အဲဒီ Diplomatic တွေဟာ ကျနော်တို့အပေါ်မှာ သိပ်နွေးနွေးထွေးထွေး မရှိဘူးလို့၊ ပြောလိုက်တယ်”

အဲဒီ ဘာကြောင့်လည်းလို့ ဆိုတော့ ကျနော်တို့ဟာ ဒီ ၂၀၀၈ ဖွဲပစည်းပုံ အောက်မှာ ရွေးကောက်ပွဲ ဝင်ခဲ့တယ်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အမေရိကန်က ကျနော်တို့ကို စစ်တပ်ထင်လို့ နွေးနွေးထွေးထွေး မရှိတာလား။ ကျနော်တို့ကို ဒီမိုကရေစီ နိုင်ငံရေးပါတီတွေလို့ ခင်ဗျားတို့ မသတ်မှတ်ချင်တာလား။ ကျနော်တို့ ပါတီထောင်ရတဲ့ ကိစ္စဟာ ကိုယ်ပိုင် သီးခြား ပြဿနာတွေရှိတယ် အထူးသဖြင့် တိုင်းရင်းသား ဆိုတာက လောလောဆယ်ပေါ့ဗျာ စီးပွားရေးအရ နိုင်ငံရေးအရ အင်မတန် ဆင်းဆင်းရဲရဲ ဒုက္ခရောက်ပြီး အဖိနှိပ်ခံရတဲ့ လူမျိုးစု အုပ်စုတွေနော်၊ ဖွံ့ဖြိုးမှု level နိမ့်ကျတယ်။ အဲဒီအတွက် ကျနော်တို့ဟာကိုယ့်ရဲ့ Identity အတွက် ပါတီတွေ ထောင်ကြတယ်၊ Plat found တွေယူကြတယ်။ ကျနော်တို့ရဲ့ အသံကို နိုင်ငံတကာ သိအောင် ပြည်တွင်းမှာ သိအောင် လူထုကို စည်းရုံး လုပ်ဆောင်ခဲ့ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ခင်ဗျားတို့က အဲဒီလို ကျနော်တို့ကို ဒီမိုကရက်တစ်ပါတီတွေလို့ မသတ်မှတ်ဘူးဆိုရင်တော့ ခင်ဗျားတို့မှားတာပဲလို့ ကျနော်ပြောတယ်ဗျ။ ပွင့်ပွင့်လင်းလင်း ပြောတယ်”

သူကပြောတာက သတ်မှတ်ပါတယ်တဲ့ သတ်မှတ်လို့လည်း ခင်ဗျားတို့ကို ဒီမှာခေါ်ပြီး ဆွေးနွေးတာပဲ အဲဒီလိုပြောတယ်။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်ပြီးတော့ ဒီအမေရိကန် အစိုးရ Sympathy တွေဘာမှ တခုမှ လက္ခဏာ မပြည့်ဘူး။ ကျနော်တို့ကို စိတ်ဓာတ်ရေးရာ အရသော်လည်းကောင်း၊ တခြား Sympathy တွေဘာမှ အပြုသဘောတွေ ဆောင်တာတွေ မတွေ့ရဘူး ဆိုတဲ့အကြောင်း ကျနော်ပြောတယ်။ ကျနော် ဥပမာ တခု ပြောလိုက်သေးတယ်။ ဒီမိုကရက်တစ် ဂျာနယ်ဆိုတဲ့ စာအုပ်ကလေးတခု အကူအညီပေးဖို့ဟာကို အမေရိကန်သံရုံးတို့ အမေရိကန်က တာဝန်ရှိသူတွေက အင်တင်တင် လုပ်နေတယ် တော်တော် ခက်ခဲခဲ ကြိုးစားနေရတယ်။ အဲတွေ ကျနော် ပြောပြ လိုက်တယ်။ သူကတော့ နောက်ထပ် ဘာတွေ ကူညီရမလဲ Capacity building ဘာတွေ ညာတွေပြောတာပေါ့ဗျာ”

လောလောဆယ် လက်ရှိ ဗမာပြည်နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း မေးကြတယ် ဖြေကြတယ် ပေါ့ဗျာ။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာပေါ့ဗျာ ကျနော်တို့ သဘောထားတွေ ပါတယ်။ ကျနော်တို့ အများစု အဖွဲ့တွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူကြပါတယ်။ အတူတူပါပဲ။ ကျနော်တို့က လက်ရှိ အခြေအနေဟာ သိပ်အကောင်းကြီးလည်း မဟုတ်ဘူး။ တချို့ဟာတွေ တော်တော်စိတ်ပျက်စရာ ကောင်းတယ်။ ဒါပေမယ့် အပြုသဘော ဆောင်တဲ့ လက္ခဏာတွေ တွေ့ရတယ် ပေါ့ဗျာ။ အခုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာကို ကျနော်တို့ ဝမ်းသာတယ်။ ကြိုဆိုတယ်။ ယေဘုယျ ပြောမယ်ဆိုရင် သိပ်အကောင်းကြီး အမြင်လည်း မဟုတ်ဘူး။ ဒါပေမယ့် အဆိုးမြင်လည်း မဟုတ်ဘူး။ နည်းနည်း မျှော်လင့်တာပေါ့ဗျာ။ အဲဒါတွေပြောတာ”

စိတ်ပျက်စရာ ကောင်းတယ်ဆိုတာ ဘယ်အချက်တွေကို ဆိုလိုချင်တာလဲ ခင်ဗျာ့။

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စ အကုန်လုံး ဝါးသွားတယ်ဗျာ။ ပြည်တွင်းလည်း အများပြည်သူရဲ့ ဘဝမှာ ဘာမှ ပျှော်ရွင်ကြည်နှုးရမယ့် ကိစ္စရှိတယ်လို့ အလှည့်အပြောင်းရယ်လို့ ဘာမှ မခံစားရဘူးဗျာ။ အချိန်ယူရမယ် ဆိုတာလည်း ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ့် လက်ငင်းလက်တွေ့မှာ လုပ်ပြစရာတွေ တပုံတပင်ကြီး ရှိတယ်ဗျာ။ အဲဒါတွေကို ဒိုင်းဒိုင်းဒိုင်းဒိုင်း လုပ်ပြလို့ရတယ်ဗျာ။ စိတ်ပျက်ဖို့ ကောင်းတာပေါ့။ ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း မဆလ ခေတ်တုန်းကလိုပေါ့ဗျာ နှက်ကြတယ် ပြုကြတယ်။ သက်ဆိုင်ရာကို ညွှန်ကြား ကြတယ်။ အခု လောလောဆယ် မြန်မာပြည်မှာ တာဝန်ရှိတယ်ဆိုတဲ့ ဝန်ကြီးတွေ ကိုယ်တိုင်က မဆလ နောက်ပိုင်း လုပ်နည်းလုပ်ဟန်တွေက ဘာမှ ကွဲကွဲပြားပြားမတွေ့ရဘူး။ အဲဒါတွေ အင်မတန် စိတ်ပျက်ဖို့ကောင်းတယ်”

မီဒီယာတွေလည်း ဒီလိုပဲ မဆလခေတ်တုန်းက သတင်းမီဒီယာတွေ သတင်းစာတွေပေါ့ဗျာ၊ အခု လောလောဆယ် မဆလခေတ် နောက်ပိုင်း နောက်ပြီးတော့ ၈၈ နဲ့ ၂ဝ၁ဝ ကြားမှာရှိတဲ့ သတင်းစာ တွေရဲ့ပုံစံနဲ့ ဘာမှ အပြောင်းအလဲ မရှိဘူးဗျ။ စိတ်ပျက်ဖို့ ကောင်းတာပေါ့ဗျ။ အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေ တိုင်းရင်းသား နယ်မြေတွေပေါ့ဗျာ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း သစည်ဖြင့် အင်မတန် ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ ဘာမှ ထိထိရောက်ရောက် ဖွံ့ဖြိုး တိုးတက်မှု တွေ ဘာမှမတွေ့ရဘူး။ အဲဒါတွေကို ဂရုတစိုက်လုပ်မယ်ဆိုတာလည်း ကျနော်တို့ မကြားရဘူးဗျာ။ အဲဒါတွေ အင်မတန် စိတ်ပျက်ဖို့ ကောင်းတာပေါ့ဗျာ”

လက်ငင်းလုပ်ပြစရာရှိတယ်ဆိုရင် ဘာတွေကို လုပ်ပြစေချင်လဲခင်ဗျာ့။

လက်ငင်း လုပ်ပြစရာဗျာ နံပတ်တစ် မြန်မာပြည်မှာ လက်ငင်းလုပ်ပြစရာ အင်မတန်လွယ်တဲ့ ကိစ္စပဲ။ နိုင်ငံရေး အကျဉ်းသားတွေကို ကျနော်တို့ ဒီမိုကရေစီကို မြတ်နိုးပြီးတော့ တိုင်းပြည်ကို ချစ်တဲ့အတွက် ထောင်ထဲ ရောက်နေ သူတွေ ရှိတယ်ဗျာ။ မြန်မာပြည် လူ့အဖွဲ့အစည်းကို ဘာမှ ဆိုးဆိုးရွားရွား လုပ်ခဲ့သူတွေလည်း မဟုတ်ဘူး။ ကျောင်းသားတွေ ရှိတယ်နော်။ အဲဒီတော့ နိုင်ငံရေးနဲ့ မိမိယုံကြည် ချက်ကြောင့် ထောင်ထဲရောက်နေတဲ့လူတွေ လွှတ်ပေးလိုက်ပေါ့ဗျာ။ ဘာခက်ခဲတဲ့ ကိစ္စလည်း။ အဲဒါမျိုးလိုပေါ့ဗျာ”

နောက်တခုက ကျနော်တိုင်းရင်းသားတယောက်အနေနဲ့ ပြောတယ်။ တိုင်းရင်းသားဒေသတွေဟာ အင်မတန် ဖွံ့ဖြိုးမှု နောက်ကျတယ်။ ရခိုင်ပြည်မှာဗျာ သဘာဝဓာတ်ငွေ့တွေ အများကြီးထွက်တယ်။ သဘာဝဓာတ်ငွေ့တွေ ရောင်းပြီး သူတို့ ပိုက်ဆံတွေအများကြီးရတယ်။ လျှပ်စစ်မီးရအောင်လုပ်ပေးဖို့ ဘာခက်သလဲဗျ။ တာဘိုင် တလုံး နှစ်လုံး တည်ပြီးတော့ လုပ်လိုက်ရင်ရတာပဲ။ ဆင်းရဲမှု တိုက်ဖျက်ရေး လုပ်စရာမလိုဘူး။ လျှပ်စစ်မီးရရင် တိုင်းရင်းသားဒေသတွေဟာ အများကြီး ဖွံ့ဖြိုး တိုးတက်လာမယ်။ ဒါလက်ငင်း လုပ်လို့ရတဲ့ကိစ္စတွေပဲ။ နောက် ပညာရေး Reform တွေအများကြီး လက်ငင်းလုပ်လို့ ရတဲ့ကိစ္စတွေ ရှိတယ်။ ရှည်ရှည်ဝေးဝေးတွေ အဲဒီ ကတိကဝတ်တွေက (တောင်းဆိုမယ့်) ကတိကဝတ်တွေထက် လက်ငင်း လုပ်ပြလို့ရတဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒါ ဥပမာအားဖြင့်ပြောတာပါ။”

ကျနော်ဆိုလိုတဲ့သဘောကတော့ ကျနော်တို့ အပြုသဘောဆောင်တဲ့ အချက်အလက်ကလေးတွေ တွေ့ရသလို အင်မတန်စိတ်ပျက်စရာကောင်းတဲ့ နှောင့်နှေးမှုတွေ တွေ့ရတယ်။ အဲဒါကိုပြောတာပါ။ နောက်တခုက ပြည်တွင်းစစ် ရပ်တယ်ဆိုတာ ကျနော်တို့ အပစ်အခတ် ရပ်ပါတယ်ပေါ့ဗျာ။ ကျနော်တို့ ထိုးစစ်တွေရပ်လိုက်ပါတယ်။ ဘာခက်တာ မှတ်လို့ဗျာ။ ကျနော်တို့ မြန်မာပြည်မှာ တိုင်းရင်းသား ညီနောင်သားချင်းတွေအနေနဲ့ ကျနော်တို့ စစ်ပွဲတွေကို မလိုချင်ဘူး ဒါကြောင့် ပြည်တွင်းစစ် ထိုးစစ်တွေကို ရပ်လိုက်ပါတယ်။ ကျနော်တို့ စစ်ဆင်ရေးတွေကို ရပ်လိုက် ပါတယ်ပေါ့ဗျာ။ အပစ်အခတ်ရပ်ရေးအလုပ် ကျနော်တို့ ကြိုဆိုပါတယ် ဒါ ဘာခက်တာ မှတ်လို့ ဗျာ ဒါရှင်းရှင်းလေးပဲ”

လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော။

လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ ကျနော်ပြောပါမယ်နော်။ ကျနော်မနေ့ကလည်း ပြောလိုက်ပါတယ်။ အဲဒီအမေရိကန်အဖွဲ့တွေကို။ အင်မတန်လည်း စိတ်ပျက်ဖို့ကောင်းတယ် ပေါ့ဗျာ။ ဒါပေမယ့် အပြု သဘောဆောင်တယ်လို့ ထင်ရတဲ့ အချက်အလက်လည်း မြင်ရတယ်။ အဲဒီလိုတော်တော်ကို ဖြစ်နေတယ်ဗျ။ ရိုးသားပွင့်လင်းမှုတွေနဲ့ တကယ့် လက်တွေ့ကျတဲ့ အလုပ်တွေကို မြင်ချင်တယ်ပေါ့ဗျာ။ အခုဆိုရင် ကျနော်တို့ နိုင်ငံရေးပါတီတွေကို (ပါတီတခုက ၃ယောက်) နေပြည်တော်မှာ work shop တခုခေါ်ထားတယ်ပေါ့ဗျာ။ အဲဒီ  work shop တွေကလည်း ဘယ်လောက် လက်တွေ့ကျကျ အလုပ်လုပ်မလည်းဆိုတာ ဗမာပြည်ကတော့ အဲဒီလို တော့်တော့ကို ခတ်ရှုတ်ရှုတ်ပေါ့ဗျာ ဖြစ်နေတယ်။”

အဲဒီတော့ ကစားနေကြတာလား ဆိုတာလည်း ကျနော်တို့ တိုင်းရင်းသားအနေနဲ့ အင်မတန် အားနည်းတဲ့ နိုင်ငံရေး ပါတီ တခုအနေနဲ့ စဉ်းစားစရာပဲပေါ့ဗျာ။ အခု အာဆီယံရဲ့ ဥက္ကဋ္ဌကိစ္စနေရာတွေရော ပြည်တွင်းစစ်ကိစ္စတွေရော ဆင်းရဲမှု တိုက်ဖျက်ရေးတွေရော မနေ့တနေ့ကပြောခဲ့တဲ့ ဦးသိန်းစိန်မိန့်ခွန်းထဲမှာတော့ ကောင်းတာတွေလည်း ပါသလို စိတ်ညစ်စရာတွေလည်း တွေ့ရတယ်ပေါ့ဗျာ။ အဲဒီလို အင်မတန် စိတ်ပျက်စရာတွေလိုလို လင်းရောင်ခြည် သန်းလာ သလိုလို တော်တော် ရှုတ်ထွေး နေတယ်ဗျ။ ကျနော်တို့ကတော့ အရှိတရားကို ပွင့်ပွင့်လင်းလင်းပဲ ချပြပြီးတော့ လမ်းကြောင်းသစ်တွေကို ပြတ်ပြတ်သားသားလျှောက်ရအောင် ဆိုတာမျိုးပဲ ကြားချင်ပါတယ်”

အခုဟာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ တသက်လုံးပေါ့ဗျာ
ဟို အဆင်မပြေဖြစ်ခဲ့တဲ့ အစိုးရနဲ့ တစုံတရာ နားလည်မှုရပြီးတော့ အပြုသဘော အကောင်းသဘော တိုင်းပြည်
အတွက် လုပ်ကြမယ် ဆိုတော့ ကျနော်တို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ကြမလဲ။ အဲဒီတော့ တော်တော် ရှုတ်ထွေးတယ်ဗျ။ ကျနော်တို့က အရင်တုန်းကဆိုရင် ကျနော်တို့က အန်အယ်ဒီကတော့ မဝင်ဘူး။ တလျှောက်လုံး လူတွေကို တိုက်လာတယ်။ တိုက်လာတဲ့လူတွေက အခု အစိုးရနဲ့ ပူးပေါင်းလုပ်မယ်။ နောက်တခါ ပြည်တွင်းစစ်ကြီး ကလည်း မီးတောက်လာတယ်။ ဒီပြဿနာတွေ အကုန်လုံး ရှုတ်ရှုတ်ထွေးထွေးက ကျနော်တို့ကတော့ အပြုသဘော မြင်ပါတယ်။ အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ အဲဒါ ရှုတ်ထွေးတာတော့ တော်တော် ရှုတ်ထွေးနေတာ။ ပွင့်လင်းမှုတွေလည်း သိပ်မတွေ့ရဘူး”

Thursday, August 18, 2011

ငါ…သစ္စာဖေါက်


ငါ…သစ္စာဖေါက်

အမျိုးသားရေး မူဝါဒလမ်းစဉ်
ငါသိလို့၊
ညီညွတ်ရေး လုပ်ဖို့လမ်းhttp://www.gissapa.blogspot.com
ငါမြင်ရေပိုင်၊
တော်လှန်ရေး အောင်ပွဲဆင်ဖို့
ငါလုပ်တတ်ယင့်။

ငါနန့် သဘာဝက
ဇာခါ ငြိမ်းချမ်းရေး မရ၊
ဘုံပိုင်ဖြစ်လို့လတ်
တယောက်တည်းကို ဟန့်တားရေ
ဝါဒဆိုးတိစွာ လက်တွီနန့် ခြားနားရေ။

တော်လှန်ရေး ဆုံးတိုင်အောင်
မတည်တံ့နိုင်ရေ
ငါ့ခန္ဒာ ရုပ်နာမ်
ငါ့သွီးဆိုးက ပူဆာနိန်စွာပင်
သက်ရောက်မှုတိုင်း တန်ပြန်မှုရှိသည်ဖြစ်လို့
ငါ…သစ္စာဖေါက်…။

အောင်သန်း
NUPA – AA. August 19, 2011.

ဒေါ်စုနှင့်အစိုးရတွေ့ဆုံမှုမှ သုံးပွင့် ဆိုင် ဆွေးနွေးပွဲ ဖြစ်လာရန် မျှော် လင့်ချက်နည်း


သြဂုတ်လ ၁၆ရက်။ စောခါးစူး (ကေအိုင်စီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု သဘောထားထုတ်ပြန်ထားသော်လည်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရန် မျှော်လင့်ချက် နည်းသည်ဟု အတိုက်အခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။

အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်စုတို့ သြဂုတ်လ ၁၂ရက်နှင့် ဇူလိုင်လ ၂၅ ရက်၌ တွေ့ဆုံခဲ့ပြီးနောက် အစိုးရနှင့် NLD အကြားသာမက အစိုးရနှင့် ဒီမိုကရေစီလှုပ်ရှားမှုအကြားတွင်ပါ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသို့ ဦးတည်နေသည်ဟု NLD ၏ ပြောကြားချက်ကို အတိုက်အခံ လက်နက်ကိုင် အဖွဲ့များက တုံ့ပြန်လိုက်ခြင်း ဖြစ် သည်။

NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “သုံးပွင့်ဆိုင် ဆွေးနွေးပွဲကတော့ အချိန်ကြာစောင့်ရဦးမယ်။ ပထမနှစ်ဖွဲ့ (NLDနဲ့အစိုးရ) အဆင်ပြေသွားရင် ကျန်တာတွေ တဆင့်ပြီးတဆင့် ဖြစ်လာမှာပါ။”ဟု ကေအိုင်စီကို ပြောသည်။
လက်ရှိအခြေအနေအရ NLD သည် အစိုးရနှင့် ညှိနှိုင်းနေဆဲကာလဖြစ်ပြီး နှစ်ဘက်နားလည်မှု ရသွားပါက ကျန်သည့် တိုင်းရင်း သားအရေးကို ချန်ထားလိမ့်မည်မဟုတ်ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တွဲဖက်အတွင်းရေးမှူး() ဗိုလ်မှူးစောလှငွေက “အစိုးရနဲ့ NLD တို့ ပူးပေါင်း ဆောင်ရွက် သွားမှာဟာ KNU အနေနဲ့ အကောင်းမြင်ပေမဲ့ အများကြီးတော့ မမျှော်လင့်ထားဘူး။ ဘာဖြစ်လဲဆိုတော့ အချိန်အကြာကြီးမှ ဖြစ် လာမယ့်ကိစ္စကို ဟောကိန်းထုတ်လို့ မရဘူး။”ဟု ကေအိုင်စီကို ပြောသည်။ မြန်မာအစိုးရနှင့် NLD တို့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပြီး သုံးပွင့်ဆိုင်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးဆိုလျှင် အစိုးရအပေါ်သာ မူတည်နေသည်ဟု သူက ဖြည့်စွက်ပြောဆိုသည်။

မွန်ပြည်သစ်ပါတီ-NMSP ၏ အတွင်းရေးမှူးချုပ် နိုင်ဟံသာကလည်း “အစိုးရက NLDနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်လိုက် တာဟာ နိုင်ငံရေး လှည့်ကွက်တခုပဲလို့ မြင်တယ်။ သုံးပွင့်ဆိုင်ကတော့ ဖြစ်ဖို့မလွယ်ပါဘူး။”ဟု ပြောသည်။ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် NLD ပါတီသည် ၀ါရင့်သည့် နိုင်ငံရေးအဖွဲ့ဖြစ်သည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်း ရင်းသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးကို ဆက်လုပ်သွားမည်ဟု မျှော်လင့်သော်လည်း ၎င်းတို့နှစ်ဖွဲ့၏ ပူးပေါင်း ဆောင် ရွက်မှုသည် မည်သည့်ကာလအထိ အချိန်ကြာမြင့်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

ထို့အပြင် အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO ကလည်း မြန်မာအစိုးရနှင့် တတိယ အကြိမ် တွေ့ ဆုံခဲ့ပြီးနောက် ယခုဆိုလျှင် ဆွေးနွေးပွဲ ပျက်သွားသည့် အနေအထားသို့ ရောက်နေပြီဟု ပြောဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာအစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၀န်ကြီး ဦးအောင်ကြည်နှင့် ၂ကြိမ် ထပ်မံ တွေ့ဆုံခဲ့ပြီးနောက် တိုးတက်မှုများရှိသည်ဟု NLD က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ နိုဝင်ဘာလ မတိုင်မီ နေအိမ်အကျယ်ချုပ်ဖြင့် ရှိစဉ် ကာလအတွင်း ယခင် စစ်အစိုးရလက်ထက် အစိုးရ၀န်ကြီး ဦးအောင်ကြည်နှင့် ၉ကြိမ် တွေ့ဆုံခဲ့သော်လည်း သိသားထင်ရှားသည့် နိုင်ငံရေးရလဒ်ကောင်း မရခဲ့ပေ။

Wednesday, August 17, 2011

ဖက်ဒရယ်စနစ်

ဖက်ဒရယ်စနစ်http://www.gissapa.blogspot.com
ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၂ မိနစ်

federal
ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက် ရဲ့  ဦးနှောက် ရိုက်စားမှုကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုက လက်တွန့်ကုန်တယ်။

ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်းတယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။

ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည် မထူထောင်နိုင်။ တိကျခိုင်မာမျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှ မြန်မာပြည်တွင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံး မိမိတို့နယ်မြေ၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ပြတ်ပြတ်သားသား တိတိကျကျ သိရှိကြမှာပါ။

တိုင်းရင်းသားတွေအပေါ် တရားမျှတမှုရှိဖို့ အဖြေရှာတဲ့ နေရာမှာ ဖက်ဒရယ် စံနစ်ဟာ အဖြေတခု ဖြစ်နိုင်စရာ ရှိပါတယ်။ သို့သော် ဖက်ဒရယ်စနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သတိရှိရန်လည်း လိုပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ်စနစ်ကို နက်နက်ကြည့်ပြီး  ဖက်ဒရယ်စံနစ်မှာ ရင်ဆိုင်ရမယ့် စိမ်ခေါ်မှုများ (challenges)ကို တွေးတောနိုင်ကြဖို့ ဖြစ်ပါတယ်။

အချက်ကျကျ ဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားသင့်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဖြစ်တဲ့အတွက် (ဥပဒေ) ရေးရာတွေ ပါဝင်လာသလို၊ နိုင်ငံရေးမူ (principles)နဲ့ အတွေး အခေါ်တွေ ပါဝင်လာတာမို့ အချိန်ယူ လေ့လာသင့် တယ်လို့ ယူဆမိလို့ပါ။

အမေရိကန်ဥပမာ

စာရေးသူ၏ အမြင်ကိုပြောရလျှင် နိုင်ငံအများမှာ မျှတခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲခဲ့သူများသည်၎င်း၊ ခိုင်မာသည်ထက် ခိုင်မာအောင် ပြင်ဆင်နိုင်ခဲ့သူများမှာ၊ တိုင်းပြည်ကို ကိုယ်စား ပြုနိုင်တဲ့ လူတော် နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားစစ်လျှင် တိုင်းပြည် ကောင်းကျိုးကို ရှေ့ရှုနိုင်မှုကြောင့်လို့ ခံယူမိပါတယ်။

ဥပမာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဟုဆိုလိုက်လျှင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် (စံ)အဖြစ် အများက သတ်မှတ်ကြရပါတယ်။ အမေရိကန် နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်မြောက်ရေးတွင် အဓိက ပါဝင်ဦးဆောင် သွားသူတဦးမှာ အမေရိကန် လွပ်လပ်ရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ဂျော့ ဝါရှင်တန်၏ စစ်ဘက် လက်ထောက် ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အက်လက်ဆန်ဒါးဟယ်မတင် Alexander Hamilton ဆိုသူဖြစ်သည်။

အမေရိကန် နိုင်ငံရေးသမားများကို ဖက်ဒရယ်စံနစ် ဘာကြောင့်လိုကြောင်း သဘောပေါက် လက်ခံလာရန် ဖက်ဒရယ်လစ် စာတမ်း (၈၅) စောင်ကို ဂျိန်းမဒ္ဒာဆင် (James Madison ) နှင့် ဂျွန်ဂျေး (John Jay) တို့နှင့်အတူ ရေးပြပြီး ပြည်နယ်တွေ လက်ခံလာအောင် တိုက်တွန်း နိုင်ခဲ့လို့  အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အတည်ပြု နိုင်ခဲ့ကြတာဖြစ်သည်။

စာတမ်း (၈၅) စောင်တွင် အများစုကို ရေးသွား သူမှာ အက်လက်ဆန်ဒါး ဟယ်မတင် ဖြစ်ပါတယ်။ နိုင်ငံခြားရေးနဲ့ ပတ်သက်လာလျှင် ဂျွန်ဂျေးရဲ့ စာတမ်း နံပတ် () ကို ခုထိ မှီငြမ်း ကြရသလို၊ ဒီမိုကရေစီနှင့် ပတ်သက်လာလျှင် ဂျိန်းမဒ္ဒာဆင်၏ စာတမ်း နံပတ် (၅၁) သည် အလွန် တန်ဖိုးရှိပါတယ်။ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ ဗဟို
အစိုးရ (ဝါ) ဖက်ဒရယ် အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြင်ဆင် သတ်မှတ် ထားတဲ့ ပထမပြင်ဆင်ချက် ဆယ်ခု စုပေါင်း ပြီး Bills of Rights လို့ခေါ်ကြပါတယ်။

ဒီပြင်ဆင်ချက်တွေကို ပထမ ကွန်ကရက်သို့ ရေးဆွဲတင်သွင်း သူမှာ ဂျိန်းမဒ္ဒာဆင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို တချို့က အမေရိကန်ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ၏ ဖခင်ဟု သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဂျိန်းမဒ္ဒာဆင်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်လာပါတယ်။

ဂျွန်ဂျေးဟာ အမေရိကန်လွပ်လပ်ရေးဖခင် တော်လှန်ရေးသမား တဦးအပြင် အမေရိကန် ပြည်ထောင်စုရဲ့ ပထမ ဦးဆုံးသော တရားသူကြီးချုပ် ဖြစ်လာပါတယ်။ အက်လက်ဆန်ဒါး ဟယ်မတင်ဟာ အမေရိကားမှာ မွေးဖွားသူ မဟုတ်တဲ့ အတွက် သမ္မတ ဖြစ်ခွင့် မရှိပါ။

သို့သော် သူသည် ပထမဦးဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်ရုံမက နိုင်ငံတော်ဘဏ်ကို စတင် တည်ထောင်ခဲ့သူလည်း
 ဖြစ်ပါတယ်။ သမ္မတ ဂျော့ဝါရှင်တန်၏ အစိုးရအဖွဲ့မှာ အာဏာအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ခေတ်က အာဏာအကြီးဆုံးပါတီ ဖက်ဒရယ်လစ် ပါတီ (Federalist Party) ရဲ့ ခေါင်းဆောင်လည်း
ဖြစ်ပါတယ်။ ထိုစဉ်အခါက ဒီပါတီရဲ့အဓိက ပြိုင်ဖက် ပါတီမှာ ဒီမိုကရက်တစ်-ရီပတ်ဖလင်ကင်ပါတီဖြစ်ပြီး ဂျိန်း မဒ္ဒာဆင်နဲ့ သောမတ်ဂျက်ဖါဆင် တို့က ဦးဆောင်ကြပါတယ်။

သောမတ်ဂျက်ဖါဆင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြု အစည်းအဝေးပြုလုပ်စဉ်က ပြင်သစ်တွင် သံအမတ်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပေမယ့် သူ့မိတ်ဆွေ ဂျိန်းမဒ္ဒာဆင်က ဖြစ်စဉ် အလုံးစုံကို စာရေး အကြောင်းကြားလျက် ရှိပါတယ်။

ယနေ့ခေတ်မှာ အလွန်အရေးပါတဲ့ အုပ်ချုပ်ရေးနဲ့ ဘာသာရေးခွဲခြားရမည် (Separation of Church and State) ဟူသော (အသိ) (အဆို) ဟာ ပင်မဥပဒေမှာ မပါ ၊ သောမတ်ဂျက်ဖါဆင်၏ ဆွေးနွေးချက် များကို ကိုးကားကာ (စံ) အဖြစ် မှတ်ယူထားကြခြင်းပါတယ်။ ယနေ့ ခေတ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကြတိုင်း ဖက်ဒရယ်လစ် စာတမ်း (၈၅) ခု ကို ရည်ညွန်း ကြရပါတယ်။

ဥပမာ သမ္မတဘုရ် ၏ အီရတ်စစ်ပွဲ ကြီးကြပ်မှုအပေါ် အငြင်းအခုန်ဖြစ်ကြစဉ်က သမ္မတရာထူးနဲ့ အတူ တွဲဖက်ပါဝင်လာတဲ့ အာဏာ (Embedded Power of the Presidency) ဆိုတာကိုကိုင်ဆွဲပြီး ငြင်းဆိုခုခံခဲ့ကြပါတယ်။ ဖက်ဒရယ်လစ် စာတမ်းကို တိုင်တွယ်ပြီး ငြင်းဆို ကြပါတယ်။ ဒါ့ကြောင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်လာရင် ဖက်ဒရယ်လစ် စာတမ်းဟာ တိုင်တည်ကိုးကားစရာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဖက်ဒရယ်လစ် လူ့ဘောင်အဖွဲ့အစည်း (Federalist Society for Law and Public Policy Studies) ဟာ ၁၉၈၂ ခုနှစ်က ရေးလ် ၊ဟားဗတ် နှင့် ရှီကာကို တက္ကသိုလ်တွေက ဥပဒေ ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ကြရာက ယနေ့ဆိုလျှင် တရားသူကြီးချုပ် အဖွဲ့အဝင်တွေအပြင် နာမည်ကျော် တရားသူကြီးများနဲ့ ဥပဒေပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းကြီးဖြစ်နေပါပြီ။

လွပ်လပ်ရေး ခေါင်းဆောင်တွေရဲ့အတွေး၊ မူ (Principles) (အနှစ်)(Essence) တို့မှာအနှစ် ၂ဝဝ ကျော် သည့်တိုင် တန်ဖိုးရှိနေသေးကြောင်း သာဓကပင်ဖြစ်ပါတယ်။ အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကို ဦးဆောင် ရေးဆွဲသွား သူများမှာ လွပ်လပ်ရေးဖခင် နိုင်ငံရေးသမားများသာမက ဥပဒေပညာရှင်များ လည်းဖြစ်ကြပါတယ်။

စာဖတ်သူလူငယ်များကို သတိပြု စေလိုသည်မှာ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ပုံသဏ္ဍန် (Form & Format) ဆိုတာနှင့် အနှစ်သာရ (Essence) တို့ကို ခွဲမြင်စေချင်ပါတယ်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် အာဏာကို တနေရာတည်းမှာ စုပုံမထားဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ တရားရေးဟူ၍ (ခွဲခြား) ထားပြီး တဘက်နှင့် တဘက် ထိန်းထားခြင်းကို အာဏာခွဲဝေမှု (Separation of Power) ဟု အမည်တပ်ကြပါတယ်။

နံမည်ကြီးသလောက် တန်ဖိုးရှိသော တခြား (မူ) တခုမှာ (လွပ်လပ်စွာ ပြောဆိုခွင့်) Freedom of Speech ဖြစ်ပါတယ်။ ဒီ(မူ) (Principles) ဆိုတာတွေဟာလည်း အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေရဲ့ (အနှစ်သာရများ) ဖြစ်၍ တန်ဖိုးအရှိဆုံး ဖြစ်ခြင်းကြောင့် အလေးပေး သတိပြု လေ့လာစေချင်ပါတယ်။

အမေရိကန်တို့ဆီမှ (မူ)  နဲ့ (အနှစ်)  တို့ကို ရယူနိုင်အောင် ကြိုးစားစေချင်တယ်။ ဖြစ်နိုင်လျှင် ဖက်ဒရယ်လစ် စာတန်းကို ဖတ်စေချင်ပါတယ်။ အင်တာနက်ပေါ်မှာ (အွန်လိုင်း) ဖတ်နိုင်ပါတယ်။

တရုတ်ဥပမာ

တရုတ်နိုင်ငံဟာ ကွန်မြူနစ်အမည်ခံ တပါတီ အာဏာရှင်စံနစ် ဖြစ်တဲ့အတွက် ဘာဥပမာ ယူစရာ ရှိသလဲလို့ အပေါ်ယံကြော မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ သို့သော် အတွင်းကျကျ လေ့လာလျှင် တိန်ရှောက်ဖိန် ပြင်ဆင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ပါတီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတုယူစရာတွေ နေရှိပါတယ်။ တရုတ်ပြည် နိုင်ငံရေးမှာ ပါတီသည်သာ ပဓာဏ မဟုတ်ပေဘူးလား။

စာရေးသူရဲ့အမြင်ကို ပြောရပါလျှင် တိန်ရှောက်ဖိန်နဲ့ ချောင်အင်လိုင်းတို့ဟာ (၂ဝ) ရာစုနှစ်အတွင်း ထွန်းပေါက်လာတဲ့ အတော်ဆုံး ဉာဏ်အထက်မြက်ဆုံး နိုင်ငံရေးသမားများလို့ သတ်မှတ်နိုင်ပါတယ်။

တိန်ရှောက်ဖိန်ကို တရုတ်ပြည်ကြီးရဲ့ စီးပွားရေး တိုးတက်အောင် ပြောင်းလဲပေးခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်အဖြစ်သာ ထင်လွယ်မြင်လွယ် မြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်ဘဲ ဘယ်နိုင်ငံမှ စီးပွားရေး ရေရှည် တိုးတက် ကြီးပွားအောင် မကြံဆောင်နိုင်ပါဘူး။

ဒါ့ကြောင့် နိုင်ငံရေး တည်ငြိမ်အောင် ဖေါ်ဆောင်ပေးသွားတဲ့ တိန်ရှောက်ဖိန်ရဲ့ ဦးဆောင်မှုဟာ စီးပွားရေးနည်းတူ တရုတ်တွေအတွက် လွန်စွာတန်ဖိုးကြီးပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်စနစ်ကိုလည်း လေ့လာရုံမက အတုယူစရာ
တွေကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစားသင့်ပါတယ်။

မော်စီတုံးက အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့ အာဏာရှင်စစ်စစ် ဖြစ်ပါတယ်။ အာဏာရှင်တိုင်း
ဖြတ်သန်းရတဲ့ အဆင့်() ဆင့်ရှိပါတယ်။ အာဏာတည်ဆောက်ခြင်းနဲ့ အာဏာ ထိန်းသိမ်းခြင်း တို့ဖြစ်ကြပါတယ်။ အာဏာတည်ဆောက်တဲ့ ကာလမှာ၊  အတွင်းအပြင် ရန်သူနဲ့ ရန်သူလို့ ထင်ရသူတွေကို ဖယ်ရှား သုတ်သင်ရတဲ့ အတွက် တိုင်းပြည်တည်ဆောက်ရေးကို အများအားဖြင့် ဂရုမပြုနိုင်ကြပါဘူး။

အာဏာ တည်ဆောက်ပြီးသကာလ အာဏာ ထိန်းသိမ်းရေးကို ဦးစားပေးရပြန်ပါတယ်။ ဒါ့ကြောင့် အာဏာတည် မြဲသော အာဏာရှင်များသည် တိုင်းပြည် အုပ်ချုပ်ရေးထက် မိမိအာဏာ ထိန်းသိမ်းရေးကို အရေးပေးကြရပါတယ်။
မော် ကိုကြည့်လျှင် မော်သည် ဥက္ကဋ္ဌ ရာထူးကိုသာ ကိုင်ထားပါတယ်။ အုပ်ချုပ်ရေး (အစိုးရ)ကို ချောင်အင်လိုင်းနှင့်
သာ လွှဲထားပါတယ်။

ဒါပေမယ့် ပေါ်လစ်ဗြူရိုကအစ ဘယ်သူ ဘယ်နေရာခန့်ဆိုတဲ့ အာဏာကို မော်ကကိုင်ထားပြီး ထိပ်က ဘယ်သူ ဘာလုပ်နေတယ် ဆိုတာကို အချိန်ပြည့် ထိုင်ကြည့်နေရပါတယ်။

ဒီလောက် သတိရှိတာတောင် ခုန်ပြန် ကျော်လွှား အစီအစဉ် ခွက်ခွက်လန်အောင် ကျဆုံးပြီးနောက် မော် အပြစ်တင်
ခံရပါတယ်။ ပါတီနဲ့တိုင်းပြည်ကို လူရှောက်ချီနှင့် တိန်ရှောက်ဖိန်တို့က ပြန်လည် ကယ်တင်ခဲ့ကြရပါတယ်။

နှစ်ဦးစလုံးမှာ လူတော်များဖြစ်ပါတယ်။ လူရှောက်ချီက အုပ်ချုပ်ရေးမှာသာ တော်သည်မဟုတ် သဘောတရားရေးရာ တွင်လည်း အလွန်တော်ပါတယ်။ သမ္မတဖြစ်လာ ပြီးနောက် မော်ရဲ့ အရိုက်အရာကို ခံမည့်သူအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။

သို့သော် လူ နှင့်တိန်တို့ () ဦးသည် အာဏာရှင်အောက်တွင် ရှင်သန်နိုင်ရန် အရေးအကြီးဆုံးသော (လိုက်နာမှု) (Cardinal Rule) ကို သတိလက်လွတ်ခဲ့ကြတယ်။ အဲဒါကတော့ ဘယ်သောအခါမှ အာဏာရှင်ကို မကျော်ရ။ လူ
နှင့် တိန်တို့က မော်ကို အသိမပေးဘဲ အမိန့်တွေ ထုတ်လာကြပါတယ်။

မော် က ငါသေသွားသည့် အလား  ဒီ() ယောက် လုပ်နေကြတယ်လို့ သတိပေးသည့်တိုင် သတိ မရှိခဲ့ကြပါဘူး။ ပါတီဗြူရိုကရက်များမှာ လူ နှင့် တိန် တို့ရဲ့ လူတွေ။ နောက်ဆုံး မော် က အတွေ့အကြုံနုနယ်တဲ့ လူငယ် ကျောင်းသား များကို အားယူပြီး ယဉ်ကျေးမှုတော်လှန်ရေးလို့ အမည်တပ်ကာ အာဏာပြန်သိမ်းခဲ့ရပါတယ်။ အမှန်က ကိုယ့်တပ်ကို ကိုယ်ပြန်နင်းခိုင်းခြင်းပင် ဖြစ်တယ်။ အန္တရယ် အလွန်ကြီးပါတယ်။ တိုင်းပြည် အလွန်နစ်နာခဲ့ပါတယ်။ လူသန်းနှင့် ချီ၍ သေကြေ ကြရတယ်။

သို့သော်  မော်စီတုံးသည် ပြိုင်ဘက် လူရှောက်ချီကိုသာ အသေနှိပ်ကွပ်ခဲ့သည်၊ တိန်ကို အသေမသတ်။ အစိုးရကို ဦးစီးရန် တိန်ကို အသာလေးချောင်ထိုးထား ၊ (ချန်)  ထားခဲ့ပါတယ်။ ချောင်အင်လိုင်းရဲ့ ထောက်ခံ အားပေးမှုနဲ့ ပြန်ခေါင်းထောင် လာသော တိန်ရှောက်ပိန်ဟာ မော်သေသွားပြီး စစ်တပ်ရဲ့ ထောက်ခံ အားပေးမှုနဲ့ အာဏာပြန်ရ လာပါတယ်။

ဒီအခါမှာ အာဏာရှင် တဦးတည်းကို အာဏာ ပုံအပ်ထားတဲ့ အန္တရယ်ကို လက်တွေ့ ခံစားခဲ့ရတဲ့ အတွက် အာဏာကို တဦးတယောက် လက်ထဲ ထားမည့်အစား (စုပေါင်း ခေါင်းဆောင်မှု) ပုံသဏ္ဍန်ကို ပုံသွင်းခဲ့ပါတယ်။

ဒါ့အပြင် အရေးအကြီးဆုံးအချက်က တအုပ်စုမှ တအုပ်စုသို့ အာဏာလွှဲ ပြောင်းခြင်းကို ပါတီ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်ပြီး (စံနစ်) အဖြစ် ပုံလောင်းခဲ့ခြင်းပါ။ ဒါကို အင်္ဂလိပ် လို  Institutionalized လုပ်တယ်လို့ ခေါ်ကြပါတယ်။

ဒါ့ကြောင့် သုံးဆက်မြောက် (3rd generation)၊ လေးဆက်မြောက် (4th generation) ခေါင်းဆောင်များ ဆိုပြီး ပေါ်ထွက် ခဲ့ပါတယ်။ လာမယ့်နှစ် ၊ ၂ဝ၁၂ တွင် ငါးဆက်မြောက် (5th generation) ခေါင်းဆောင်များ နေရာယူ ကြတော့မယ်။

စံနစ်မှာ ထိပ်ဆုံးပုဂ္ဂိုလ်က သမ္မတ၊ ပါတီဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး သုံးခု စလုံးကို ရယူပြီး ဝန်ကြီးချုပ်နှင့် တွဲကာ တာဝန်ယူရပါတယ်။ အာဏာလွှဲပြောင်း ပေးတဲ့အခါလည်း ထိပ်ဆုံး ()ဦးသာ မဟုတ် ထိပ်ပိုင်း ခေါင်းဆောင်
နေရာ ယူထားသူများ အုပ်စုလိုက် နေရာဖယ် ပေးကြရပါတယ်။

ဤသို့ စံနစ်တကျ စုပေါင်းခေါင်းဆောင်မှု နေရာဖယ်ပေးခြင်းရဲ့ အဓိက အကျိုးမှာ စီးပွာရေးနဲ့ ပါတီရဲ့ အောင်မြင်မှုများကို အနှောက်အယှက် မရှိဘဲ (ဆက်လက်) ဆောင်ရွက်နိုင်ခြင်း (continuity) ပင်ဖြစ် ပါတယ်။ တဦးတည်း အာဏာရှင်ဖြစ်ရန် အာဏာတိုက်ပွဲများမလို၊ အာဏာတည်ဆောက်မှုအတွက် အချိန်ဖြုန်းစရာမလို၊ အများ သဘောတူထားသော ပေါ်လစီ များလည်း ဦးဆောင်သူအပေါ်မူတည်ပြီး မှောက်ချီလှန်ချီ ပြောင်းစရာမလို တပြေးညီ တိုးတက်ခွင့် ရရှိ နိုင်ပါတယ်။

တိန်ရှောက်ဖိန်၏ သစ္စာရှိမှုဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေအပေါ် ဖြစ်ပါတယ်။  မာက်စ်ဝါဒ အပေါ် မဟုတ်။ ဒါ့ကြောင့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို စွန့်လွှတ်တာ မကောင်းလှသော်လည်း လက်တွေ့ကျတဲ့ အရင်းရှင် ဈေးကွက် စီးပွာရေးစနစ်ကို ကူးပြောင်းကာ တရုတ်ပြည်သူ
သန်း ၃ဝဝ ကျော်ကျော်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ပါတယ်။

ပြည်သူ အားလုံး မဟုတ်သည့်တိုင်အောင် အများက ကွန်မြူနစ်အောက်မှာလို ဆင်းဆင်းရဲရဲ မနေရလျှင် ပြည်သူတွေ လည်း မဆူပူတော့။ တိန်တို့ တည်ထောင်ခဲ့သော ကွန်မြူနစ် ပါတီလည်း တည်မြဲ နေပေမည်။ ထို့အပြင် လာမည့် ၁၅ နှစ်၊ အနှစ် ၂ဝ ကာလတွင် တရုတ်ပြည်ကြီးသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာလျှင် တရုတ်တွေ ဂုဏ်ယူကာ ပိုတိုးတက် ညီညွတ် လာစရာရှိပါတယ်။

တိန်ရှောက်ဖိန် ထားခဲ့တဲ့ စံနစ်မှာ အပြင်လူတွေ အသိနည်းတဲ့ စနစ်တခုက သက်တန်း() ကြိမ်ပြီး၍ ရာထူး ဖယ်ပေး ရသော လူကြီးများဟာ အနားယူစရာမလိုပါ။ ပါတီ၏ထိပ် ဆုံးမှာ (ပါတီ)ကို စောင့်ရှောက်နေသော ပဲ့ကိုင် ဗြဟ္မာကြီး
များ (Elders)အဖြစ် ဆက်လက် ရပ်တည်နေပါသေးတယ်။

ဥပမာ တိန်ရှောက်ဖိန်လက်ထက်က ချောင်အင်လိုင်းရဲ့ မိန်းမ အပါအဝင်၊ သမ္မတဟောင်း လီ့ရှင်နင်း (Li Xiannian) တို့ပါဝင်သော (လူကြီး) () ယောက် က ပါတီကို ပဲ့ကိုင် ပေးးသွားကြပါတယ်။ ရန်စီမင်းကို တိန်ရှောက်ဖိန်က အဆိုပြုတဲ့အခါ ဤလူကြီး () ယောက်ကပဲ သဘောတူ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တဖန် တိန်ရှောက်ဖိန်ဆီမှ ကျန်ဇီမင်းကို တင်ခဲ့သူမှာ လီ့ရှင်နင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပါတီ အစည်းဝေးပွဲမှာ ()ဆက်မြောက်  ခေါင်းဆောင်တွေကို အပြီးသတ် ရွေးချယ်ရာ လက်ရှိခေါင်းဆောင် ဟူကျင်တောင်ရဲ့လူ အရွေးချယ်မခံရ။ ဟူကျင်တောင်ရဲ့ (အား) ဖြစ်တဲ့ ကွန်မြူနစ် လူငယ်အုပ်စုနဲ့ အပြိုင်ဖြစ်တဲ့ Princelings  ဟုခေါ်သော (လူကြီးများ၏ သား သမီး)များ အုပ်စုက စီကျင်းပင် Xi Jinping အရွေးခံရပါတယ်။

စီကျင်းပင်၏ဖခင်မှာ မော်တို့ခေတ် တော်လှန်ရေးသမားကြီး ဖြစ်ပြီး ဒုဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူပါ။ ဒီလို ဟူကျင်တောင်ရဲ့ လူ အရွေးမခံရခြင်းမှာ ဟူ နဲ့ မတည့်တဲ့ ကျန်ဇီမင်း၊ (လူကြီး) အဖွဲ့တွင်ရှိနေလို့ဟု အကဲခတ်သူများ
က ယူဆကြပါတယ်။ ကျန်ဇီမင်း တယောက်တည်း မဟုတ် သူနဲ့ ခေတ်ပြိုင် အုပ်ချုပ်သူများလည်း လူကြီး အဖွဲ့တွင် ရှိနေရာ သူတို့မှာ ငြင်းပိုင်ခွင့် ရှိပါတယ်။

နောက် (၁ဝ) နှစ် တွင် () ဆက်မြောက် ပါတီ ခေါင်းဆောင်ကို ရွေးချိန်ရောက်လျှင် ကျန်ဇီမင်းတို့လူစု ရှိကြတော့
မည် မဟုတ်။ ဟူ တို့အုပ်စုက ရွေးခွင့်ရကြမည်။ ဒါ့ကြောင့် လက်ရှိပါတီ ခေါင်းဆောင်က မျိုးဆက် တဆင့်ကျော်ကို
ရွေးခွင့်ရကြမည့် စံနစ်ဖြစ်ပေါ်လာရပါတယ်။ (မှတ်ချက်။ ကျန်ဇီမင်း သာမက ဟူဂျင်တောင်ကိုလည်း တိန်ရှောက်ဖိန် ကပင် ရွေးခဲ့ခြင်း ဖြစ်သည်။)

ဒီနေရာမှာ မီးမောင်းထိုးပြချင်တာ တခုရှိပါတယ်။ အာဏာရှင်များ သာမက ခေါင်းဆောင်တိုင်းဟာ မိမိအုပ်ချုပ်မှု
ကာလ ပြီးဆုံးသွားတဲ့အခါ ကျန်ခဲ့မည့် (သမိုင်းနှင့် အမွေ) (Legacy) အတွက် စိတ်ပူကြရသည်။ တိန်ရှောက်ဖိန် တည်ထွင်ခဲ့တဲ့ စနစ် မှာ (လူတဦး) ရဲ့ အမွေထက် (ပါတီ) ရဲ့ အမွေ ကို (ရောင်ပြန်ဟပ်) စေခြင်း ဖြစ်တယ်။ (တိန်) ချခဲ့သော (ပေါ်လစီ)များ ဆက်လက် ရှင်သန်စေဖို့ အစီအမံများဖြစ်ပါတယ်။ ဒါ့ကြောင့် ကြည့်တတ်၊ မြင်တတ် သူများအဖို့ တိန်ရှောက်ဖိန်သည် လွန်စွာ ဉဏ်ပညာကြီးမား အလွန်အမြှော်အမြင်ကြီးသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးဘက်မှာ ပြောင်မြောက်ရုံမက စီးပွားရေးဘက်တွင်လည်း ကိုင်တွယ်သွား ပုံများမှာ လွန်စွာ ပညာပါ လှသည်။ ဒါ့ကြောင့် ကွန်မြူနစ်စံနစ်ကို ခါးခါးသီးသီး ဆန့်ကျင်သော စာရေးသူက တရုတ်ပြည်အကြောင်း လေ့လာရင်း တိန်ရှောက်ဖိန်ရဲ့ နိုင်ငံရေး အသိစွမ်းအား မြင့်မားပုံများကို သိမြင်လာတဲ့အခါ တိန်ရှောက်ဖိန်လို လူမျိုးကို မလေးစားဘဲ မနေနိုင်ပါ။

တရုတ်နိုင်ငံဟာ တပါတီအာဏာရှင် စံနစ်ဖြစ်တာကြောင့် အဓိက အာဏာ မဏ္ဍိုင်တွေထဲမှာ ပါတီ၊ အစိုးရ၊ စစ်တပ် ဆိုပြီး ခွဲခြားထားပေမယ့် ပါတီဟာ အဓိကပဲ။ ဒါ ကြောင့် ပါတီရဲ့ ရပ်တည်မှု ပုံသဏ္ဍာန် ဟာ အရေးကြီးလှပါတယ်။ ဖွဲ့သည်းအုပ်ချုပ်ပုံ ဥပဒေ ဆိုတာကလည်း အာဏာမဏ္ဍိုင်တွေကို ဖေါ် ဆောင်တာဟာ အခရာ ပဲ မဟုတ်လား။

တရုတ်ပြည်မှာ ဥပဒေပြု ကွန်ကရက် ဆိုတာရှိပေမယ့် ပါတီကချပေးတဲ့ ဥပဒေတွေကို အတည်ပြု ဖေါ်ထုတ်ပေးရတဲ့ ယန္တရား သက်သက်ပါပဲ။ တရုတ်ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ အစိုးရ အောက်မှာမရှိဘူး။ တော်လှန်ရေး ကာလ ကတည်းက စစ်တပ်ကို ပါတီက စစ်ကော်မရှင်က တဆင့်ထိန်းချုပ်ထားတယ်။

လူသိနည်းတဲ့ မော် ရဲ့  မိန့်ဆိုချက် တခုရှိသေးတယ်။ အဲဒါက ၁၉၂၉ ခုနှစ်မှာ မော် ရွတ်ဆိုခဲ့တဲ့ (ပါတီက သေနတ်
ကို ဦးစီးအုပ်ချုပ်ရမယ်တဲ့)။ ဒါကြောင့် စစ်တပ်ကို စစ်ကော်မရှင်က အုပ်ချုပ်ပြီး ၊ ပါတီက တခါ အပေါ်က တက်ထိုင် ထားတာပဲ။ တကယ်တော့ တရုတ် အုပ်ချုပ်ရေး စံနစ်မှာ အားလုံးကို ပါတီက ခွစီးထားတာပါပဲ။

နောက် အရေးကြီးတဲ့ အချက်က တရုတ်စနစ်မှာ ဒီမိုကရေစီ ဆိုတာက ပြည်သူအတွက် မဟုတ်။ ခေါင်းဆောင်တွေကို ပြည်သူက ရွေးခွင့်ရှိသည် မဟုတ် ၊ ပါတီကေဒါတွေကပဲ ရွေးခွင့် ရှိတာပါ။ အစိုးရ၊ ပြည်နယ်အစိုးရ၊ စစ်တပ်။ အားလုံးဟာ ပါတီ ကလူတွေ။ ပါတီအောက်မှာပဲ။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ စစ်သား စစ်ဗိုလ် တွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်သလို တရုတ်ပြည်မှာလည်း ပါတီကေဒါတွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်တာပဲ။

တရုတ်ပြည်ရဲ့  ထူးခြားတဲ့အချက်က တိန်တို့လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး တိုက်ပွဲမှာ အနိုင်ရလာတဲ့ အတွက် ပါတီခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် ရေရှည်ကို ကြည့်တတ်ပြီး အာဏာရဲ့ ဖျက်စီးမှုကြားက တိုင်းပြည်ချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် ဆိုတာကို အတိုင်းအတာ တခုအထိ ထိန်းသိမ်းထားနိုင်တယ်။

ဒီမိုကရေစီ ကျင့်သုံးတဲ့ အမေရိကန် ပုံစံနဲ့ ဒီမိုကရေစီ မကျင့်သုံးတဲ့ တရုတ် ပုံစံယှဉ်ရင် ဒီမိုကရေစီကပဲ (မျှတ) မှုကို ပေးနိုင်တယ် ဆိုတာ ရှင်းပါတယ်။ ဒီ့ပြင် အမေရိကန်စံနစ်က အာဏာတဘက်စွန်း မရောက်အောင် ထိန်းထားတဲ့ (အနှစ်) တွေဟာ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် အနှစ် (၂ဝဝ) ကျော်လာသည့်တိုင် တန်ဖိုးမပြယ်နိုင်ပါ။

တရုတ်ပြည်ကြီးမှာတောင် ဗဟိုက ပေါ်လစီကို ချုပ်ကိုင်ထားပေမယ့် အကောင်အထည်ဖေါ်တော့ ပြည်နယ်တွေကို လွတ်လပ်ခွင့် (Autonomy) ပေးးထားတာပဲ။ ဥပမာ မြန်မာနိုင်ငံအရေးဆိုရင် ယူနန် ပြည်နယ် အစိုးရက အဓိက တာဝန်ယူ ဖေါ်ဆောင်ရတာပါ။

လက်ရှိ တရုတ်ပါတီတွင်းမှာတောင် တပါတီစံနစ်ဟာ ပြည်သူကို ကိုယ်စားပြုရဲ့လား ဆိုပြီးမေးလာ ကြပြီ။ လက်ရှိစံနစ်နဲ့ လာဘ်စားမှုကို တိုက်ဖျက်နိုင်ပါ့မလားဆိုပြီး သံသယရှိလာကြပြီ။ ၂ဝ၁ဝ နှစ် သြဂုတ်လ ၅ရက် မှာ သမ္မတဟောင်း လီ့ရှင်နင်းရဲ့ သားမက် ၊ တရုတ်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး လူရာဇောင် (Liu Yazhou) က ရေရှည် (၁ဝနှစ်အတွင်း) မှာ တရုတ် ကွန်မြူနစ်ပါတီဟာ လက်ရှိ အာဏာရှင်စံနစ်မှ ပို၍ ဒီမိုကရက်တစ်ကျသော စံနစ်သို့ ကူးပြောင်း ကြရမည်၊ တခြားထွက်ပေါက် မရှိဟု တရုတ် သတင်းသမားတွေကို ပြောကြားခဲ့ပါတယ်။

နှစ်ရက်အကြာမှာ ပါမောက္ခ ဟူစင်ထောင် (Hu Xingdou) က တရုတ်ပြည်မှာ လူမူရေး တရားမျှတမှု ပျောက်ဆုံး
နေမှုဟာ တရုတ်ပြည်ကြီးကို အန္တရယ်လမ်းပေါ်သို့ တွန်းပို့နေသည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများပြု၍ တရုတ်ပြည်သူ တွေရဲ့ လွပ်လပ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပြည်သူများကို ပြန်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကပင် တရားမျှတတဲ့ လူမှုရေးကို အခြေခံသော အုပ်ချုပ်ရေးစံနစ် Constitutional Socialism ကိုထူထောင်ရမည်ဟု ဝေါဟာရ အသစ်ကို ဖေါ်ဆောင်လာပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ ဤမျှရှည်ကြာစွာ အောင်မြင်ခြင်းက တရားဥကဒေစိုးမိုးရေး Rule of Law ကြောင့် ဖြစ်ပါတယ်။ ငွေကြောင့်မဟုတ်။ တရုတ်တွေ ငွေကိုကိုးကွယ်နေခြင်းမှာ မှားသည်။ တရုတ် ကွန်မြူနစ်ပါတီလည်း ပြုပြင်ပြောင်းလဲ ရမယ်။ လက်ရှိအနေအထားအတိုင်း မသွားနိုင်ဟု ဆိုလာပြန်တယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ အုပ်ချုပ်သူ လူတန်းစားလာဖြစ်တော့ အာဏာရဲ့ ဖျက်စီးမှုကို မခံနိုင်ဘဲ တိုင်းပြည် ချစ်တဲ့စိတ်၊ အမျိုးချစ်စိတ် ဆိုတာတွေဟာ ပျောက်ဆုံး ကုန်တယ်။ လတ်တလော အကျိုးအမြတ်တွေကို ဦးစားပေးကာ ရေရှည် တိုင်းပြည်အကျိုးကို မျက်ခြေပြတ်ခဲ့ကြတယ်။

အနှစ်ပါတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့တာ ၁၉၆၂ ခုနှစ် ကတည်းကပါ။ တရုတ်တွေတောင် တိုင်းပြည် တိုးတက်ခေတ်မှီလာတော့ ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရေရှည်အတွက် တရားဥပဒေ စိုးမိုးရေးကို စဉ်းစားလာတတ်ပြီ။

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အနှစ်ပါတဲ့အပြင် တိုင်းရင်းသား တွေအပေါ် တရားမျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ မြန်မာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြန်ပြင်ရေးရင် ထည့်သွင်း စဉ်းစား နိုင်အောင်ပါ။

ဖက်ဒရယ် လို့ကြားလိုက်တာနဲ့ တိုင်းပြည်ဖျက်ပြီလို့ ကြောက်စရာ မလိုပါ။ ဖက်ဒရယ် စံနစ်မှာ ကောင်းတာတွေ ရှိသလို ဖက်ဒရယ် ဆိုလိုက်တာနဲ့ အဖြေရပြီလို့ အားကိုးလွန်ဖို့ မသင့်ပါ။ ဖက်ဒရယ်စံနစ်မှာ သတိရှိစရာ အချက်တွေ အများကြီး ရှိပါတယ်။ စံနစ်ဆိုတာ (သိ) မှ (ကိုင်တွယ်) တတ်မှ အကျိုးဖြစ်ထွန်းနိုင်တာပါ။

(ကိုးကား ။ General and scholar test reform waters By Wu Zhong, China Editor Aug 12, 2010 ကို ကိုးကား ပါသည်။)

အပိုင်း () ကိုဆက်လက်ဖေါ်ပြပါမည်။