ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Tuesday, April 26, 2011

တိုင်းရင်းသား ၅ ပါတီ ဆွေးနွေးပွဲ ကျင်းပမည်

တိုင်းရင်းသား ၅ ပါတီ ဆွေးနွေးပွဲ ကျင်းပမည်

by ခင်ဦးသာ

ရွေးကောက်ပွဲ ၌၀င်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သော တိုင်းရင်းသား ပါတီ ၅ ခုသည် လာမည့် တပတ်တွင် ဆွေးနွေးပွဲတရပ် ပြုလုပ်၍ နိုင်ငံရေးအကျဉ်းသား အားလုံးခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် ငြိမ်းချမ်းရေးပြုလုပ် ရန်တို့ကို အစိုးရသစ်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

“နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို တိုင်းရင်းသား အားလုံး ကိုယ်စားပြုပြီးဆွေးနွေးသွားမှာ ဖြစ်တယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ပြောခွင့်ရသူ ဦးလှစိုးက ဧရာဝတီကို ပြောသည်။

“အစိုးရသစ်အနေနဲ့ တိုင်းရင်းသားဒေသတွေကို တိုးတက်အောင်လုပ်မယ်ဆိုရင် ဒေသတွင်းငြိမ်းချမ်းရေးရှိမှ အဆင်ပြေမှာဖြစ် လို့ လက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ ငြိမ်းချမ်းရေးကိစ္စဟာ အရေးပါတယ်”ဟုလည်း ၎င်းကဆက်ပြောသည်။

တိုင်းရင်းသားခေါင်းဆောင်များသည် ဒုတိယပင်လုံညီလာခံတခုပေါ်ပေါက်ရေးကိစ္စကို ပြီးခဲ့သည့်နှစ်အတွင်းက အဆိုပြုခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံအားပေးခဲ့သည်။

ဒုတိယ ပင်လုံညီလာခံသည် တိုင်းရင်းသားများအတွက် အရေးပါသည့်ကိစ္စဖြစ်၍ ယခုပြုလုပ်မည့် ၅ ပါတီဆွေးနွေးပွဲ၌ လည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

“ပင်လုံညီလာခံက ဒေါ်အောင်ဆန်းစုကြည် မပြောခင်ကတည်းကလည်းပဲ တိုင်းရင်းသားခေါင်းဆောင်တွေက စဉ်းစားထားပြီး သားအရာဖြစ်လို့ ဒီကိစ္စက တိုင်းရင်းသားအားလုံးအတွက် အမြဲတမ်းအရေးကြီးပါတယ်”ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

၅ ပါတီဆွေးနွေးပွဲအား ရန်ကုန်မြို့ရှိ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)ခေါ် ကျားဖြူပါတီရုံး၌ ဧပြီလ၂၆၊ ၂ရ ရက်နေ့များ၌ ပါတီခေါင်းဆောင်များက အစည်းအဝေးကျင်းပ၍ အထက်ပါအချက်များအပြင် အနာဂတ်နိုင်ငံရေး ကိစ္စ၊ ပြီးသွားသည့် လွှတ်တော်အစည်းအဝေးများ၌ ဆွေးနွေးခဲ့ကြသော အကြောင်းအရာများ၏ အားသာချက်၊ အားနည်းချက် စသည်များကို ပြန်လည်သုံးသပ် သွားကြမည်ဖြစ်ကြောင်း သိရသည်။

“ပြည်နယ်အစိုးရသစ်အနေနဲ့ အပေါ်ကခိုင်းတဲ့အတိုင်းလုပ်ဖို့ထက် ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေရဲ့အမှန်တကယ်လို အပ်နေ တာတွေကိုလုပ်ဖို့၊ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေကို ဘာသာရပ်အနေနဲ့သင်ကြားနိုင်ဖို့ ကိစ္စတွေကို အလေးထားဆွေးနွေးသွားမယ်”ဟု ဦးနိုင်ငွေသိန်းက ပြောသည်။

ပြည်နယ်အစိုးရသစ်၌ ပြည်ထေင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၀င် ၀န်ကြီးများကလွှမ်းမိုးနေ၍ လုပ်ဆောင်ချက်များ ကို သေချာစောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အစည်းအဝေး၌ ပါဝင်ဆွေးနွေးကြမည့် တိုင်းရင်းသား ပါတီ ၅ ခုမှာ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ခေါ် ကျားဖြူပါတီ၊ ချင်း အမျိုးသားပါတီ၊ ကရင် ပါတီ( ဖလုံ-စဝေါ်) စသည်တို့ဖြစ်သည်။

Sunday, April 24, 2011

ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် (ဗိုလ်ကြီး) ကြာလှအောင်

ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် (ဗိုလ်ကြီး) ကြာလှအောင်

• စည်းလုံးအားသစ် ပြည်ချစ်တော်လှန်
ဇာတိမာန်သတ္တိ တုမရှိခဲ့
ဗျတ္တိလည်းပြောင် ကြာလှအောင်။

• အင်္ဂလိပ်လက်အောက် ဒူးမထောက်ဘဲ
ဖဖေါက်သစ္စာ မရှာကိုယ်ကျိုး
အမျိုးဂုဏ်ဆောင် ကြာလှအောင်။

• သက်ချွေးရင်းလျက် ပြည်အတွက်မို့
လက်နက်ကိုင်စွဲ လုံးလဇွဲနှင့်
ရခိုင့်ခေါင်းဆောင် ကြာလှအောင်။

• အင်္ဂလိပ်သွေး သူခြေဆေးခဲ့
ပုသေးဂျပန် သူတော်လှန်၍
တန်ပြန်ထိုးစစ် သမိုင်းသစ်ဖြင့်
တခေတ်ထွန်းပြောင် ကြာလှအောင်။

• (ဗိုလ်ကြီး ကြာလှအောင်
ဦးဆောင်တိုက်ပေး တော်လှန်ရေးကြောင့်
အာဂမျိုးမွန် ကြည်တံခွန်ဟု
တိုင်းပြည်အလယ် ဂုဏ်တင့်တယ်ခဲ့။

•တိုင်းပြည်ကိုချစ် အားမာန်သစ်နှင့်
မျိုးချစ်ခေါင်းဆောင် ကြာလှအောင်
နောင်လာနောင်သား ပြည်ရခိုင်ဖွားတို့
စံထားသာဓက တုယူကြစို့။

• (ဗိုလ်ကြီး)ကြာလှအောင်
တိုင်းပြည်အတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် ပြည်ကိုချစ်သူ။

• (ဗိုလ်ကြီး) ကြာလှအောင်
လူမျိုးအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် မျိုးကိုချစ်သူ။

• (ဗိုလ်ကြီး ကြာလှအောင်
သာသနာအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် တရားချစ်သူ။

သုမနစာရီ (မလှ)
-----------------------------------

ဆုံးဖြတ်ချက်


ဇာပိုင်လေ့ ညှိလို့မရ
ဂီတာဖွဲ့စည်းပုံ မကောင်းလို့လား
ကြိုးပုံစံ စနစ်မကျ စံမမီလို့လား
ပုံမှန်သံဇဉ်မထွက်။

သည်းခံရေ စိတ်ရှည်ကေ့လေ့
ရည်ရွယ်ချက်နန့် လွှဲနီလို့
လမ်းချိုကို မနှစ်သက်ရေ
ငါ့ပင်ကိုယ် ဗီဇစိတ်က မနီသာဗျာလ်။

ပုံသေသို့ ရောက်ဖို့ မဖြစ်မှန်းကို
လည်ပတ်လျှက် သဘာဝက
ထင်ရာစိုင်းပြီး ပြန်နုတ်တေသံမိုပိုင်
အဖြေမရ ဒဏ်ရာတိနန့်။

အစမသေချာကေ့လေ့
လမ်းမှန်မှာ မယှိကေ့လေ့
လူ့အရင်းအမြစ်ကို
ဖေါ်ကျူးရေ မျိုးကောင်းသားတိအတွက်
ထွက်သက်ရေ ဆုံးဖြတ်ချက်တဖြစ်
ရည်ရွယ်ချက် အဆုံးပါ…။

အောင်သန်း
ဧပြီလ (၂၄)ရက်၊ ၂၀၁၁။

Friday, April 22, 2011

ကျောက်ဖြူတွင် လှိုင်းကြောင့် စက်လှေများ နစ်မြုပ်

ကျောက်ဖြူတွင် လှိုင်းကြောင့် စက်လှေများ နစ်မြုပ်
by Mizzima မဇ္ဈိမ on Monday, April 18, 2011 at 11:38pm

သဲသဲ| တနင်္လာနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၀ မိနစ်



နယူးဒေလီ (မဇ္ဈိမ)။ ။ ပင်လယ်လှိုင်းလုံးကြီးများ တနင်္ဂနွေနေ့ ညပိုင်းတွင် ရုတ်တရက် ရိုက်ခတ်လာသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီး ဇင်ချောင်းကျေးရွာရှိ ပင်လယ် ငါးဖမ်းစက်လှေ ၂ဝ ခန့် နစ်မြုပ်ပျက်စီးကြာင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အဆိုအရ သိရသည်။




ရာသီဥတု သာယာလျက်ရှိရာမှ ကျောက်ဖြူတောင်ဘက် ၂၈ မိုင်ခန့်အကွာ ဇင်းချောင်းကျေးရွာ၌ ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီခန့်တွင် ရုတ်တရက် ပင်လယ်လှိုင်းများ မြင့်တက်လာသောကြောင့် ကမ်းခြေတွင် ကျောက်ချ ထားသည့် ငါးဖမ်းစက်လှေ အစီး ၂ဝ ခန့် နစ်မြုပ်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။



“လေမတိုက်ဘူး၊ ဆိုင်းမဆင့် ဗုံမဆင့် လှိုင်းတွေကြီးလာပြီး စက်လှေတွေ မြုပ်ကုန်တာ။ သူတို့ပြောတော့ ဂီရီမုန်တိုင်းက လှိုင်းတွေထက် ကြီးတယ်တဲ့။ ထူးဆန်းတာက အဲဒီရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ ရွာတွေကို မေးတော့ သူတို့ဘက်မှာ ဘာမှမဖြစ်ဘူး။ ဇင်ချောင်းတရွာပဲ။ လှိုင်းက လူတရပ်ကျော်တယ်တဲ့” ဟု RNDP မှ ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ ကျောက်ဖြူမြို့ခံ ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။



သူက ဆက်ပြီး “ရွာက ပင်လယ်ကို ခါးပန်းတင်ထားတာ။ ကမ်းစပ်နဲ့ ပေ ၃ဝ လောက် ဝေးတယ်။ အိမ်တွေအထိ လှိုင်းတွေ လာစင်တော့ သူတို့က လန့်နေကြတာပေါ့။ သင်္ကြန်တွင်း လှေမထွက်ဘဲ နားထားလို့ လူမသေတာ။ ထူးထူးဆန်းဆန်း ဒါမျိုး အခုမှ ကြားဘူးတယ်” ဟု ပြောသည်။ စက်လှေ ၆ စီးမှာ သုံးမရသည်အထိ ပျက်စီးသွားပြီး၊ တနင်္လာနေ့ မနက်အထိ ပင်လယ်လှိုင်း ထန်သေးသောကြောင့် ကျန်ရှိ စက်လှေများအား ဆယ်ယူနိုင်ခြင်း မရှိသေးဟု ဆိုသည်။



၂၅ ပေခန့် ရှည်လျားကာ မြင်းကောင်ရေ ၂ဝ အားရှိ စက်များ တပ်ဆင်ထားသည့် ငါးဖမ်းစက်လှေများ ဖြစ်ကြပြီး၊ ငါးဖမ်းပိုက် အပါအဝင် ကာလတန်ဖိုးမှာ တစီးလျှင် ကျပ် သိန်း ၂ဝ ခန့် ပေါက်ဈေးရှိသည်။



အိမ်ခြေ ၁ဝဝဝ ကျော်ရှိ ဇင်ချောင်းရွာသည် အနောက်ဘက်တွင် ဘင်္ဂလားပယ်လယ်နှင့် အရှေ့ဘက်တွင် ပင်လယ်ကွေ့ငယ်က ဝန်းရံထားပြီး၊ ရွာခံများမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်။



ရာသီဥတု သာယာနေဆဲမှာပင် ပင်လယ်လှိုင်းလုံးများ ရုတ်တရက် မြင့်တက်လာခြင်းမှာ ရခိုင်ဒေသအနီး ဘင်္ဂလားပင်လယ် ရေအောက် ကြမ်းပြင် မြေပြိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။



“ကျနော်မသိသေးတော့ အတိအကျတော့ မပြောနိုင်ဘူး။ ခန့်မှန်းပြီးပြောရရင် TOTAL ရေနံကုမ္ပဏီက အဲဒီဒေသကို ဆာဗေးလုပ်ထားတာ ကျနော် ဖတ်ရတယ်။ ရခိုင်ဘက်က ဘင်္ဂလားပင်လယ်မှာ ရေအောက်ကြမ်းပြင်တွေ မြေပြိုတတ်တယ်လို့ ဆိုတယ်။ ဆူနာမီလည်း မရှိ၊ မုန်တိုင်းလည်း မဝင်ဘဲ ဖြစ်တယ်ဆိုတော့ ဒါက ဖြစ်နိုင်ခြေ များတယ်” ဟု သူက ဆိုသည်။



သူက ဆက်ပြီး “ကျနော်ကြည့်ထားတာက အဲဒီဘက်မှာ မိုးလေဝသသဘောအရ ဘာမှမရှိဘူး၊ နေရာကွက်ပြီး လှိုင်းကြီးတယ်ဆိုတော့ ထူးခြားတယ်၊ မိုးလေဝသဆိုတာ ခန့်မှန်းလို့ရတယ်။ ရေအောက်ကြမ်းပြင် မြေပြိုတာတွေက ကြိုပြီး သိဖို့ မလွယ်ဘူး” ဟု ဆိုသည်။



၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသ ၇ မြို့နယ်ကို ဂီရီဆိုင်ကလုန်း တိုက်ခတ်ခဲ့သဖြင့် မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များမှာ အများဆုံး အထိအခိုက်နှင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။



လူပေါင်း ၂ သိန်းခန့် ဂီရိမုန်တိုင်းသင့်ခံရပြီး၊ ၄၅ ဦး သေဆုံးကာ၊ ၄၉ ဦး ဒဏ်ရာရရှိပြီး၊ ၁ဝ ဦး ပျောက်ဆုံးခဲ့ရကြောင်းနှင့် ကျပ်ငွေ ၁၈ ဘီလီယံ (သန်း ၁၈ဝဝဝဝ) ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။

Wednesday, April 20, 2011

တနှစ်တခါ ရက္ခိုင်သင်္ကြန်

တနှစ်တခါ ရက္ခိုင်သင်္ကြန်

နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်
ရက္ခိုင်မယ်၊ ရက္ခိုင်မောင်ရို့
ရက္ခိုင်အတာ သင်္ကြန်သို့
နွေရာသီကို အံ့တုလို့
ကမ္ဘာ့အနှံမှာ
ရိုးရာမပျက် ဆင်နွဲကတ်ရာဝယ်။




ဝိုင်းဖွဲ့စုဗျာလ်
စိန္တေဘုဘရားသို့
ဂယာဝီးအောင်
နံ့သာသွီးပွဲတိ
သက်ကြီးရွယ်အို၊ ဆရာသမားတိကို ပူဇော်ခြင်းတိ
သန့်စင်မှုများဖြင့် မင်္ဂလာယူစွာတိ
ဒါနပြုဘုရားရီသပ္ပါယ်စွာတိနန့်
ဆုမွန်ကောင်း တောင်းကတ်စွာတိ
ရက္ခိုင်ရိုးရာဓလေ့နှင့် အစိုင်အလာကို
ဖေါ်ကျူးကတ်စွာ ချစ်စရာပင်။

သင်္ကြန်ခါမှရာ အလယ်လာရေ
ပန်းပတောက်နှင့်အပြိုင်
ရောင်စုံသင်္ကြန် အဖူးအပွင့်ချေတိ
စိတ်ဘ၀င်တိ လန်းဆန်းလို့
မဏ္ဍပ်ကလောင်းရီ ငွေဖလားနန့်
အသည်းတိ ပြိုင်တူခုံတမ်း
မိတ္တာစကား ဖွင့်အံစွာတိကို
ပန်းပတောက်ကရှက်
ရက္ခိုင်စည်တော်က ဟိန်းဗျာလ်
နောင်နှစ်တိကို ချိန်းဆိုဖန်တီးသိယင့်။

ရက္ခိုင်သင်္ကြန်ဓလေ့ကို
ရိုးရာမပျက် နွှဲပျောက်ကတ်ကေ
ဇာခေတ်သစ်က အန်တုလို့မရ
အစိုင်အလာ ရိုးရာဓလေ့ကိုမှ
တန်ဖိုးထားရေ ရက္ခိုင်သင်္ကြန်
ကမ္ဘာ့ HAPPY NEW years
HAPPY VALENTINE DAYတိ
ရှုံးနိမ့်လားစွာ
ရက္ခိုင်သင်္ကြန်သတ္တိက
မြတ်နိုးစရာပင်။

မမောပန်းစတမ်း
နှစ်စိုင်ရက္ခိုင်သင်္ကြန်အတွက်
ရက္ခိုင်စည်တော်က ပြင်ဆင်ဖို့အချက်ပီး
ကမ္ဘာတည်နီသရွေ့
ရက္ခိုင်၏ ဂုဏ်ရောက်ကို
မဟာရက္ခိုင်သင်္ကြန် ဆောင်နီလီယင့်။

အောင်သန်း
April 16, 2010

Tuesday, April 19, 2011

ရခိုင်သင်္ကြန် ရိုးရားဓလေ့အစဉ်အလာ စည်စည်ကားကား ကျင်းပ

ဂစ္ဆပသတင်းဌာန
ဧပြီလ (၁၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်သင်္ကြန် ရိုးရားဓလေ့အစဉ်အလာ စည်စည်ကားကား ကျင်းပ

ရခိုင်ရိုးရာဓလေ့ မဟာသင်္ကြန် နှစ်သစ်ကူ အခါသမယနေ့များကို တကမ္ဘာလုံးရှိ ရခိုင်အမျိုးများက ယဉ်ကျေးမှု အစဉ်အလာမပျက် ထုံးစံအတိုင်း စည်စည်ကားကား ကျင်းပခဲ့ကြသည်။

ယခုနှစ်ကျရောက်သော ရခိုင်သင်္ကြန်မှာ ၁၃၇၂-၁၃၇၃ ခုနှစ် အခါသမယ နှစ်သစ်ကူဖြစ်ပြီး ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင်တန်းခူး လ္ဆန်း (၁၀)ရက်၊ ဧပြီလ ၁၃ ရက်နေ့ကို သင်္ကြန်အကြိုနေ့၊ ၁၄ ရက်နေ့ကို သင်္ကြန်အကျနေ့၊ ၁၅ ရက်နေ့ကို သင်္ကြန်အကြတ်နေ့၊ ၁၆ ရက်နေ့ကို သင်္ကြန်အတက်နေ့နှင့် ၁၇ ရက်နေ့ကို ရခိုင်-မြန်မာနှစ်ဆန်းတရက်နေ့ဟု ခေါ်ဝေါ်သုံးစွဲကြသည်။




ရခိုင်သင်္ကြန်ပွဲတော်မှာ ဗုဒ္ဓဘာသာကို အခြေခံသော ပွဲတော်ဖြစ်သဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ တရက်အလိုတွင် ရပ်ကွက်အလိုက် ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အဦးများကို ဆေးကြောသန့်စင်ခြင်း၊ ညနေပိုင်းတွင် ရပ်ကွက်ရှိ ဓမ္မာရုံ (သို့) ယာယီမဏ္ဍပ်၌ မိန်းမပျိုလေးများက နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် အမွှေးနံသာတုံးများကို ယူဆောင်လာကြပြီး ကျောက်ပျဉ်ကိုယ်စီဖြင့် စုပေါင်းနံ့သာသွေးကြလေသည်။ စုပေါင်းနံသာသွေးနေချိန်မှာ ရခိုင်လူပျိုကာလသားများမှ တေးသခြင်းများဖြင့် သီဆိုကူညီ ဖြေဖျော် ပေးကြပြီး အမွှေးနံ့သာရည်များသွေးပြီး စုပေါင်းသိမ်းဆည်းထားခြင်းကို နံ့သာသွေးပွဲဟု ခေါ်ဆိုလေ့ ရှိကြသည်။

ရခိုင်ရိုးရာ ထုံးတမ်းစဉ်လာများအရ ဆင်နွဲခဲ့ကြသကဲ့သို့ လှူဖွယ်ပစ္စည်းများနှင့်အတူ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ဘုန်းတော်ကြီးကျောင်း များသို့ သွားကြပြီး ငါးပါးသီလခံယူကြကာ မိန်းမပျိုများ ယူဆောင်လာသော နံ့သာရေမွှေးများဖြင့် လူပျိုယောင်္ကျားများက ဘုရားဆင်းတု တော်များအား ရေသပ္ပါယ်ကာ နံ့သာရေများနှင့် ပက်ဖျန်းပူဇော်ခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့က ကျောင်းသား၊ လူငယ်များက မြို့ရွာအလိုက် စုပေါင်းပြီး ဘုရားရေသပ္ပါယ်မှုများ ပြုလုပ်ခဲ့ကြကာ ၁၄ ရက်နေ့တွင် မြို့မိမြို့ဖများနှင့်အတူ မြို့လုံးကျွတ် ဘုရားရေသပ္ပါယ်မှုများဖြင့် စတင်ဖွင့်လှစ်ခဲ့ကာ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာမပျက် သင်္ကြန်ကို စည်စည်းကားကား ကြိုဆိုခဲ့ကြသည်။

တခြားတဘက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ခေတ်နှင့်လျော်ညီစွာ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ရခိုင်ပြည်မှ အဆိုကျော်များအား ဖိတ်ကြားခဲ့ကြပြီး တေးဆိုစင်များဆောက်လုပ်ကာ ခေတ်မီတေးသခြင်းများဖြင့် နေရာအနှံတွင် ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

ရခိုင်ပြည်မှ ရခိုင်အဆိုကျော်များနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ရခိုင်အဆိုကျော်များအပြင် ရခိုင်တီးဝိုင်းတော်သားများအနေဖြင့် ဒက္ကားမြို့တွင် ဧပြီလ (၁၄)ရက်နေ့၊ အာဇီနဂိုကျေးရွားတွင် (၁၅)ရက်နေ့၊ စိုကိုရီယာမြို့နယ် ထောင်သောင်းကျေးရွာတွင် ဧပြီလ (၁၆)ရက်နေ့၊ ကော့စ်ဘဇား မြို့တွင် (၁၇-၁၈-၁၉)ရက်နေ့၊ နတ်ကျောက်ဆရီမြို့တွင် (၂၀)ရက်နေ့များအထိ မြူးမြူးကြွကြွ ဆိုကခုန်မှုများဖြင့် ကျင်းပဆင်နွဲကြမည်ဖြစ်သည်။

ရခိုင်ရိုးရာဓလေ့ သင်္ကြန်ကို နံသာသွေးပွဲ၊ ဘုရားရေသတ်ပယ်ပွဲနှင့် သင်္ကြန်ရေလောင်းပွဲအပြင် စုပေါင်းခရီးထွက် ထမင်းပေါင်းချက်စား ကြသည့် အဆင့်(၃)ဆင့်တို့ဖြင့် ကျင်းပကြခဲ့သည်။

(က) သင်္ကြန်ဖြစ်ပေါ် လာရခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
• သင်္ကြန် = ကူးပြောင်းခြင်း၊ မာဂဓဘာသာ သင်္ကန္တနှင့် သက္ကဋဘာသာ သင်္ကြန်တ မှ ဆင်းသက်လာခြင်းဖြစ်သည်။
• ရခိုင် = မြန်မာပြက္ခဒိန်နှစ်၏ ပထမဆုံးလဖြစ်သော တန်းခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် သင်္ကြန်ရက်ကို ကျင်းလေ့ရှိသည်။
• ရခိုင်အမျိုးသားများက အတာသင်္ကြန်ကူးသောလဖြစ်၍ တန်ခူးလကို တာကူးလ ဟုခေါ်ဆိုသည်။

(ခ) သင်္ကြန်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအကျဉ်းချုပ်
ဘီစီ(၅၆၈)တွင် ရခိုင်ဓည၀တီပြည်ရှင် စန္ဒာသူရိယမင်းကြီးသည် မြတ်စွာဘုရားသျှင်နှင့် အတိတ်ဘ၀က သူငယ်ချင်းဟောင်းဖြစ်ဖူးသည့် အားလျှော်စွာ မနောအဓိဌာန်ဖြင့် ပင့်ဖိတ်လျှောက်ချက်အရ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် နောက်ပါ သံဃာတော်အပါး(၅၀၀)ဖြင့် ကြွချီလာကာ မောရပဗ္ဗတ သေလာဂီရိကျောက်တော် တောင်ပေါ်၌ သက်ဆင်းတော်မူခဲ့ကြောင်း မှတ်ဖူးသည်။
ယင်းအချိန်၌ပင် ဘုရင်နှင့် တိုင်းသူပြည်သားများ ကိုးကွယ်နိုင်ရန် ပုံစံတူ ကိုယ်ပွါးတော် မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ် စေခဲ့သည်။ ရခိုင်ပြည်သူပြည်သားများသည် ဆင်းတုတော်ကြီးအား အမွှေးနံ့သာရည်များဖြင့် ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ရေသပ္ပါယ် ပူဇော်ကြသည့် အလေ့အထမှာ ထုံးစံရိုးရာဓလေ့ ဖြစ်လာခြင်းဖြစ်သည်။
နောင်ခါနှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်သူပြည်သားများသည် ဗုဒ္ဓဆင်းတုတော်များအား အမွှေးနံ့သာရည်များဖြင့် ရေသပ္ပါယ်ပူဇော်သော ဓလေ့ဖြစ်ထွန်းလာခဲ့ပါသည်။ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ရာမှကျန်သော အမွှေးနံ့သာရည်များကို အချင်းချင်းပက် ဖျန်းလောင်းကြရာမှ ရေလောင်းကစားသောဓလေ့ ဖြစ်ထွန်းလာသည်ဟု အဆိုရှိကြပါသည်။ ထိုအချိန်ကာလမှ စတင်ကာ ယနေ့ အချိန်အထိ ဘာသာရေးပွဲတော်ဖြစ်သော ဘုရားရေသပ္ပါယ်ခြင်း ဓလေ့ရိုးရာများနှင့်အတူ အချင်းချင်း တယောက်ကိုတယောက် ရေလောင်းကစားခြင်းများမှ တနေ့ထက်တနေ့ ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာကာ ယနေ့ခေတ်နှင့်အညီ မဟာရခိုင်သင်္ကြန် ပွဲတော်ကို နေရာအနှံ၊ ကမ္ဘာ့အနှံတွင် ကျင်းပကြခြင်းဖြစ်သည်။

ရခိုင်အမျိုးသားများမှာ မိမိတို့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ထိုအချိန်အခါက ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခဲ့မှုများကြောင့် သတိလစ်နေခဲ့ကြသော်လည်း ယခုအခါ ပြန်လည်၍ ကမ္ဘာတည်သရွေ့ မဟာရခိုင်သင်္ကြန် ဘာသာရေးပွဲတော်နှင့်အတူ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု မပျောက်မပျက်ရအောင် ထိမ်းသိမ်းနေရသည့် အခြေအနေတွင် တည်ရှိနေသည်။

ရှေးရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုများကို ထိမ်းသိမ်းစောင့်ရှောက်ကာ မျိုးဆက်သစ်များအား သမိုင်းမှန်နှင့် တရားသဖြင့် သော လမ်းစဉ်များကို လက်ဆင့်ကမ်း ပေးခြင်းဖြင့် လူ့ဖြစ်ရကျိုးဂုဏ်ကို အားလုံးသော ရခိုင်အမျိုးသားများ ဖန်တီးပျိုးထောင် ထိမ်းသိမ်း နိုင်ကြပါစေလို့ ယခုနှစ် ၁၃၇၂-၁၃၇၃ နှစ်သစ်မင်္ဂလာ သင်္ကြန်ဘာသာရေးပွဲတော်နှင့်အတူ ဆုမွန်ကောင်းဖြင့် တိုက်တွန်းလိုက်ရ ကြောင်းကို ရခိုင်အချင်းအချင်းအကြား ဆိုလေ့ရှိကြပါသည်။

စင်္ကာပူနိုင်ငံရောက် ရခိုင်အမျိုးသားများက မဟာရခိုင်သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမပျက်ရအောင် ထိမ်း သိမ်းခြင်း အနေဖြင့် ဧပြီလ (၁၀)ရက်နေ့က အကြောင်းအမျိုးမျိုးကြောင့် ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပခဲ့ကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် တတိယအကြိမ်မြောက် ကျင်းပသော ရခိုင်သင်္ကြန်သို့ ဒက္ကားအခြေစိုက် စစ်အုပ်စု သံအမတ် ဦးမင်းလွှင်နှင့်ဇနီး ထူးခြားစွာတက်ရောက်ပြီး စိတ်ဝင်စားစွာဖြင့် ရခိုင်သင်္ကြန်ရေကစားခြင်းကို ကြည့်ရှုနေခဲ့သည်။ ထို့အပြင် တခြားနိုင်ငံ များတွင်လည်း စည်စည်ကားကား ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုး လက်အောက်တွင် နည်းမျိုးစုံဖြင့် ရိုးရာဓလေ့အစဉ်အလာများကို ပုံစံစနစ်မျိုးစုံဖြင့် ဖျက်ဆီးခံနေကြရသော်လည်း ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လူမျိုးများမှာ လွတ်လပ်မှုမရှိသည့်ကြားထဲမှ ယခုကဲ့သို့ အားကြိုးမာန်တက်ဖြင့် စည်းစည်းကားကား ကျင်းပရခြင်းမှာ ဂုဏ်ယူစရာပင် ဖြစ်သည်။

Wednesday, April 13, 2011

သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူတဦး နစကထံ သစ်လုပ်ငန်းခွင် ဖမ်းဆီးခံရ

ဂစ္ဆပသတင်းဌာန
ဧပြီလ ၁၃ ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူတဦး နစကထံ သစ်လုပ်ငန်းခွင် ဖမ်းဆီးခံရ

မောင်တောမြို့ နစက အမှတ်(၁) လူဝင်လူထွက်ဂိတ်မှ အမှတ်(၁)ကမ်းနားလမ်းရပ်ကွက်မှ တရားဝင် သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူ တဦးအိမ်မှ တရားမ၀င် သစ်လုပ်ငန်း လုပ်ကိုင်နေမှုဖြင့် ဧပြီလ (၉)ရက်နေ့က သွားရောက်ပြီး သစ်စုစုပေါင်း (၄ တန်ခွဲကျော်)၊ ၁၈ ကောင်အားရှိ သစ်စက်တလုံးနှင့် လွှဝိုင်းများအား ဖမ်းဆီးယူသွားကြောင်း မျက်မြင်တဦးမှ ပြောသည်။



နစကထံ သစ်စုစုပေါင်း ၄ တန်ခွဲကျော်၊ သစ်စက်နှင့် လွှဝိုင်းများအား ဖမ်းဆီးခံရသူမှာ စစ်တွေမြို့သို့ ခရီးသွားနေခိုက်ဖြစ်၍ လွတ်မြောက်သွားခဲ့သော်လည်း မောင်တောသို့ ပြန်လာလျှင် အမှတ်(၁)နစကမှ ထပ်မံဖမ်းဆီးမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသူ မျက်မြင်သက်သေတဦးက အောက်ပါအတိုင်း အတည်ပြုပြောသည်။

“နစကတွေ ကို ဦးစိုးသန်းအိမ်ကို နံက် ၁၂ နာရီနီးပါးခန့် ရှိမယ်ထင်ပါတယ်၊ ကို ဦးစိုးသန်း အိမ်ကိုရောက်တာနဲ့ ကျွန်းသစ်နှင့် တခြား သစ်မာ ၄ တန်ခွဲကျော်ကို သိမ်းယူပါတယ်၊ လွှဝိုင်း ၃၆လက္မ တခုနဲ့ လွှ ၁၂ လက္မတခု ၁၈ ကောင်အားရှိတဲ့ သစ်စက်ကို သိမ်းယူသွား ပါတယ်၊ အိမ်သားတွေကို အိမ်ရှင် ဦးစိုးသန်း ဘယ်သွားသလဲ မေးမြန်းပါတယ်၊ မိသားစုဝင်တွေက စစ်တွေသို့သွားပါတယ်ဟု ဖြေကြား တော့ ပြန်လာရင် တရားမ၀င် သစ်လုပ်ငန်း လုပ်ဆောင်နေမှုနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ်၊ ကျွန်တော် အထင်အရတော့ ဒီကိစ္စက မကြေနပ်တဲ့သူ၊ သစ်လုပ်နေတဲ့သူတယောက်ယောက်က နစကကို သွားတိုက်တာဖြစ်နိုင်တယ်။”

အတင်းအဓမ္မ သစ်လုပ်ငန်းခွင် တခုလုံးအား နစကထံတွင် သိမ်းယူခံရသူမှာ သစ်လုပ်ငန်းလုပ်ဆောင်ရန် တရားဝင် လုပ်ပိုင်ခွင့် ရရှိရန် အတွက် လျှောက်လွှာတင်ထားပြီး လုပ်ပိုင်ခွင့်ကို စောင့်နေသူတဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ နစကအနေဖြင့် ယခုကိစ္စတွင် မောင်တောသစ်တောဌာနမှ သစ်တရားမ၀င် လုပ်နေသည့်အပေါ်တွင် ဟန့်တားမှု တစုံတရာ မရှိသည့် အတွက်ကြောင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နစကသတင်းရပ်ကွက်တွင် ဖြစ်ပေါ်နေသည်။ နစကများ ဖမ်းဆီးယူသွား သည့် သစ်များမှာ တခြားဖမ်းဆီးထားသည့် သစ်များနှင့်အတူ ဘင်္ဂလာသို့ တင်ပို့မည်ဟု ယူဆရကြောင်း မောင်တောမြို့ခံများမှ သုံးသပ်ကြသည်။

အခုအခါ မောင်တောမြို့နယ် နစကနယ်မြေ (၁)နှင့် (၂)နယ်မြေအတွင်းရှိ သစ်များကို သစ်ကုမ္ပဏီတခုနှင့် ပူးပေါင်းပြီး လွန်ခဲ့သော နှစ်လလောက်မှ သစ်ခုတ်လှဲနေသည့်အပြင် အဆိုပါ နယ်စပ်ဒေသများသို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖက်မှ သစ်ခုတ်သမားများလာရောက်ကာ သစ်ခုတ်နိုင်ကြောင်း နစကနှင့် ဘီဒီအာရ်များ နားလည်မှု သဘောတူညီမှုများ ရယူထားပြီးဖြစ်သည်။

ရခိုင်ပြည်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တင်ပို့သည့် သစ်များမှာ ကျွန်းသစ်တဖုတ်ကို (၄၅၀၀)တာကာ၊ စကားဝါသစ် တဖုတ်ကို (၁၆၅၀)နှင့် ကမ်းကျင်တဖုတ်ကို (၁၀၀၀)တာကာ ဈေးရရှိသည်။ ယခုအခါ ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာဆိပ်ကမ်းသို့ တင်ပို့သည့်သစ်တန်ချိန်မှာ တရက်လျှင် ဖြန်းမျှအားဖြင့် တန်ချိန် ၁၅၀ ကျော်မျှရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ရေကြောင်းမှ သစ်တန်ချိန်အမြောက်အများ လွန်ခဲ့သော ၁၂ နှစ်ကျော် ကာလမှ တင်ပို့လျှက်ရှိသည်။ အဆိုပါ သစ်တင်ပို့မှုမှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်း တရားဝင်မဟုတ်သော်လည်း မြန်မာစစ်တပ်နှင့် ရေတပ်များကို တရားမ၀င် အကောက်ပေး၍ တင်ပို့ခွင့်ရရှိကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် ကမ်းသို့ဆိုက်ရောက်လာသည့် သစ်ဘုတ်များ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံလျှက်ရှိနေသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တင်ပို့နေကြသည့် သစ်ကုန်သည်များမှာ ဘင်္ဂလီများထံ ဈေးနှိမ်ခံရပြီး မကြာခဏ လိမ်လည်ခံရမှုများ အမြောက်အများရှိသော်လည်း ဆက်လက်တင်ပို့လျှက် ရှိနေသည်။ အဆိုပါ သစ်ကုန်တင်ပို့မှုများတွင် များသောအားဖြင့် ဒေသဆိုင်ရာ စစ်တပ်မှ အာဏာပိုင်များ အနေဖြင့် ပါးစပ်ဖြင့်အစုရှယ်ယာများ ပါဝင်လုပ်ဆောင်လျှက် ရှိနေကြသောကြောင်း ရခိုင်သစ်တုံးများမှာ ပိုမိုပြီး ဘင်္ဂလာသို့ လွယ်ကူစွာ တင်ပို့နိုင်ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အခုအခါ ရခိုင်ပြည်နယ်မှ သစ်တောများမှာ စစ်အာဏာပိုင်များ နည်းမျိုးစုံဖြင့် အိမ်နီးချင်းနိုင်ငံများ၊ သစ်ကုမ္ပဏီများအပြင် သစ်ကုန်သည် များကို အလွဲသုံးစား ခုတ်လှဲရောင်းစားခြင်းများကြောင့် တဖြည်းဖြည်း ပြုန်းတီးလာကြောင်း လေ့လာသူများကဆိုသည်။

Tuesday, April 12, 2011

ရခိုင်ပြည်အမျိုးသားကောင်စီသို့

ရခိုင်ပြည်အမျိုးသားကောင်စီသို့

တာနာမြီ
ဂုဏ်ရှိန်ကျော်ကြား မျိုးစောင့်သားရို့
မျိုးခြားလက်အောက် ကျွန်သဘောက်ဘဝ
လွတ်မြောက်ဖို့ချိန် တန်ပါဗျာလ်။

ခိုင် မြဲမဏ္ဍိုင် ပြည်ရခိုင်လည်း
ယိမ်းယိုင်ပြိုပျက် သွီးအိမ္မက်ထဲ
ကြေကွဲဒါဏ် ဝေဒနာနန့်
လုံးဖက်ခံစား ရန်သူကြားမှာ
ချောက်သျှားဗျာဗွီ မျက်ရည်ကြွီရ။

ပြည် သူ့ရင်ဝယ် မျှော်ရည်တမ်းတ
မိဖစင်စစ် မိတ္တာရိပ်ကို
မှေးမှိတ်ခိုနား နိန်ချင်ငြားလည်း
တစ်ပါးရင်ခွင် ငြိုငြင်နှိပ်စက်
အိပ်ပျက်ညပေါင်း ကုဋေကဋာ။

တွေးတစ်စ သက်သီပြဖို့
ဆန္ဒရည်သန် ကြံ့ကြံ့ခံရင်း
မြဲမြံသစ္စာ ခိုင်မာစိတ်ဓါတ်
မားမားရပ်ပနာ နန်းတော်ရာလည်း
တောခြုံထဲမှာ ငိုနိန်ဆဲ။

မျိုး ဂုဏ်မထောက် သစ္စာဖေါက်လို့
ပြည်ပျောက်နိန်ရ ဒေဘ၀ကို
နောင်တဂုခါ မယူပါဂေ
ဇာတာကျွန်တွင်း မလွတ်ကင်းနိုင်။

သား သမီးမကောင်း မိဖဂေါင်း - လတ်
ဖြစ်ကြောင်းစုံရာ တွေးကြည့်ပါဂေ
ပြည်ရွာရေးထက် ၀မ်းရေးခက်သူ
ဗိုလ်လူတသိုက် အသိမိုက်လို့
ကျွန်ဖြစ်နိန်ရ ကတ်ကေလေ့ -။

ကောင် စီအဖြစ် လူ့ဘောင်သစ်နန့်
အတိတ်သမိုင်း ပြည်တံတိုင်းကို
မျှော်မှန်းတည်ဆောက် အချိန်ရောက်ဗျာလ်။

စီ ကာပတ်ကုန်း ပြောမဆုံးလည်း
ယူကျူံးမရ ဒေဘ၀က
ရုန်းထလွတ်မြောက် သဘောက်ကျွေးကျွန်
မခံစိတ်ဓါတ် အကျင့်မြတ်နန့်
မျိုးမြတ်ဂုဏ်ရောင် ထွန်းတောက်ပြောင်ဖို့
ညီနောင်သားချင်း ရိုင်းပင်းကူညီ
စုပေါင်းညီညွတ် လုပ်ဆောင်ကတ်မေ။

သို့ လော သို့လော
တွေးတောဝေဖန် အချိန်လွန်ဂေ
မမှန်စိတ်ဓါတ် အကျင့်ချွတ်ဂေ
မလွတ်ကျွန်တွင်း ကျွန်တလင်းမှာ
လမ်းခင်းဘ၀ ရောက်လိမ့်မေ။ ။

ကိုကျော်ဇံ
(၁၅၊ ၀၃၊ ၀၆)

Monday, April 11, 2011

သတင်းစာကကျေညာသော်လည်း ရခိုင်လူငယ်များ သင်္ကြန်ပွဲ ဆင်နွဲကြမည် မဟုတ်

သတင်းစာကကျေညာသော်လည်း ရခိုင်လူငယ်များ သင်္ကြန်ပွဲ ဆင်နွဲကြမည် မဟုတ်

မြန်မာ အာဏာပိုင်များက ရခိုင်သင်္ကြန်အား လိုင်သာယာ မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာက ကျေညာသော်လည်း ရခိုင်လူငယ်များ ပါဝင် ဆင်နွဲကြတော့မည် မဟုတ်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်နေ ရခိုင်လူငယ် အများစုမှာ အစိုးရ တာဝန်ရှိသူများ၏ လူမျိုးရေးအရ အနိုင်ကျင့်မူကြောင့် သတင်းစာက ရခိုင်သင်္ကြန် စည်ကားစွာ ကျင်းပမည်ဟု ကျေညာသော်လည်း

“ ခါတိုင်းနှစ်တွေမှာ ဆိုရင် ရခိုင်လူငယ်တွေက သင်္ကြန် ရန်ကုန်မှာဘဲ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လိုင်သာယာမှာ ဗုံးကွဲပြီးတဲ့နောက် ရိုးရိုးသာမန် လုပ်ကိုင်စားသောက်နေတဲ့ ရခိုင် လူငယ်တွေကို ရဲအဖွဲ့က ခေါ်ယူနှိပ်စက်တာတွေ ရှိတဲ့ အပြင် လူမျိုးရေးအရ စော်ကားတာတွေ ရှိခဲ့ အတွက် ရခိုင်လူငယ်တွေ အကုန်လုံးနီးပါး ရခိုင်ကို ပြန်သွားကြပါတယ်။ ဘယ်သူမှ လည်း လိုင်သာယာမှာ ရေကစားကြမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

စစ်အစိုးရ သတင်းစာ ကြေးမုံက ဧပြီလ ၆ ရက်နေ့တွင် “ ရခိုင်ရိုးရာသင်္ကြန်ပွဲပျော်ရွှင်စွာဆင်နွဲမည်” ခေါင်းစဉ်ဖြင့် ထူးထူးခြားခြား သတင်းရေးသား ဖေါ်ပြခဲ့သည်။

အဆိုပါ သတင်းတွင် “ ရန်ကုန်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲများ ဆင်နွဲလျှက် ရှိသည် အနက် လိုင်သာယာ မြို့နယ် အောင်မြေသာယာရွှေ စေတီတော် ဘုရားရှေ့ တံတားဖြူ မှတ်တိုင် အနီး ညောင်တုန်းလမ်းမပေါ်တွင် ယဉ်ကျေးမူ မဏ္ဍပ်၊ ရေလောင်းမဏ္ဍပ်များ ဆောက်လုပ်ကာ သတ္တမ အကြိမ်မြှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။ ရိုးရာ အစဉ်အလာမပျက် ကျင်းပသည့် ပွဲများ အနက် အဖိတ်နေ့တွင် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ဆင်နွဲကြမည်။ ထို့အပြင် စည်တော်ယိမ်း၊ ဆီမီးခွက်ယိမ်း၊ မင်းလဲ- ရခိုင်၊ ငါလဲ- ရခိုင် သီချင်း၊ တစ်ကိုယ်တော် သီချင်းဆိုပွဲတို့ ပါဝင်မည် ဖြစ်ပါသည်” စသဖြင့် ရေးသား ဖေါ်ပြထားသည်။

“ သူတို့ ကျေညာတာကလည်း တော်တော် ထူးခြားပါတယ်။ ရခိုင်လူငယ်တွေ အကြား အချင်းချင်း မခွဲခြားကြဖို့ ရေးဖွဲ့သီကုံးထားတဲ့ လူငယ်တွေ အကြိုက်များတဲ့ မင်းလဲ-ရခိုင်၊ ငါလဲ -ရခိုင် သီချင်းကိုတောင် ထည့်ပြီး ကျေညာထားပါတယ်။ ဒါပေမယ့် ရခိုင်လူငယ်တွေက အကုန်လုံး ပြန်ကုန်ပါပြီ။ အာဏာပိုင်တွေက ဗုံးကွဲတာနဲ့ မဟုတ်မတရား ရခိုင်တွေကို ခေါ်ယူနှိပ်စက်တာကြောင့် တချို့ လူငယ်တွေဆိုရင် ရူးသွားတာတွေ ရှိတဲ့ အတွက် ရခိုင်အမျိုးသားတွေက အထူး မကျေမနပ် ဖြစ်ပြီးတော့ ကိုယ်ဒေသကို ကိုယ်ပြန်သွားကြပါတယ်။ ကျနော်အမြင်ရတော့ လိုင်သာယာမှာ ရှိတဲ့ သူတွေ အကုန်လုံး ပြန်သွားကြပါတယ်။ အနည်းအကျဉ်းဘဲ ကျန်ခဲ့မယ် တင်ပါတယ်” ဟု ပြောသည်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့ လိုင်သာယာ မြို့နယ် စတိုးဆိုင်အနီး တစ်ခုတွင် ပေါက်ကွဲခဲ့သော ဗုံးကြောင့် အာဏာပိုင်များက ရခိုင်များ ဗုံးခွဲသည်ဟု ဆိုကာ ရခိုင်လူငယ် ၁၀၀ ကျော်နီးပါးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ရပ်ကွက် အတွင်းရှိ ရခိုင်အိမ်များ၊ ရခိုင်ဘုန်းတော်ကြီးကျောင်းများကိုလည်း ၀င်ရောက် မွေနှောက် ရှာဖွေမူများ ပြုလုပ်ခဲ့သည်။

စစ်ဆေးစဉ်အတွင်း ညှဉ်းပမ်းနှိပ်စက်မူများ ပြင်းပြင်းထန်ထန်ရှိခဲ့ပြီး လူမျိုးအရေး ဆဲရေး စော်ကားမူများလည်း ရှိခဲ့သည်။ ဗမာများ ဗုံးခွဲက ဗမာများကို ခေါ်ယူနှိပ်စက်ခြင်းး မရှိဘဲ ရခိုင်များဗုံးခွဲက ရခိုင်များကို ဖမ်းဆီးပြီး ခေါ်ယူ စစ်ဆေး မေးမြန်း နှိပ်စက်မူ ပြုလုပ်ခြင်းမှာ တရား ဥပဒေနှင့် မကိုက်ညီသည့် အပြင် လူမျိုးရေး အရ စော်ကားသည်ဟု အမြင်ရှိသဖြင့် ရခိုင်အမျိုးသားများက အထူး မကျေမနပ် ဖြစ်ခဲ့ကြသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် လိုင်သာယာမြို့နယ်တွင် နေထိုင်သူ ရခိုင်များက မိမိဒေသ ရခိုင်သို့ ပြန်သွားခဲ့ကြသည်။

သို့သော်လည်း လှိုင်သာယာမြို့နယ်တွင် အလျှားပေ ၈၀ နှင့် အနံပေ ၂၇ ပေရှိသော “ပန်းမြတ်သဇင်ရေ လောင်းမဏ္ဍပ်” တစ်ခုကို ဆောက်လုပ်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပမည့် အကြောင်းကို ကျင်းပရေး ကော်မီတီ ဘဏ္ဍာရေးမှူး ဦးစံထွန်းကျော်က နိရဉ္စရာကို ယခုကဲ့သို့ပြောသည်။

“ခါတိုင်းနှစ်တွေထက် စည်စည်ကားကားဖြစ်အောင်ပြုလုပ်မှာပါ။ အဲဒီရေလောင်းမဏ္ဍပ်မှာ သီဆိုဖြေ ဖျော်ဖို့အတွက် နာမည်ကြီးရခိုင်အဆိုတော်များလာရောက်ကြမှာဖြစ်တယ်။ ပီးရင်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဖိတ်ခေါ်ထားပြီးတော့ ရေလောင်းပွဲ စနစ်တကျ ဖြစ်အောင် ကြပ်မက်ပေးဖို့အတွက်စီစဉ်ထားပါတယ်။” ဟု ပြောသည်။

Saturday, April 9, 2011

မြန်မာမှ တင်ပို့ကုန်များကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ နိုင်ငံတော်ဝင်ငွေ ပိုမိုမြင့်တက်လာ

ဂစ္ဆပသတင်းဌာန
(http://gissapa.blogspot.com)
ဧပြီလ ၈ ရက်၊ ၂၀၁၁။

မြန်မာမှ တင်ပို့ကုန်များကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ နိုင်ငံတော်ဝင်ငွေ ပိုမိုမြင့်တက်လာ

မြန်မာနိုင်ငံမှ ရေလမ်းကြောင်းမှတဆင့် တင်ပို့မှုကုန်များကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ နိုင်ငံတော်ဝင်ငွေမှာ ၂၀၁၁ ခုနှစ်အတွင်းတွင် ယခင်နှစ်များကထက် ပိုမိုပြီး မြင့်တက်လာကြောင်း ယနေ့ဧပြီ(၈)ရက်နေ့ ဒေသထုတ် SAMUDRABARTA သတင်းစာတွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့မှာ မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် အနီးကပ်ဆုံးသော မြို့တမြို့ဖြစ်ပြီး တာခ်နာမြို့နယ် ကုန်ဆိပ်ကမ်း ကာစ္စတင်မှ SAMUDRABARTA သတင်းစာသို့ “ဆိပ်ကမ်းအနေဖြင့် လစဉ်အ ကောက်မှ နိုင်ငံတော်ဝင်ငွေကို တာကာ ၂၂၉၈၈၀၀၀ အထက်ကို သတ်မှတ်ထားကြောင်းဆိုသည်။ သို့သော်လည်း မတ်နှင့် ယခုဧပြီလအတွင်း ငွေစာရင်း ရှင်းတမ်းများအရ သတ်မှတ်ထားသည်ထက် ပိုမို၍ စုစုပေါင်း တာကာ ၈၅၀၁၀၇၅၀ နိုင်ငံတော်ဝင်ငွေ ရရှိကြောင်း” ထုတ်ဖေါ် ပြောဆိုကြောင်း ဖေါ်ပြထားသည်။

အဆိုပါ ဘင်္ဂလာဒေ့ခ်ျ၏ နိုင်ငံတော်ဝင်ငွေမှာ ကော့စ်ဘဇားခရိုင်အတွင်း တာခ်နာမြို့နယ်ရှိ ကုန်သွယ်ရေးဆိပ်ကမ်းတခုတည်းမှ ဖြစ်ကြောင်းနှင့် မြန်မာမှ အဆိုပါဆိပ်ကမ်းသို့ လောလောဆယ် အများဆုံးပို့ကုန်မှာ ငါးစိမ်းနှင့် ငါးခြောက်များဖြစ်သည်။ ဘင်္ဂလာတွင် ဆိပ်ကမ်းအကောက်ဌာနများမှ ကာစ္စတင်အနေဖြင့် လစဉ်နှင့် နှစ်စဉ် အကောက်ဝင်ငွေစာရင်းများကို မြွတ်ဟထုတ်ဖေါ်လေ့ရှိသည်။

မြန်မာမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ တာခ်နာဆိပ်ကမ်းနှင့် စစ်တကောင်းဆိပ်ကမ်းသို့လည်း စပါး၊ ဆန်၊ ငါးစိမ်း၊ ငါးခြောက်၊ သစ်၊ တရုတ်လုပ် လူသုံးကုန် ပစ္စည်းများ၊ မြန်မာ-ကိုးရီးယားထုတ် အ၀တ်အထည်များအပြင် ၀ါးနှင့် တခြားကုန်အမျိုးမျိုးပစ္စည်းများ တင်ပို့လျှက်ရှိသည်။ မြန်မာအနေဖြင့် ဘင်္ဂလာမှ ဘိလပ်မြေနှင့် ဓါတ်မြေသြဇာကို အဓိကထား သယ်ဆောင်ယူသည်။

မြန်မာ-ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံ အနေဖြင့် လွန်ခဲ့သော ၁၉၉၅ ခုနှစ်၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူ စာချုပ်ကို စတင်ချုပ်ဆိုခဲ့ကြသည်။ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေမှာ မြန်မာပို့ကုန်များကြောင့် ၁၉၉၅ ခုနှစ်မှစတင်၍ တဖြည်းဖြည်း ပိုမိုမြင့် တက်လျှက်ရှိကြောင်း သိရှိရသည်။

သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံနှင့် ကုန်သွယ်ရေးနှစ်ပေါင်း ၂၀ နီးပါးခန့်တွင် တလလျှင်၊ တနှစ်လျှင် မည်လောက်နိုင်ငံတော်ဝင်ငွေ ရရှိကြောင်းကိုမူ ဘင်္ဂလာဒေ့ခ်ျနိုင်ငံကဲ့သို့ လစဉ်၊ နှစ်စဉ် မည်သည့်အခါမျှ တရားဝင် ထင်သာ မြင်သာ ထုတ်ပြန်ခြင်း ယခုအချိန်ထိ မရှိခဲ့ပေ။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်မျှဉ်းကြောင့် ပြဿနာများ ဖြစ်ပွားလျှက်ရှိရာ နယ်စပ်အခြေစိုက် နှစ်ဖက်အာဏာပိုင်များမှ မကြာခဏ အဆိုပါ နှစ်နိုင်ငံ ရေကြောင်းကုန်သွယ်ရေးအား အရေးယူ ပိတ်ဆို့မှုများပြုလုပ်၍ ကုန်သည်များ အခက်အခဲများ ကြုံခဲ့ရ ပေါင်းများလည်း ရှိသည်။

ဘင်္ဂလာ ၀န်ကြီးချုပ် Sheikh Hasina မြန်မာ-ဘင်္ဂလာ ပေါင်းကူရထားလမ်း ဖေါက်လုပ်ရန်ပြောဆို

ဂစ္ဆပသတင်းဌာန
ဧပြီလ ၇ ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဘင်္ဂလာ ၀န်ကြီးချုပ် Sheikh Hasina မြန်မာ-ဘင်္ဂလာ ပေါင်းကူရထားလမ်း ဖေါက်လုပ်ရန်ပြောဆို

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ချိအ် ဟာဆီးနာ (Sheikh Hasina)မှ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ပေါင်းကူးရထားလမ်း ဖေါက်လုပ်နိုင်ရေး စီမံကိန်းအား အလျှင်အမြန်အကောင်အထည်ဖေါ်နိုင်ရေးကို တနင်္ဂနွေနေ့က ဖွင့်ဟပြောဆိုလိုက်သည်။

အဆိုပါ ပေါင်းကူးရထားလမ်း ဖေါက်လုပ်နိုင်ရေးကို ကော့စ်ဘဇားမြို့(ဖလောင်းချိပ်မြို့)သို့ တနင်္ဂနွေနေ့က အလည်အပတ် လာစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်လူထုများ အနေဖြင့် ရခိုင်အမျိုးသမီး ကော့စ်ဘဇားခရိုင် အမတ် ဒေါ် အေးသိန်းနှင့်အတူ ချိအ် ဟာဆီးနာ ကော့စ်ဘဇားမြို့သို့ ဧပြီလ ၃ ရက်နေ့ အရောက်မှာ လိုက်လိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ဖေါက်လုပ်မည့် ရထားလမ်းအပေါ် အာရှကွန်ယက်လမ်းမကြီးအဖြစ်နှင့် အဆိုပါ လမ်းမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် တချို့နိုင်ငံများဆက်သွယ်မှု လျှင်မြန်လာမည်ဖြစ်သောကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အချက် အခြာကျသည့် ကုန်သွယ်ရေးဇုံလမ်းအဖြစ် မျှော်လင့်ထားသည်သည်။

မြန်မာ-ဘင်္ဂလာ အိမ်နီးချင်းနိုင်ငံများမှ စီးပွားရေးသမားများ အနေဖြင့် ဖေါက်လုပ်မည့် ကုန်သွယ်ရေးလမ်းအပေါ်တွင် စိတ်ဝင်စားနေ ကြပြီး၊ အကယ်၍ အကောင်အထည်ဖေါ် ဖေါက်လုပ်နိုင်မည်ဆိုလျှင် ၎င်းတို့ အနေဖြင့် အင်တိုက်အားတိုက် ကူညီပံ့ပိုး ပေးသွားမည်ဖြစ် ကြောင်း နယ်စပ်စီးပွားရေးသတင်းရပ်ကွက်များမှ ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အနောက်ဖက်ရှိ ရခိုင်ပြည် နယ်စပ်အထိ ဖေါက်လုပ်မည့် ရထားလမ်းအတွက် တာကာငွေ ကုဋေ ၂၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကာ ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် အင်တိုက်အားတိုက် ဖေါက်လုပ်သွားမည် ဖြစ် ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အာဏာပိုင်များအကြား ပေါင်းကူးကုန်သွယ်ရေးလမ်းဖေါက်လုပ်ရန် ၁၉၉၈ ခုနှစ်တွင် ယာယီအားဖြင့် သဘော တူခဲ့ကြပြီး ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၀၅ ခုနှစ်တို့တွင် စတင်ဖေါက်လုပ်ရန် အကြိမ်ကြိမ် အတည်ပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံဖက်မှ နှစ်နိုင်ငံ သဘောတူစာချုပ်များအရ အကောင်အထည်ဖေါ် ပူးပေါင်းလုပ်ဆောင်မှုများ မရှိသည့်အတွက်ကြောင်း ယခုအချိန်ထိ အဆိုပါ လမ်းမှာ မရေမရာ ရှိနေဆဲကာလတွင် ၀န်ကြီးချုပ် ချိအ် ဟာဆီနာ က နယ်စပ်အထိ ရထားလမ်းဖေါက်လုပ်ရန် တိုးမြင့်ပြောဆို လိုက်ခြင်း ဖြစ်သည်။

စစ်အုပ်စုမှ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်ရှိ စစ်တွေမြို့တော်မှ အမ်းသို့ ၂၂၅ မိုင်ကျော်ရှည်လျားသည့် ရထားလမ်း၊ အမ်းမှ ဆင်ခုံတိုင်၊ ရိုးတောင်လမ်း(၉၂ မိုင်) ခွဲရှိ ကချင်းကန်၊ ပတန်း၊ အိုင်းမမှ မင်းဘူးသို့ မိုင် ၃၀၀ ခန့်ရှည်လျားသည့် ရထားလမ်းများကို ဖေါက်လုပ်လျှက် ရှိနေရာတွင် ဒေသခံရခိုင်ပြည်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေများ အသိမ်းခံရမှုများရှိနေကြောင်းနှင့် ပေါ်တာပေးနေ ရမှုများ ရှိနေကြောင်း ပြည်တွင်းသတင်းများက ဆိုသည်။

စစ်အုပ်စု အနေဖြင့် ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့မ၀င်ဘဲ တိုက်ရိုက် ရသေ့တောင်မြို့ စေတီပြင်၊ ဂူတောင်မှ မောင်တော တောင်ပိုင်း အငူမော် ကားလမ်းများကိုလည်း ဖေါက်လုပ်လျှက် ရှိနေသည်။ မကွေးတိုင်းမှ ငသိုင်းချောင်း ကားလမ်းကိုပါ ဖေါက်လုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ လမ်းဖေါက်လုပ်မှုများတွင် ပြည်သူများ လုပ်အားပေးနေကြရကြောင်းသိရှိရသည်။

ရခိုင်ပြည်-ဘင်္ဂလာ ပေါင်းကူးကုန်သွယ်ရေးလမ်း (ယခုတဖန် ရထားလမ်း) စတင်ဖေါက်လုပ်မည်ဆိုလျှင် ရခိုင်ပြည်သူများမှာ ကျေးရွာ ပြောင်းရွေ့ခံရမှုများ၊ လယ်ယာမြေအသိမ်းခံရမှုများ၊ ဘုရားပုထိုးဇာတီများ အဖျက်အဆီးခံရမှုများ၊ ပေါ်တာဆွဲခံရမှုများအပြင် အိုးအိမ်မဲ့ ဘ၀သို့ ကျရောက်နိုင်မည် အခြေအနေများရှိသည်။

ဂစ္ဆပသတင်းဌာန အနေဖြင့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ အတွင်းရေးမှူး ခိုင်မြ၀ါအား ရခိုင်ပြည်မှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အလွယ်တကူ သဘောတူစာချုပ်တွေအရ ပေါင်းကူးလမ်းစဖေါက်လုပ်ချိန်နဲ့ လမ်းဖေါက်ပြီးနောက်ပိုင်းမှာ ကုန်သယ်ယူနေချိန်၊ ဘင်္ဂလီ တွေ ရေအားလျှပ်စစ် တည်ဆောက်နေချိန်-ပြီးချိန်၊ ဘင်္ဂလီတွေ လယ်လုပ်ချိန်-ကာလအရှည်၊ ဘင်္ဂလီတွေ သစ်စတင်ခုတ်ချိန်-သစ်ပြုန်း တီးချိန်၊ ဘင်္ဂလီတွေ ငါးစဖမ်းချိန်-ငါးမျိုးပြုန်းတီးချိန် စတဲ့ကာလတွေမှာ ရခိုင်လူထုတွေ ဖြစ်ပေါ်ခံစားလာဖို့ လူမျိုးရောနှောမည့် ဆိုးကျိုးနဲ့ စစ်အုပ်စုအဖို့ စီမံကိန်းတွေ အောင်မြင်ဖို့ အခြေအနေကို အကျဉ်းချုပ် ရခိုင်ပြည်သူများကို သိခွင့်ရစေရန် ရှင်းပြစေချင်ပါတယ်။”

“ဗမာစစ်အာဏာရှင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို ရခိုင်ပြည်မှာရှိသမျှ မြစ်ချောင်းတွေမှ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့၊ သစ်-၀ါးတောတွေ ကိုခုတ်ဖို့၊ လယ်ယာမြေတွေကို ငှားရန်းဖို့၊ စတာတွေကို စာချုပ်ချုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ဗမာစစ်အာဏာရှင်က ရရှိတဲ့ငွေတွေကို ရခိုင်ပြည် သူတွေ အကျိုးရှိဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ မသုံးပါဘူး၊ အဲဒီငွေတွေနဲ့ဘဲ ရခိုင်ပြည်သူတွေကို ဖိနှိပ်ဖို့၊ ဗမာစစ်အာဏာရှင်တွေရဲ့ စစ်တပ်ကို တိုးချဲ့ပြီးစစ်လက်နက်ပစ္စည်းတွေကိုသာ ၀ယ်မှာဖြစ်ပါတယ်၊ မြစ်ချောင်းတွေက ထုတ်လုပ်တဲ့ ရေအားလျှပ်စစ်ကိုလည်း နိုင်ငံ ခြားကိုသာ ရောင်းမှာဖြစ်တဲ့အတွက် ပိုင်ရှင်ရခိုင်ပြည်သူတွေသုံးစွဲခွင့် ရမှာမဟုတ်ပါဘူး၊ အရင်ကလည်း ရခိုင်ပြည်ကထွက်တဲ့ သဘာဝ ဓါတ်ငွေ့အပါအ၀င် သယံဇာတပစ္စည်း အမျိုးမျိုးကို ဗမာစစ်အာဏာရှင် အစိုးရအဆက်ဆက်က နိုင်ငံခြားကိုရောင်းခဲ့ပါတယ်၊ ရခိုင်ပြည် သူတွေအတွက် အကျိုးမရှိခဲ့ပါဘူး၊ အခုလည်း ရခိုင်ပြည်သူတွေက အရင်အတိုင်းဆင်းရဲမြဲဆင်းရဲနေမှာဘဲ၊ ဒါကြောင့်မို့ ဗမာစစ်အာ ဏာရှင်နဲ့ ဘင်္ဂလာအစိုးရတို့ ချုပ်ဆိုတဲ့ စာချုပ်တချို့ကို ANCက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောလိုပါတယ်။ ဖေါက်လုပ်ဖို့ သဘောတူထားတဲ့ နှစ်နိုင်ငံ ပေါင်းကူလမ်းကိုတော့ မကန့်ကွက်ပါဘူး၊ ရေအားလျှပ်စစ် တည်ဆောက်မည်စာချုပ်၊ လယ်ယာမြေ ငှားရန်း သည့်စာချုပ်၊ သစ်ခုတ်ခွင့်သဘောတူညီမှုတို့ကို ကန့်ကွက်ပါတယ်၊ နယ်စပ်လမ်းတွေ ဖေါက်လုပ်လာမည့် အပေါ်မှာမှာ လူထုတို့၏ အိုးအိမ်ပြောင်းရွေ့မှုများ၊ ပေါ်တာခိုင်းစေမှုများအပြင် စစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်မှုတွေ ဖြစ်ပေါ်လာမည်ကို မလုပ်မိစေဖို့ စစ်အာဏာရှင်ကို တိုက်တွန်းလိုပါတယ်။”ဟု ဆရာ ခိုင်မြ၀ါက ပြောသည်။

မြန်မာစစ်အုပ်စု အနေဖြင့် ရခိုင်ပြည်သူများအပေါ် တစုံတရာ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားမှုမရှိသည့် အာဏာရှင်စနစ်အရ လူမျိုးပြုန်း တီးရေး စီမံကိန်းဖြစ်သည်။ ၎င်းတို့အနေနန့် ရခိုင်ပြည်နှင့် လူထုအပေါ် ဘင်္ဂလာ-ရခိုင်ပြည် နှစ်နိုင်ငံ ပေါင်းကူလမ်းမကြီး၊ ရေအားလျှပ်စစ်၊ လယ်ယာ (ဧက ၅၀၀၀၀)၊ သစ်၊ ငါး၊ စပါး၊ ၀ါး၊ ငရုပ်ကောင်းစိနှင့် တခြားမြေပေါ်-မြေအောက် သယံဇာတများကို ၆ နှစ်မျှကာလအတွင်း ကုန်သွယ်လုပ်ပိုင်သယ်ယူပိုင်ခွင့် အလွယ်တကူ သဘောတူစာချုပ်များ ပြုလုပ်ခြင်းများကို ကြည့်ခြင်းအားဖြင့် သွယ်ဝိုက်သည့်နည်းဖြင့် ရခိုင်အမျိုးသားများ မျိုးပြိုန်းအောင် စီမံလုပ်ဆောင်နေခြင်း ဖြစ်သည်။ ယခုလို လမ်းဖေါက်လုပ်မှုမှာ စစ်အုပ်စုအကျိုးအမြတ်သာ ဖြစ်ထွန်း လာမည်ဖြစ်ပြီး ရခိုင်ပြည်နှင့် ရခိုင်လူထုအတွက် ကုန်းကောက်စရာ တခုမျှမကျန်အောင် ဖန်တီးခြင်းများသာ ဖြစ်သည်ဟု ရခိုင်ပြည် နိုင်ငံရေး အဖွဲ့အစည်းများက ဆိုသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)မှ ပြောရဲဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် စောမိမိသန်းက အောက်ပါအတိုင်း ပြောသည်။
“RWUအနေနဲ့ ဆက်စပ် ကြည့်ရသလောက် ဘင်္ဂလာ-ရခိုင်ပြည် ပေါင်းကူးလမ်းဖေါက်မဲ့ အပေါ်မှာ လမ်းနဲ့နီးစပ်တဲ့ ကျေးရွာတွေက အမျိုးသမီးတွေအတွက် အန္တရာယ် ရှိလာမည့် အခြေအနေ တွေ့ရပါတယ်၊ အခုက ရခိုင်ပြည်ထဲမှာ ရခိုင်အမျိုးသားတွေ လုပ်တဲ့အလုပ် တွေကို အမျိုးသမီးတွေက လုပ်နေရတော့ လမ်းဖေါက်လာရင် အတင်းအဓမ္မ လုပ်အားပေးတာတွေ ဖြစ်ပေါ်လာမှုတွေမှာ အမျိုးသမီး တွေအပေါ် မုဒိမ်းမှုနဲ့ တဆက်တည်းမှာ ကလေးတွေအပေါ်မှာလည်း ထိခိုက်နစ်နာစရာ အများအပြားဖြစ်ပေါ်လာနိုင်ပါတယ်၊ ရေအား လျှပ်စစ် ဆည်ဆောက်လုပ်ရေးတွေကိုလည်း ကန့်ကွက်ပါတယ်၊ အဲတာတွေက သဘာဝပတ်ဝန်ကျင်မက ဒေသခံလူထုတွေကိုပါ သိပ်ပြီးတော့ အန္တရာယ်များတဲ့အတွက်ဖြစ်ပါတယ်၊ ဆည်တွေဆောက်လုပ်ဖို့ RWUအနေနဲ့ တားမြစ်ပါတယ်၊ ကန့်ကွက်ပါတယ်။”

စစ်အုပ်စုသည် ရခိုင်ပြည်မှ မြေပေါ်မြေအောက် သယံဇာတများကိုပြပြီး ဘင်္ဂလာ အစိုးရအား နည်းမျိုးစုံဖြင့် ရခိုင်ပြည် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို ဖြိုခွင်းရန် ဖိအားပေးခဲ့များမှု အမြောက်အများရှိသည်။

ရခိုင်ပြည်-ဘင်္ဂလာ လမ်းယာယီစတင်ဖေါက်လုပ်မှုအား ၂၀၀၄ ခု၊ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင် ၈ ဦးတို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ်စပ်ရှိ မောင်တောမြို့နယ် ဘော်လီဈေးမှ ပြည်တွင်းသို့ ၆၃ ကီလိုမီ တာ ရှည်လျားသည့်လမ်းနှင့် ဘင်္ဂလာဖက် ရာမူးမြို့နယ်မှ နယ်စပ်သို့ ၄၀ ကီလိုမီတာနှင့် ထိုမှ မြန်မာဖက် ဘော်လီဈေးသို့ ၂၃ ကီလို မီတာ ရှည်လျားသည့် လမ်းတို့အား အုပ်မြစ်ချဖေါက်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြရာ ဘင်္ဂလာဖက်မှ လမ်းကြမ်းဖေါက်လုပ်ပြီး လျှက်ရှိ နေပြီးဖြစ်သည်။

လွန်ခဲ့သော ၂၀၀၄ ခုနှစ်က မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အကြီးအကဲများ အနေဖြင့် အဆိုပါ လမ်းကြမ်းဖေါက်လုပ်ရာတွင် တာကာငွေ ၉၈ ကုဋေမှ ကုဋေ ၁၂၀ ကျော်အထိ ကုန်ကျမည်ဟု ယာတားထားရှိခဲ့ကြသည်။

ထိုအချိန်ကတည်းက ဘင်္ဂလာဖက်မှ အကောင်အထည်ဖေါ်သည့် အနေဖြင့် ရာမူး၊ အိုခီးယားမှတဆင့် နယ်စပ်အဆုံး တောင်ပြိုထိ ၂၀၀၅ ခု၊ ဖေဖေါ်ဝါရီလ ၂၅ ရက်တို့တွင် လမ်းကြမ်းဖေါက်လုပ်မှုကိုမူ ပြုလုပ်ပြီးစီးခဲ့သော်လည်း မြန်မာဖက်မှမူ အခုအချိန်ထိ တစုံတရာ နယ်စပ်လမ်းကြမ်း ပြုလုပ်နေသည်ကို မတွေ့ရသေးချေ။

လွန်ခဲ့သော ၂၀၀၁ မှ ၂၀၀၉ ခုနှစ်အထိ အဆိုပါ နှစ်နိုင်ငံနယ်စပ်တလျှောက် လမ်းကြမ်းဖေါက်လုပ်ရာတွင် ကုန်ကျမည့် ငွေများကို ဘင်္ဂလာဖက်မှ အကုန်အကျခံမည်ဟု သဘောတူခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ပေါင်းကူလမ်းဖေါက်လုပ်မည့် စီမံကိန်း သဘောတူညီချက်များ အပေါ် အလျှင် အမြန် ဖေါက်လုပ်ရန်စိုင်းပြင်းလျှက်ရှိနေပြီး၊ ဘင်္ဂလာဖက်မှ တာဝန်ရှိသူများ အနေဖြင့် မြန်မာအာဏာပိုင်များကို လုံးဝအားတက် သရောမရှိကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သတင်းစာများတွင် အကြိမ်ကြိမ် ဖေါ်ပြခဲ့သည်။

Please contact to voiceofgissapa@gmail.com and http://gissapa.blogspot.com

ခလရ ၂၃၃ တပ်ရင်းမှ တပ်သား ၂ ဦးကို ၄ လအတွင်း ပစ်သတ်ဖြတ်

ဂစ္ဆပသတင်းဌာန
ဧပြီလ ၈ ရက်၊ ၂၀၁၁။
http:gissapa.blogspot.com

ခလရ ၂၃၃ တပ်ရင်းမှ တပ်သား ၂ ဦးကို ၄ လအတွင်း ပစ်သတ်ဖြတ်

ခလရ ၂၃၃ ရှေ့တန်း (ရတ)တပ်ရင်းမှ လက်နက်အပြည့်အစုံဖြင့် ၄ လအတွင်း အသီးသီး တိမ်းရှောင်သည့် တပ်သား တင်ထွန်းနှင့် မင်းဇော်ဦး ၂ ဦးကို ပစ်သတ်ဖြတ် လိုက်ကြောင်း သတင်းရရှိသည်။

တပ်သား တင်ထွန်းမှာ မောင်တောမြို့နယ် နယ်မြေ(၂) တောင်ပြိုမြို့နယ်အတွင်း စစ်ဆင်ရေးတာဝန်ကျနေရာ ညဥ့်အချိန်တွင် ဘိုလ်ကြီး အောင်မျိုးထွန်း ဦးစီးသော တပ်ခွဲမှ ဧပြီလ ၃ ရက်နေ့က တိမ်းရှောင်ခြင်းဖြစ်သည်။ တပ်သား မင်းဇော်ဦး (ကပနံပါတ် ၄၃၆၆၂၀)မှာ ဒီဇင်္ဘာလ ၁၇ ရက်နေ့က နယ်စပ်မှတ်တိုင်များအား လိုက်လံစစ်ဆေး ပြုပြင်နေစဉ် ဘိုလ်မှူး မျိုးဇော်ဝင်း ထံမှ တိမ်းရှောင်ခြင်းဖြစ်သည်။ ခလရ ၂၃၃ (ရတ) စစ်ကြောင်းမှူးမှာ ဘိုလ်မှူး မျိုးဇော်ဝင်း ဖြစ်သည်။

သို့သော်လည်း တသ တင်ထွန်းမှာ သူ၏တပ်ခွဲမှူး ခလရ ၂၃၃ မှ ဘိုလ်ကြီး အောင်မျိုးထွန်း ဦးစီးသောတပ်ခွဲထံ နောက်ယောင် လိုက်လံ ရှာဖွေမှုကြောင့် ဧပြီလ ၃ ရက်နေ့တွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြရာ တိုက်ပွဲအတွင်း ပွဲချင်းပြီး နံနက် အာရုံ ၃ နာရီ ၂၀ မိနစ်တွင် ပစ်သတ်ဖြတ် အသေဖမ်းဆီး ခံလိုက်ရကြောင်း သိရှိရသည်။

တပ်သား မင်းဇော်ဦးမှာ ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မှတ်တိုင် ၅၇ အနီးမှ ဘင်္ဂလာသို့ တိမ်းရှောင်လွတ်မြောက်ခဲ့သော်လည်း ဘင်္ဂလာ ဒေ့ခ်ျနယ်စပ်လုံခြုံရေးအဖွဲ့ (BGB) မြိတ်ချောင်းစခန်းထံ လက်နက်ချခဲ့ရပြီး၊ အဆိုပါ BGB စခန်းမှ နစကသို့ ဒီဇင်္ဘာလ (၂၂) ရက်နေ့က လွဲပြောင်းခံလိုက်ရပြီး များမကြာမီ ပစ်သတ်ဖြတ် ခံလိုက်ရကြောင်း နစကသတင်းအရ သိရှိရသည်။

မောင်တော-ဘူးသီးတောင်မြို့နယ် နယ်စပ်ဒေသများတွင် စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေ တာဝန်ထမ်းဆောင်နေကြသော စစ်ကြောင်း များမှာ ၄ လ တကြိမ်စီ အလှည့်ကျဖြစ်သည်။ ယခုအခါ နယ်မြေ(၂) နယ်စပ်စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ကို စစ်တွေမြို့ အခြေစိုက် ခလရ ၃၅၄ (ရတ) မှ စစ်ကြောင်းတခု ဧပြီလ ပထမအပတ်က တာဝန်ယူလျှက်ရှိသည်။

ခလရ ၂၃၃ (ရတ) တပ်ရင်းမှာ အဆိုပါ နယ်မြေသို့ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးအရ ဒီဇင်္ဘာလ (၁၀)ရက်နေ့တွင် စတင်ပြီး တာဝန်ယူခဲ့သော စစ်ကြောင်းဖြစ်သည်။

ဘူးသီးတောင် စစ်ဗျူဟာအောက်တွင် ခလရ ၂၃၃ တပ်ရင်း၊ ခလရ ၂၃၄ တပ်ရင်း၊ ခလရ ၂၆၃ တပ်ရင်းနှင့် အမြောက် တပ်ရင်း (အမတ) ၃၇၈ တပ်ရင်း စုစုပေါင်း တပ်ရင်း ၄ ရင်းရှိသည်။ ခလရ ၂၃၃ တပ်ရင်းမှာ ဘူးသီးတောင်အခြေစိုက် တပ်ရင်းတရင်းဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်အုပ်စု တပ်မတော်သားများ အနေဖြင့် မကြာ ခဏ ထွက်ပြေးတိမ်းရှောင်လေ့ ရှိနေကြပြီး ဖေဖေါ်ဝါရီလအတွင်းက ရသေ့တောင် အခြေစိုက် ခလရ ၅၃၈ တပ်ရင်းမှလည်း တပ်သား ၂ ဦး လက်နက်များဖြင့် ထွက်ပြေးကြရာ ပြန်လည်၍ စစ်အုပ်စုထံ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း သတင်းရရှိသည်။

စစ်အုပ်စု အနေဖြင့် ၎င်းတို့စစ်တပ်မှ လက်နက်အပြည့်အစုံနှင့် တိမ်းရှောင်သော တပ်မတော်သားများကို ပြန်လည်၍ ဖမ်းဆီးမိပါက သေဒါဏ်အပြစ် စီရင်လေ့ အလေ့အထရှိသည်။

Thursday, April 7, 2011

ဘင်္ဂလာ ၀န်ကြီးချုပ် Sheikh Hasina မြန်မာ-ဘင်္ဂလာ ပေါင်းကူရထားလမ်း ဖေါက်လုပ်ရန်ပြောဆို

ဂစ္ဆပသတင်းဌာန
ဧပြီလ ၇ ရက်၊ ၂၀၁၁။
http://gissapa.blogspot.com
ဘင်္ဂလာ ၀န်ကြီးချုပ် Sheikh Hasina မြန်မာ-ဘင်္ဂလာ ပေါင်းကူရထားလမ်း ဖေါက်လုပ်ရန်ပြောဆို

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ချိအ် ဟာဆီးနာ (Sheikh Hasina)မှ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ပေါင်းကူးရထားလမ်း ဖေါက်လုပ်နိုင်ရေး စီမံကိန်းအား အလျှင်အမြန်အကောင်အထည်ဖေါ်နိုင်ရေးကို တနင်္ဂနွေနေ့က ဖွင့်ဟပြောဆိုလိုက်သည်။

အဆိုပါ ပေါင်းကူးရထားလမ်း ဖေါက်လုပ်နိုင်ရေးကို ကော့စ်ဘဇားမြို့(ဖလောင်းချိပ်မြို့)သို့ တနင်္ဂနွေနေ့က အလည်အပတ် လာစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်လူထုများ အနေဖြင့် ရခိုင်အမျိုးသမီး ကော့စ်ဘဇားခရိုင် အမတ် ဒေါ် အေးသိန်းနှင့်အတူ ချိအ် ဟာဆီးနာ ကော့စ်ဘဇားမြို့သို့ ဧပြီလ ၃ ရက်နေ့ အရောက်မှာ လိုက်လိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ဖေါက်လုပ်မည့် ရထားလမ်းအပေါ် အာရှကွန်ယက်လမ်းမကြီးအဖြစ်နှင့် အဆိုပါ လမ်းမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် တချို့နိုင်ငံများဆက်သွယ်မှု လျှင်မြန်လာမည်ဖြစ်သောကြောင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အချက် အခြာကျသည့် ကုန်သွယ်ရေးဇုံလမ်းအဖြစ် မျှော်လင့်ထားသည်သည်။

မြန်မာ-ဘင်္ဂလာ အိမ်နီးချင်းနိုင်ငံများမှ စီးပွားရေးသမားများ အနေဖြင့် ဖေါက်လုပ်မည့် ကုန်သွယ်ရေးလမ်းအပေါ်တွင် စိတ်ဝင် စားနေ ကြပြီး၊ အကယ်၍ အကောင်အထည်ဖေါ် ဖေါက်လုပ်နိုင်မည်ဆိုလျှင် ၎င်းတို့ အနေဖြင့် အင်တိုက်အားတိုက် ကူညီပံ့ပိုး ပေးသွားမည်ဖြစ် ကြောင်း နယ်စပ်စီးပွားရေးသတင်းရပ်ကွက်များမှ ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အနောက်ဖက်ရှိ ရခိုင်ပြည် နယ်စပ်အထိ ဖေါက်လုပ်မည့် ရထားလမ်းအတွက် တာကာ ငွေ ကုဋေ ၂၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကာ ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် အင်တိုက်အားတိုက် ဖေါက်လုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အာဏာပိုင်များအကြား ပေါင်းကူးကုန်သွယ်ရေးလမ်းဖေါက်လုပ်ရန် ၁၉၉၈ ခုနှစ်တွင် ယာယီအားဖြင့် သဘော တူခဲ့ကြပြီး ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၀၅ ခုနှစ်တို့တွင် စတင်ဖေါက်လုပ်ရန် အကြိမ်ကြိမ် အတည်ပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံဖက်မှ နှစ်နိုင်ငံ သဘောတူစာချုပ်များအရ အကောင်အထည်ဖေါ် ပူးပေါင်းလုပ်ဆောင်မှုများ မရှိသည့်အတွက်ကြောင်း ယခုအချိန်ထိ အဆိုပါ လမ်းမှာ မရေမရာ ရှိနေဆဲကာလတွင် ၀န်ကြီးချုပ် ချိအ် ဟာဆီနာ က နယ်စပ်အထိ ရထားလမ်း ဖေါက်လုပ်ရန် တိုးမြင့်ပြောဆို လိုက်ခြင်း ဖြစ်သည်။

စစ်အုပ်စုမှ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်ရှိ စစ်တွေမြို့တော်မှ အမ်းသို့ ၂၂၅ မိုင်ကျော်ရှည်လျားသည့် ရထားလမ်း၊ အမ်းမှ ဆင်ခုံတိုင်၊ ရိုးတောင်လမ်း(၉၂ မိုင်) ခွဲရှိ ကချင်းကန်၊ ပတန်း၊ အိုင်းမမှ မင်းဘူးသို့ မိုင် ၃၀၀ ခန့်ရှည်လျားသည့် ရထားလမ်းများကို ဖေါက်လုပ်လျှက် ရှိနေရာတွင် ဒေသခံရခိုင်ပြည်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေများ အသိမ်းခံရမှုများ ရှိနေကြောင်းနှင့် ပေါ်တာပေးနေ ရမှုများ ရှိနေကြောင်း ပြည်တွင်းသတင်းများက ဆိုသည်။

စစ်အုပ်စု အနေဖြင့် ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့မ၀င်ဘဲ တိုက်ရိုက် ရသေ့တောင်မြို့ စေတီပြင်၊ ဂူတောင်မှ မောင်တော တောင်ပိုင်း အငူမော် ကားလမ်းများကိုလည်း ဖေါက်လုပ်လျှက် ရှိနေသည်။ မကွေးတိုင်းမှ ငသိုင်းချောင်း ကားလမ်းကိုပါ ဖေါက်လုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ လမ်းဖေါက်လုပ်မှုများတွင် ပြည်သူများ လုပ်အားပေးနေကြရ ကြောင်းသိရှိ ရသည်။

ရခိုင်ပြည်-ဘင်္ဂလာ ပေါင်းကူးကုန်သွယ်ရေးလမ်း (ယခုတဖန် ရထားလမ်း) စတင်ဖေါက်လုပ်မည်ဆိုလျှင် ရခိုင်ပြည်သူများမှာ ကျေးရွာ ပြောင်းရွေ့ခံရမှုများ၊ လယ်ယာမြေအသိမ်းခံရမှုများ၊ ဘုရားပုထိုးဇာတီများ အဖျက်အဆီးခံရမှုများ၊ ပေါ်တာဆွဲခံရမှု များအပြင် အိုးအိမ်မဲ့ ဘ၀သို့ ကျရောက်နိုင်မည် အခြေအနေများရှိသည်။

ဂစ္ဆပသတင်းဌာန အနေဖြင့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ အတွင်းရေးမှူး ခိုင်မြ၀ါအား ရခိုင်ပြည်မှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အလွယ်တကူ သဘောတူစာချုပ်တွေအရ ပေါင်းကူးလမ်းစဖေါက်လုပ်ချိန်နဲ့ လမ်းဖေါက်ပြီးနောက်ပိုင်းမှာ ကုန်သယ်ယူ နေချိန်၊ ဘင်္ဂလီ တွေ ရေအားလျှပ်စစ် တည်ဆောက်နေချိန်-ပြီးချိန်၊ ဘင်္ဂလီတွေ လယ်လုပ်ချိန်-ကာလအရှည်၊ ဘင်္ဂလီတွေ သစ်စတင်ခုတ်ချိန်-သစ်ပြုန်း တီးချိန်၊ ဘင်္ဂလီတွေ ငါးစဖမ်းချိန်-ငါးမျိုးပြုန်းတီးချိန် စတဲ့ကာလတွေမှာ ရခိုင်လူထုတွေ ဖြစ်ပေါ်ခံစားလာဖို့ လူမျိုးရောနှောမည့် ဆိုးကျိုးနဲ့ စစ်အုပ်စုအဖို့ စီမံကိန်းတွေ အောင်မြင်ဖို့ အခြေအနေကို အကျဉ်းချုပ် ရခိုင်ပြည်သူများကို သိခွင့်ရစေရန် ရှင်းပြစေချင်ပါတယ်။”

“ဗမာစစ်အာဏာရှင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို ရခိုင်ပြည်မှာရှိသမျှ မြစ်ချောင်းတွေမှ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့၊ သစ်-၀ါးတော တွေ ကိုခုတ်ဖို့၊ လယ်ယာမြေတွေကို ငှားရန်းဖို့၊ စတာတွေကို စာချုပ်ချုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ဗမာစစ်အာဏာရှင်က ရရှိတဲ့ငွေ တွေကို ရခိုင်ပြည် သူတွေ အကျိုးရှိဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ မသုံးပါဘူး၊ အဲဒီငွေတွေနဲ့ဘဲ ရခိုင်ပြည်သူတွေကို ဖိနှိပ်ဖို့၊ ဗမာစစ်အာဏာရှင်တွေရဲ့ စစ်တပ်ကို တိုးချဲ့ပြီးစစ်လက်နက်ပစ္စည်းတွေကိုသာ ၀ယ်မှာဖြစ်ပါတယ်၊ မြစ်ချောင်းတွေက ထုတ်လုပ်တဲ့ ရေအားလျှပ်စစ်ကိုလည်း နိုင်ငံ ခြားကိုသာ ရောင်းမှာဖြစ်တဲ့အတွက် ပိုင်ရှင်ရခိုင်ပြည်သူတွေသုံးစွဲခွင့် ရမှာမဟုတ်ပါဘူး၊ အရင်က လည်း ရခိုင်ပြည်ကထွက်တဲ့ သဘာဝ ဓါတ်ငွေ့အပါအ၀င် သယံဇာတပစ္စည်း အမျိုးမျိုးကို ဗမာစစ်အာဏာရှင် အစိုးရအဆက် ဆက်က နိုင်ငံခြားကိုရောင်းခဲ့ပါတယ်၊ ရခိုင်ပြည် သူတွေအတွက် အကျိုးမရှိခဲ့ပါဘူး၊ အခုလည်း ရခိုင်ပြည်သူတွေက အရင် အတိုင်းဆင်းရဲမြဲဆင်းရဲနေမှာဘဲ၊ ဒါကြောင့်မို့ ဗမာစစ်အာ ဏာရှင်နဲ့ ဘင်္ဂလာအစိုးရတို့ ချုပ်ဆိုတဲ့ စာချုပ်တချို့ကို ANCက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောလိုပါတယ်။ ဖေါက်လုပ်ဖို့ သဘောတူထားတဲ့ နှစ်နိုင်ငံ ပေါင်းကူလမ်းကိုတော့ မကန့်ကွက်ပါဘူး၊ ရေအားလျှပ်စစ် တည်ဆောက်မည်စာချုပ်၊ လယ်ယာမြေ ငှားရန်း သည့်စာချုပ်၊ သစ်ခုတ်ခွင့် သဘောတူညီ မှုတို့ကို ကန့်ကွက်ပါတယ်၊ နယ်စပ်လမ်းတွေ ဖေါက်လုပ်လာမည့် အပေါ်မှာမှာ လူထုတို့၏ အိုးအိမ်ပြောင်းရွေ့မှုများ၊ ပေါ်တာခိုင်း စေမှုများအပြင် စစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်မှုတွေ ဖြစ်ပေါ်လာမည်ကို မလုပ်မိစေဖို့ စစ်အာဏာရှင်ကို တိုက်တွန်း လိုပါတယ်။”ဟု ဆရာ ခိုင်မြ၀ါက ပြောသည်။

မြန်မာစစ်အုပ်စု အနေဖြင့် ရခိုင်ပြည်သူများအပေါ် တစုံတရာ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားမှုမရှိသည့် အာဏာရှင်စနစ်အရ လူမျိုးပြုန်း တီးရေး စီမံကိန်းဖြစ်သည်။ ၎င်းတို့အနေနန့် ရခိုင်ပြည်နှင့် လူထုအပေါ် ဘင်္ဂလာ-ရခိုင်ပြည် နှစ်နိုင်ငံ ပေါင်းကူလမ်း မကြီး၊ ရေအားလျှပ်စစ်၊ လယ်ယာ (ဧက ၅၀၀၀၀)၊ သစ်၊ ငါး၊ စပါး၊ ၀ါး၊ ငရုပ်ကောင်းစိနှင့် တခြားမြေပေါ်-မြေအောက် သယံဇာတများကို ၆ နှစ်မျှကာလအတွင်း ကုန်သွယ်လုပ်ပိုင်သယ်ယူပိုင်ခွင့် အလွယ်တကူ သဘောတူစာချုပ်များ ပြုလုပ်ခြင်း များကို ကြည့်ခြင်းအားဖြင့် သွယ်ဝိုက်သည့်နည်းဖြင့် ရခိုင်အမျိုးသားများ မျိုးပြိုန်းအောင် စီမံလုပ်ဆောင် နေခြင်းဖြစ်သည်။ ယခုလို လမ်းဖေါက်လုပ်မှုမှာ စစ်အုပ်စုအကျိုးအမြတ်သာ ဖြစ်ထွန်း လာမည်ဖြစ်ပြီး ရခိုင်ပြည်နှင့် ရခိုင်လူထုအတွက် ကုန်းကောက်စရာ တခုမျှမကျန်အောင် ဖန်တီးခြင်းများသာ ဖြစ်သည်ဟု ရခိုင်ပြည် နိုင်ငံရေး အဖွဲ့အစည်းများက ဆိုသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)မှ ပြောရဲဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် စောမိမိသန်းက အောက်ပါအတိုင်း ပြောသည်။
“RWUအနေနဲ့ ဆက်စပ် ကြည့်ရသလောက် ဘင်္ဂလာ-ရခိုင်ပြည် ပေါင်းကူးလမ်းဖေါက်မဲ့ အပေါ်မှာ လမ်းနဲ့နီးစပ်တဲ့ ကျေးရွာတွေက အမျိုးသမီးတွေအတွက် အန္တရာယ် ရှိလာမည့် အခြေအနေ တွေ့ရပါတယ်၊ အခုက ရခိုင်ပြည်ထဲမှာ ရခိုင်အမျိုးသားတွေ လုပ်တဲ့အလုပ် တွေကို အမျိုးသမီးတွေက လုပ်နေရတော့ လမ်းဖေါက်လာရင် အတင်းအဓမ္မ လုပ်အားပေးတာတွေ ဖြစ်ပေါ်လာမှုတွေမှာ အမျိုးသမီး တွေအပေါ် မုဒိမ်းမှုနဲ့ တဆက်တည်းမှာ ကလေးတွေအပေါ်မှာလည်း ထိခိုက်နစ်နာစရာ အများအပြားဖြစ်ပေါ်လာနိုင်ပါတယ်၊ ရေအား လျှပ်စစ် ဆည်ဆောက်လုပ်ရေးတွေကိုလည်း ကန့်ကွက်ပါတယ်၊ အဲတာတွေက သဘာဝပတ်ဝန်ကျင်မက ဒေသခံလူထုတွေကိုပါ သိပ်ပြီးတော့ အန္တရာယ်များတဲ့အတွက်ဖြစ်ပါတယ်၊ ဆည်တွေဆောက်လုပ်ဖို့ RWUအနေနဲ့ တားမြစ်ပါတယ်၊ ကန့်ကွက်ပါတယ်။”

စစ်အုပ်စုသည် ရခိုင်ပြည်မှ မြေပေါ်မြေအောက် သယံဇာတများကိုပြပြီး ဘင်္ဂလာ အစိုးရအား နည်းမျိုးစုံဖြင့် ရခိုင်ပြည် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို ဖြိုခွင်းရန် ဖိအားပေးခဲ့များမှု အမြောက်အများရှိသည်။
ရခိုင်ပြည်-ဘင်္ဂလာ လမ်းယာယီစတင်ဖေါက်လုပ်မှုအား ၂၀၀၄ ခု၊ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင် ၈ ဦးတို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ်စပ်ရှိ မောင်တောမြို့နယ် ဘော်လီဈေးမှ ပြည်တွင်းသို့ ၆၃ ကီလိုမီ တာ ရှည်လျားသည့်လမ်းနှင့် ဘင်္ဂလာဖက် ရာမူးမြို့နယ်မှ နယ်စပ်သို့ ၄၀ ကီလိုမီတာနှင့် ထိုမှ မြန်မာဖက် ဘော်လီဈေးသို့ ၂၃ ကီလို မီတာ ရှည်လျားသည့် လမ်းတို့အား အုပ်မြစ်ချဖေါက်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြရာ ဘင်္ဂလာဖက်မှ လမ်းကြမ်းဖေါက်လုပ်ပြီး လျှက်ရှိ နေပြီးဖြစ်သည်။

လွန်ခဲ့သော ၂၀၀၄ ခုနှစ်က မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အကြီးအကဲများ အနေဖြင့် အဆိုပါ လမ်းကြမ်းဖေါက်လုပ်ရာတွင် တာကာငွေ ၉၈ ကုဋေမှ ကုဋေ ၁၂၀ ကျော်အထိ ကုန်ကျမည်ဟု ယာတားထားရှိခဲ့ကြသည်။

ထိုအချိန်ကတည်းက ဘင်္ဂလာဖက်မှ အကောင်အထည်ဖေါ်သည့် အနေဖြင့် ရာမူး၊ အိုခီးယားမှတဆင့် နယ်စပ်အဆုံး တောင်ပြိုထိ ၂၀၀၅ ခု၊ ဖေဖေါ်ဝါရီလ ၂၅ ရက်တို့တွင် လမ်းကြမ်းဖေါက်လုပ်မှုကိုမူ ပြုလုပ်ပြီးစီးခဲ့သော်လည်း မြန်မာဖက်မှမူ အခုအချိန်ထိ တစုံတရာ နယ်စပ်လမ်းကြမ်း ပြုလုပ်နေသည်ကို မတွေ့ရသေးချေ။

လွန်ခဲ့သော ၂၀၀၁ မှ ၂၀၀၉ ခုနှစ်အထိ အဆိုပါ နှစ်နိုင်ငံနယ်စပ်တလျှောက် လမ်းကြမ်းဖေါက်လုပ်ရာတွင် ကုန်ကျမည့် ငွေများကို ဘင်္ဂလာဖက်မှ အကုန်အကျခံမည်ဟု သဘောတူခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ပေါင်းကူလမ်းဖေါက်လုပ်မည့် စီမံကိန်း သဘောတူညီချက်များ အပေါ် အလျှင် အမြန် ဖေါက်လုပ်ရန်စိုင်းပြင်းလျှက်ရှိနေပြီး၊ ဘင်္ဂလာဖက်မှ တာဝန်ရှိသူများ အနေဖြင့် မြန်မာအာဏာပိုင်များကို လုံးဝအားတက် သရောမရှိကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သတင်းစာများတွင် အကြိမ်ကြိမ် ဖေါ်ပြခဲ့သည်။

Please contact to voiceofgissapa@gmail.com and http://gissapa.blogspot.com

Wednesday, April 6, 2011

အခြားမဲ့၌မှတပါး အခြားမရှိပြီ

အခြားမဲ့၌မှတပါး အခြားမရှိပြီ

နှင်းတွေငိုတဲ့နေ့ 
မည်သို့ဆိုစေ သည်နေ့သည်လည်း နှင်းတွေပြိုကျလာသည့်နေ့မှန်း မြင်နေရသည်။ ပြတင်းပေါက်က မြင်နေရသည်မှာ နှင်းမိုးတွေ တသဲသဲနှင့်။ လမ်းမပေါ်မှာ သွားနေသော ကားတွေခေါင်မိုးတွေကသာ နှင်းဖြူဖြူတွေ ဖုံးအုပ်ခံရမှုက လွတ်သည်။ ရပ်ထားသော ကားတွေက နှင်းတွေ ဖုံးလွှမ်းထားတာ မြင်ရတော့ စိတ်ထဲမှာ ပျော်စရာလိုလို၊ ပြတင်းပေါက်တွေကို မဖွင့်နိုင်လောက်အောင် အေးစက် နေသည်။ အခန်းထဲတွင် အပူချိန် ပေးထားသောကြောင့် နေရထိုင်ရတာ အဆင်ပြေ နေသည်။ သို့ မဟုတ်က ရေခဲအမှတ် သုညအောက် ရောက်နေသော အမေရိကန်နိုင်ငံ နယူးယောက်မြို့ အအေးဆုံးအချိန်မှာ လူ့တကိုယ်လုံး ရေခဲတုံးကြီး ဖြစ်သွားနိုင်သည်။ ခါတိုင်းလိုပင် မနက်စာ မစားသောက်ခင် သတင်းတွေ ဖွင့်ဖတ်ရန် ကွန်ပြူတာကို ဖွင့်လိုက်မိသည်။ သည်အချိန်မှာ ချက်ချင်းသတင်းပေး ထားသော သတင်းဆိုး တပုဒ်ကို မြင်လိုက်ရသည်။ တေးရေးဆရာ ရွှေကျော်ထွန်း ယနေ့  မနက် (ရ) နာရီမှာ ကွယ်လွန် သွားရှာပြီဆိုသော သတင်းဖြစ်သည်။

စိတ်ထဲတွင် မကောင်း လှတော့ပါ။ အနုပညာသည်တွေ ကွယ်လွန် သွားရှာကြပြီဆိုမှဖြင့် ကျွန်တော့်စိတ်မှာ အထူးနှမြော ၀မ်းနည်းတသ ယူကြုံးမရ ဖြစ်မိသည်။ ဆရာမောင်စံဘော် ဆုံးသွားသည့် သတင်းကို ဖတ်ရတော့ ရခိုင်စာပေနှင့် ပါတ်သက်၍ အထူး ရင်လေးမိစွာဖြင့် နှမြောရလိုက်ခြင်း။ အခြား စာပေသမိုင်း သုတေသီများ ရှိနေနှင့်သော်လည်း စင်စစ် ဆရာမောင်စံ ဘော်ကို ကွယ်လွန် သွားရခြင်းနှင့်ပါတ်သက်၍ အထူးဝမ်းနည်း ဖြစ်မိသည်။ ဆရာမြထွန်းအောင် ဆုံးသည့် သတင်း သိရပြန် တော့လည်း မျက်ရည်ဝဲစွာ ခံစားရမိသည်။ သမိုင်းသုတေသီ စာရေးဆရာကြီးတို့ ကြွေလွင့် သွားရခြင်းကို ကျွန်တော်အထူး ရင်နာမိသည်။ တားဆီး၍မရသော သေခြင်းတရားကို လက်ပိုက် ကြည့်နေရသော်လည်း စင်စစ် ယင်းသမိုင်းစာရေးဆရာကြီးတို့ ကိုကား မည်သို့ မှ အသေ မစောစေချင်ခဲ့။ သူတို့ လုပ်ခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်များကို မည်သူက လုပ်နိုင်ကြ ပါမည်နည်း ဆိုသော အပူသည် ကျွန်တော့်ရင်မှာ ထာဝရ ကိန်းအောင်း နေခဲ့သည်။ တချို့တတ်နိုင်သောသူများက လုပ်နိုင်ကြ ပေလိမ့်မည်ဟု ပြောဆိုနိုင်သည့် တိုင်အောင် ယင်းအဖြေဖြင့် အလွမ်းကို မဖြေဖျောက်နိုင်ခဲ့။ ရင်အပူကို မချွေးသိပ်နိုင်။

သမိုင်းဆရာကြီးတို့၏ ပေးခဲ့သော အသိပညာတို့ကား လွန်စွာမှာ ကျေးဇူးကြီးလှပါ၏။ ယင်းကျေးဇူးကြောင့်ပင် မျိုးဆက်သစ် ရခိုင်လူငယ်တို့မှာ ရခိုင်သမိုင်းနှင့် ပါတ်သက်၍ သိကြရပြီ။ ဤအသိတရားသည်ပင် သမိုင်းဆရာကြီးတို့၏ ကျေးဇူးကား ဆပ်၍ မကုန်နိုင်ဖြစ်ကြရသည်။ တချိန်တည်းမှာပင် မျိုးဆက်သစ် သမိုင်းစာရေးဆရာ သုတေသီတို့ကိုလည်း မွေးဖွါး ပေါက်ဖွါးရန် အတွက် မြေခံရေခံ မျိုးစေ့ချပေးနိုင်ခဲ့ကြရာ အပူ မငြိမ်းသော်လည်း ဖြေစရာအကွက်ကတော့ ရှိခဲ့ဖြစ်သည်။ သမိုင်းဆရာတို့က သမိုင်းအကြောင်းကို ပြောမှရေးမှ သိခွင့်ရခဲ့သော အကျိုးကျေးဇူးကား ဆပ်၍မကုန်။

ခုတော့ နှင်းတွေငိုတဲ့နေ့မှာ ရခိုင် တေးသီချင်းများကို လွမ်းလွမ်းဆွတ်ဆွတ်နှင့် စိတ်ဓါတ်အားမန်တက်စရာ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ရွှေကျော်ထွန်း ကွယ်လွန်သွားရှာပြီတဲ့။ သူ့ သတင်းကို အဆိုတော် ညီမင်းခိုင်နှင့် ဦးဇင်းဘလူးတို့က နိုင်ငံ တကာကို သတင်းတွေပေးယင်း သိလိုက်ရသည်။ ရွှေကျော်ထွန်း ရေးခဲ့သော တေးသီချင်းများကို နားထောင် ခဲ့ဖူးပါသည်။ အဆိုတော် မြတ်ခိုင်ကျော်က သူ့သီချင်းများနှင့် ဝေသာလီ အားကစားကွင်းတွင် သီဆိုနေချိန် ကျွန်တော်တို့က လက်ခုပ်လက်ဝါး တီးကာ အားပေးခဲ့ ကြသည်။ ကျောင်းသားအားကစားပွဲတော် ဖွင့်လှစ်ရာ၌ အဆိုတော် နာမည်ကြီး စိုင်းထီးဆိုင်တို့နှင့် မြတ်ခိုင် ကျော်က ယင်းသီချင်းကို စင်ပေါ် သီဆိုနေချိန် ယင်းတေးသီးချင်းသံသည် ကျွန်တော်တို့၏ ပါးစပ်ဖျားတွင်မက ရင်ထဲတွင်ပါ မြည်ဟီး ဆူပွက်နေဖြစ်သည်။ တေးရေးဆရာရွှေကျော်ထွန်းကား ယင်သို့ လက်ရာမြောက်အောင် ရခိုင်အနုပညာရှင်တဦးပီပီ ရေးဖွဲ့ခဲ့သူ (၂၁) ရာစု အနုပညာရှင် ဖြစ်သည်။ သူချစ်သောရခိုင်ပြည်နှင့် သူချစ်သောအနုပညာတို့ကို အသက်အရွယ် ငယ်ငယ်နှင့် ကျောခိုင်းထွက်ခွါသွာေးသာအခါ ကျွန်တော့ရင်မှာ အလွန်နာကျင် ခံစားဖြစ်တော့သည်။ အသက်အရွယ်က (၄၅) နှစ်ရှိသည် ဆိုသော်လည်း လူ့လောကမှာ နေထိုင်ရန် သက်တမ်း ရှိနေပါသေးသည်။

တေးရေးဆရာ ရွှေကျော်ထွန်းမှာ ကျောက်ကပ် အစားထိုးဖြင့် နေထိုင်ရသောသူမို့  ယခုလောက်သာ လူ့လောကမှာ နေထိုင်ခွင့် ရသွားရှာသည်ဟု တရားနှင့်သာ ဖြေသိမ့်ရပါတော့သည်။ အို – ရခိုင်သားချေ- စည်းလုံးကတ် – ရခိုင်သားချေ – ဆိုသော တေးသီချင်းမှာ အခုအချိန်ထိ ကျွန်တော့် နားထဲက မထွက်။ မစည်းရုံးနိုင်သေးသော ရခိုင်လူမျိုးများကို စည်းရုံးကြပါဟု တေးသီချင်းဖြင့် လှလှပပ ခံစားဖွဲ့နွဲ့ခဲ့သော တေးရေးဆရာ ရခိုင်အနုပညာရှင် ရွှေကျော်ထွန်းကား သူချစ်သော ကမ္ဘာကြီးက အပြီးအပိုင် စွန့်ခွါ သွားရှာပါပြီ။

သူ့တေးသံတို့သည် သူကွယ်လွန်ခါမှ လူတိုင်းရင်ကို ထိတွေ့ ခံစားနာကျင်စေပါတော့သည်။ သူ့နှလုံးသားမှ စီးကျ ထွက်လာသော ဂီတ အလင်္ကာသည်ကား မည်သို့မျှ မေ့ပျောက်နိုင်သောအရာ မဟုတ်။ အကြောင်းကား ဤသီချင်းကို ကျွန်တော်တို့  လိုလို ချင်ချင် ခုံခုံမင်မင် နှစ်လိုဖွယ် သီဆိုဖြစ်နေကြမို့  နောင်လည်းသူ့ ကိုလွမ်းတိုင်း သတိရတိုင်း သီဆို ဖြစ်နေကြမည်မှာ အသေအချာ ဖြစ်သည်။ ရခိုင် အနုပညာရှင်တဦးဖြစ်သော တေးရေးဆရာရွှေကျော်ထွန်း သတင်းကို ရေးပြီး သတင်းအဖြစ် ရေးသားလိုက်သည့်အခါ စာလုံးပေါင်းတွေက ခဏခဏ မှားနေ၍ တော်တော် ကြိုးစား ရေးသား ပေးပို့ရသည်။ သတိ ထားခါမှ ပို၍ပင် အမှားအယွင်းတွေ ပါနေတတ်သည်။ ကျွန်တော့်စိတ်ထဲ ဂယောင်ချောက်ချား ဖြစ်နေသည်ကို သတိထားမိပါသည်။

မည်သို့ပင်ဆိုစေ သတင်းတွေကို ရေးသား ပေးပို့သည့်အချိန်မှာ ညဥ့် (၁၂) နာရီကျော်သည့်အခါတွင်ကား စင်းလုံးချောသွားသည်မို့  အိပ်ရာထဲဝင်ဖြစ်သည်။

အိပ်ရာပေါ်မှ ပြင်တင်းပေါက်ကို လှမ်းကြည့်လိုက်တော့ ကားတွေက တ၀ီဝီနှင့် သွားနေကြသည်။ နယူးယောက်ညကား လှုပ်လှုပ်ရှားရှားနှင့် ရှိနေသော်လည်း ပင်ပန်းစ ပြုနေသလိုလို။ သတိ ထားလိုက် မိသည်ကတော့ နှင်းတွေက စဲနေစ ပြုနေပြီ။

နှင်းတွေပြိုလို့  နှင်းတွေငိုတဲ့ အချိန်မှာ ကျွန်တော့်ရင်ထဲ အလွန် ခံစားခဲ့ရသည်။ ခုတော့ နှင်းတွေ စဲနေစ ပြုနေပြီ။

နှင်းနှင့်အတူ တေးရေးဆရာ ရွှေကျော်ထွန်း လွင့်ပါးသွားနေစ ပြုနေပါပေါ့လား။

မှိုင်းရီပြာဝေတဲ့ နေ့ 
နောက်တရက်ဆိုလျှင် သူချစ်သော အနုပညာနှင့် သူချစ်သော ကမ္ဘာကြီးမှ စွန့်ခွါ သွားတော့မည့် ရခိုင်စတီရီယို တေးရေးဆရာကြီး ရွှေကျော်ထွန်း တယောက် သူ့ကိုချစ်သောသူများအား စောင့်နေ တော့သည်။ လဲလျောင်း နားနေရာ၌ သူမှတပါး အခြားသူမရှိ။ အို … ရခိုင်သားချေ ဟု တမ်းတမ်းတတနှင့် ဖွဲ့နွဲ့သီဆိုစေခဲ့သော သူချစ်သည့် ရခိုင်သား ချေတို့မှာ သူ့အတွက် အလွမ်းပြေ ကြပါစေတော့ဟု သူကများ ပြောနေလေသလား။ လူ့လောကတွင် သူရှိနေစဉ်က လူ့လောက ကောင်းကျိုးကို သူစွမ်းဆောင်နိုင်သမျှ လုပ်ပေးခဲ့၍ သူကား ကောင်းရာဘုံဂတိသို့  ရောက်မည် အမှန်ပင် ဖြစ်သည်။

ရှင်သောသူများ ပျော်ရွှင်နေထိုင်ကြစေဖို့ရှင်သောသူများ တေးသီဆိုဖို့  သူရေးသားခဲ့သော သီချင်းများကား ရခိုင်မြေမှာ လွင့်ပျံ့နေသည်။ လူ့ လောကသို့  တယောက်ထဲ ရောက်ရှိလာသော တေးရေး ဆရာကြီးကား လူ့လောကမှ စွန့်ခွါ သွားသည့်အချိန်တွင် လက်ထဲ၌ ကိုယ်ပိုင်ပစ္စည်းဆို၍ ဘာမျှ မပါသွား။ မယူသွားခဲ့။

သူ့တေးသံများနှင့် သူပျော်ပါး နေမည်ဖြစ်သော်လည်း သူပိုင်ဆိုင်သည်ဟု လက်ဆုပ်လက်ကိုင် ပြစရာမရှိ။ သူ့ရင်ထဲမှာတော့ ဒါန ဆိုသော အရာတခုမှ လွဲ၍ မည်သို့မျှ နောက်ဘ၀သို့ ရဲဘော် ရဲဖက်အဖြစ် မယူသွားချေ။

သူကားအနိစ္စတရားကို ပြဆိုခဲ့ပြီ။
သင်္ခါရတရားကို ပြဆိုခဲ့ပြီ။
ဘ၀၏လှည့်ပါတ်ကောက်ကျစ်မူများကို ညွှန်းဆိုခဲ့ပြီ။
သံသရာကို စာဖွဲ့ပြောနိုင်လောက်အောင် သိသွားခဲ့ပြီ။
သူသေသွားပြီ။
တေးရေးဆရာရွှေကျော်ထွန်း သေဆုံးသွားပါပြီ။
သို့ သော် သူ့ နာမည်မသေ။ သူ့တေး လွင့်ပျံနေတုံး။
ကမ္ဘာလောကကြီးမှာ တည်တံ့နေသရွေ့သူ့ တေးသံကား မည်ဟီးနေလိမ့်မည်။
မည်သို့ မှ အစိုးမရသော ကမ္ဘာလောကကြီးမှာ အစိုးရစရာ ဘာများရှိနေပါသနည်း။ လောကကြီးမှာ သူမှမရှိတော့။

သည်တော့ မှိုင်းမှုန်ပြာဝေတဲ့နေ့ပါ။ အရာခပ်သိမ်းသောနေ့ တွေထဲမှာ တေးရေးဆရာကို မသဂြိုလ်ခင်နေ့သည် ပြာရီမှိုင်းမှုန် ရီဝေနေတဲ့နေ့ဖြစ်မှာ အသေအချာပါ။ သို့ ကြောင့် …..
အခြားမဲ့၌ မှတပါး အခြားမရှိပါပြီလေ။ ။

ခိုင်အောင်ကျော် (နယူးယောက်)
၁-၂၀-၂၀၁၁
နေ့ လည်- ၁၁ နာရီ နံနက်-၄၈ မိနစ်။

ရခိုင်သဟာရအသင်းကြီး

ရခိုင်သဟာရအသင်းကြီး
မှတ်စုမှတ်တမ်း
ဧပြီ ၅၊ ၂၀၁၁။

(ရခိုင်သဟာရအသင်းအကြောင်းကို အသင်းတွင် အမှုဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးထွန်းဝင်း (နယူးယောက် ပြည်နယ်) ထံက မေးမြန်းပြီး စုစည်းတင်ပြပါသည်)

အသင်း၏ မြစ်ဖျားခံရာ - ဗြိတိသျှလက်ထက်၊ ကိုလိုနီခေတ်ကတည်းက Arakan Social Club ဆိုပြီးတော့ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အိုင်စီအက်စ် ဦးစိန်ညိုထွန်း၊ ဘီလူးဦးကျော်မင်း၊ ဦးအောင်သာထွန်းဆိုတဲ့ ရှေးက ရခိုင်လူကြီးများ ပါဝင်ခဲ့တယ်လို့ မှတ်မိပါတယ်။ အသင်းတည်နေရာက ဗိုလ်အောင်ကျော်လမ်းနဲ့ ဗိုလ်ချူပ်လမ်း ထောင့်မှာ ဖြစ်ပါတယ်။ ရှေးကကုန်သည်ကြီးတွေ၊ ပညာတတ်ကြီးတွေ၊ အရာရှိကြီးတွေ၊ ရှေ့နေကြီးတွေနဲ့ စုစည်းပြီး အသင်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

ရခိုင်သဟာရအသင်း စတင်ခဲ့ပုံ - ၁၉၆၁ ခုနှစ်မှာ ဒေါက်တာ ဦစောမြအောင်က ဥက္ကဋ္ဌအဖြစ် စတင်ပြီး ရခိုင်သဟာရအသင်း အမည်ဖြင့် စတင်ထူထောင်လိုက်တာဖြစ်ပါတယ်။ ရခိုင်သဟာရအသင်းမှာ မြို့နယ်ပေါင်းစုံက လူကြီးများ၊ မြို့မိ မြို့ဖများ ပါဝင်နိုင်အောင် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ဆိုတာက အမျိုးကို အစွဲပြုပြီး ခေါ်ဝေါ်တာ၊ သဟာရဆိုတာက အတူတကွ ပေါင်းသင်းဆက်ဆံရေးလို့ ဆိုလိုပါတယ်။

အသင်း၏ ဖွဲ့စည်းပုံ - ဆောင်ပုဒ်ကတော့ “ကိုယ်ကျိုးမပါ၊ အများကောင်းကျိုးရှာ” လို့ ခေါ်တွင်ပါတယ်။ အသင်း အမှတ်တံဆိပ်ကတော့ လူ ၂ ဦး လက်ချင်းယှက်နေပုံကို ယူပါတယ်။ အဓိက အသင်းလုပ်ငန်းစဉ်ကတော့ ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ဒေသခံကျောင်းသားလူငယ်များကို ပညာသင်ကြေး ထောက်ပံ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ စတိုင်ပင်ကော်မီတီလို့ ခေါ်ပါတယ်။ တက္ကသိုလ် အဆင့်မြင့်ပညာများ တက်ရောက်သင်ကြားနိုင်ဖို့ ကူညီကြတာ ဖြစ်ပါတယ်။ အစဦးကာလမှာ အသင်းဝင်များ ဖိတ်ခေါ်ပြီး ရန်ပုံငွေ စုဆောင်းရာမှာ အသင်းဝင်ကြေး ၅ ကျပ်နဲ့ ရာသက်ပန်ကြေး ၁၀၀ ကျပ်မျှ တောင်းခံခဲ့တယ်လို့ အမှတ်ရပါတယ်။

အခြားလုပ်ငန်းစဉ်များ - ရခိုင်ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ပေါ်ထွန်းရေးအတွက် သက်ကြီးပူဇော်ပွဲများ၊ ရခိုင်သင်္ကြန်ပွဲတော်များ၊ ရခိုင်ကျင်ပွဲများ ကျင်းပပါတယ်။ ရခိုင်စာပေများကို ဖော်ထုတ်ဖို့အတွက်ကတော့ စာပေမဂ္ဂဇင်းများ ထုတ်ဝေပါတယ်။ စာအုပ်စာတမ်းများလည်း စုဆောင်းသိမ်းဆည်းကြပါတယ်။

ရန်ပုံငွေသုံးစွဲပုံ စည်းကမ်း - အသင်းရန်ပုံငွေမှာ လုပ်ငန်းစဉ်တခုစီအတွက် ရန်ပုံငွေတွေကို သီးသန့်ထားရှိပါတယ်။ အလုပ်တခုအတွက် အခြားအလုပ်က ရန်ပုံငွေကို မထိရပါဘူး။ အသင်းလူကြီးတွေက အသင်းမှာ လဘက်ရည် သောက်ချင်ရင်တောင် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး သုံးစွဲရပါတယ်။ ပထမဆုံး အသင်းစတင်တုန်းက အသင်းငွေ ကျပ် ၁ သိန်းကို ဘဏ်မှာ စာရင်းဖွင့် အပ်နှံပြီး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အသင်းအမှုဆောင်လူကြီးများ ရွေးချယ်ပုံ - အသင်းဝင်တွေနဲ့ နှစ်စဉ် အသင်းလူကြီးရွေးချယ်ကြပါတယ်။ အမှုဆောင်လူကြီးများကို ရခိုင်ပြည်နယ်က မြို့နယ်စုံက လူကြီးတွေ အားလုံးပါဝင်နိုင်အောင်၊ အလှည့်ကျ ဦးဆောင်မှု ပေးနိုင်အောင် ရွေးချယ်ကြတာ ဖြစ်ပါတယ်။

အသင်းတည်နေရာ
- ၁၉၈၈ အရေးအခင်းမဖြစ်ခင်က ဆိပ်ကမ်းသာလမ်း (ဘားလမ်း) မှာ အသင်းရုံးခန်းတခု ရှိခဲ့ဖူးပါတယ်။ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီမှာ အသင်းရုံးခမ်းကို အဲသည်ကနေ ရွှေတိဂုံဘုရားအနီးက ရခိုင်ဓမ္မာရုံကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲသည်တုန်းက အသင်းရုံးခန်းရွှေ့ပြောင်းရတော့ အခန်းကနေ ပြောင်းရွှေ့ရတဲ့ အလှူငွေ ကျပ် ၆ သောင်း ရတယ်လို့ မှတ်သားရပါတယ်။ ရခိုင်ဓမ္မာရုံဆိုတာက ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နဲ့ မြောက်ဖက်မုဒ်ကြားမှာ တည်ရှိပါတယ်။ နောက်တော့ ဓည၀တီ သာသနာပြုကျောင်းတိုက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲသည် ကျောင်းတိုက်ကတော့ ရေတာရှည်လမ်းသစ်၊ ပုလဲ ပိဋိကတ်တိုက်အနီးမှာ တည်ရှိပါတယ်။

လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ကြပုံ - ရခိုင်သဟာရအသင်းကြီးနဲ့အတူ ရခိုင်ဒေသက မြို့နယ်များစွာရဲ့ အသင်းအဖွဲ့တွေကိုပါ လက်တွဲ စည်းရုံးပြီးတော့ ကိုယ်စားလှယ်တွေအဆင့်ဆင့် တိုင်ပင်ပြီး ရခိုင်တိုင်းရင်းသားများနဲ့ ဒေသဆိုင်ရာ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စအ၀၀ကို တိုင်ပင် ဆောင်ရွက်လျက် ရှိပါတယ်။

ရွှေတိဂုံ ဘုရားဝန်းကျင်က စာသင်တိုင်းပေါင်း ၂၀ ကျော်ကို လှည့်လည်ပြီး သင်္ကြန်ရေသပ္ပါယ်တဲ့ ဘာသာရေးပွဲတော်ကို သီးခြား ရန်ပုံငွေ၊ သီးခြားအလှူခံပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အလှူခံရရှိငွေ ဥပမာ ငွေ ၂ သိန်းရလျင် တကျောင်းကို ငွေ ၁ သောင်းစီ ပဒေသာပင်အဖြစ် လှူဒါန်းပါတယ်။

ရခိုင်မိသားစုများ၊ မိတ်ဆွေများအတွက် နှစ်စဉ်ပျော်ပွဲစား နေ့ချင်းပြန် သဘောင်္ခရီးစဉ်ကိုလည်း စီစဉ်ပေးပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဖျာပုံ၊ ကျိုက်လတ်ဒေသများထံ အပျော်ခရီးထွက်ကြပါတယ်။ ရန်ပုံငွေ အလှူခံကြပါတယ်။ ယဉ်ကျေးမှုဆပ်ကော်မီတီက ဥာဏ်စမ်းပဟေဠိများ၊ ဟောပြောပွဲများ၊ ကစားခုန်စားပွဲများကို အသင်းသားများ၊ မိသားစုများ၊ မိတ်ဆွေများ ချစ်ခင် ရင်းနှီး စည်းရုံးမှုများ တိုးပွားစေရန် စီစဉ်ပေးပါတယ်။

လက်ရှိ ထူးခြားသော စီမံကိန်း လူမှုရေးအလုပ်များ
- ရခိုင်ပြည်ဟာ နှစ်စဉ် သဘာဝဘေးဒဏ်ခံနေရတော့ ဒေသခံများအတွက် နှစ်စဉ်ကယ်ဆယ်ရေး၊ ကူညီရေး လုပ်ငန်းတွေအတွက် သီးခြား ရန်ပုံငွေ ကောက်ခံပြီး လှူဒါန်းခြင်း ကူညီခြင်းတို့ကို ဆောင်ရွက်နေရပါတယ်။

ယခင်နှစ် ၂၀၁၀ ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများမှာ စားဝတ်နေရေးလုပ်ငန်းများ နလံမထူနိုင်အောင် ထိခိုက်ခဲ့ပါတယ်။ သောက်ရေသုံးရေ အခက်အခဲများပါ ရင်ဆိုင်နေရပါတယ်။ ကျေးရွာများမှာ ပြန်လည် ထူထောင်ရေးအလုပ်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် အသင်းကြီးက ရန်ပုံငွေသီးသန့်ထူထောင်ပြီး စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေရပါတယ်။ ဥပမာ - သောက်သုံးရေ စီမံကိန်း၊ နေအိမ်ထူထောင်ရေး စီမံကိန်း၊ ကျန်းမာရေး ပညာပေးနဲ့ စောင့်ရှောက်မှု စီမံကိန်း၊ ပညာရေးတည်ဆောက်မှုနဲ့ ထောက်ပံ့ရေး စီမံကိန်းများဆိုပြီး ဆောင်ရွက်နေပါတယ်။

စီမံကိန်းများ ဆောင်ရွက်ပုံ - ဆောင်ရွက်တဲ့အခါ ပြည်တွင်း ပြည်ပက ပညာရှင်များ၊ စေတနာရှင်များ၊ အလှူရှင်များ၊ လူကြီး လူငယ်များက ၀ိုင်းဝန်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ယခင်က စတိုင်ပင် ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာတတ် ကြီးတွေ၊ လူကြီးတွေ ဖြစ်လာသူ ရခိုင်လူငယ်မျိုးဆက်တွေက လက်ဆင့်ကမ်း ဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။

ပညာသင်စီမံကိန်း - သီးခြား ပညာရေးထောက်ပံ့မှု စီမံကိန်းကတော့ ရခိုင်ပြည် ၁၇ မြို့နယ်က ပညာရေးမှူးများ၊ လူကြီးများနဲ့ ဆက်သွယ် အကြံတောင်းခံပြီးတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့် ပညာသင် ထောက်ပံ့မှုတွေကိုပါ တိုးချဲ့လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေးအဖြစ် ပျမ်းမျှ တနှစ်စာ ကျပ်ငွေ ၂ သိန်း ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ အမေရိကန်၊ ဂျပန်က ရခိုင်အသင်းဝင်တွေနဲ့ ဆက်သွယ်ပြီး ကူညီနိုင်တယ်လို့ ဆိုပါတယ်။
ထင်ရှားတဲ့ ရခိုင်အသင်းလူကြီးများ မှတ်မိသမျှ - ဒေါက်တာဦးအေး (ကျောက်ဖြူ)၊ ဦးစံအေး (သံတွဲ)၊ ဦးကျော်ဇံလှ၊ ဒေါက်တာကျော်သိန်း၊ ဦးမင်းကြည် (ကျောက်ဖြူ)၊ ဦးအေးဖေ၊ ဦးခင်မောင်စိုး (လက်ရှိဥက္ကဋ္ဌ)၊ ဒေါက်တာ ဒေါ်နန်းဦး၊ ဦးစံဦးခိုင်၊ ဦးစောလှဖြူ၊ ဦးရွှေဇံအောင်၊ ဒေါက်တာဒေါ်စံကျော့ဖြူ၊ ဦးရွှေသိန်းကျော်၊ ဒေါက်တာအေးထွန်း၊ သူရဦးစောဖြူ၊ ဦးသာကျော်၊ ဦးသန်းစိန်၊ ဓည၀တီကျောင်းတိုက် ဆရာတော် အစရှိတဲ့ လူကြီးလူကောင်းများ၊ ပညာရှိများက ရခိုင်သဟာရအသင်းကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စေတနာရှေ့ထားပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ သည့်ပြင်အမည်များ ပုဂ္ဂိုလ်များကိုလည်း ဆက်လက်ကောက်ယူ စုဆောင်းပြီး တင်ပြပါဦးမယ်။

Sunday, April 3, 2011

သမိုင်းရီစီးကြောင်း တက်မပါဘဲ လက်နာင့်လှော်ကတ်ခပနာ

သမိုင်းရီစီးကြောင်း တက်မပါဘဲ လက်နာင့်လှော်ကတ်ခပနာ
ကိုယ့်ကိုယ်ကို သတိထား၍ ကြည့်မိခါ တခုခုကို ပြောဖို့ အချိန်ကျဗျာန်လို့  ထင်သည်။ ရင်ထဲမှာ မွန်းကြပ်နီအောင် ဒေစကားတိက ပြည့်နိန်သည်။ တယောက်ယောက်ကို ဖွင့်ပနာ ပြောလိုက်ရမှ အီးလားဖို့ ထင်သည်။ ပြောလဲပြောဖြစ်မိသည်။ ခက်နိစွာက ကိုယ့်အမြင်နာင့် တခြားလူအမြင်နာင့် တူချင်မှတူဖို့ ။ ယေကေလဲ တူဖို့ ဖက်ကတော့ များဖို့ ရာ။ ပဇေါင်ပင်ဖြစ်ဖြစ် ကိုယ်တွက်ကြည့်စွာ အမှားမဟုတ်။ ဇါဖြစ်လို့ ဆိုကေ ဒေခေတ်က -၂၁-ရာစုခေတ်။

အဆက်အသွယ်တိ ကကောင်းဟိန့် သည်။ ကမ္ဘာကြီးတဖက်နာင့် တဖက် ရွာချေတရွာပိုင် ဖြစ်လားခဗျန်မနား။ ရွာတောင်ဖက်က အော်ပြောပလိုက်ကေ ရွာမြောက်ဖက်က အခင်စိန်လှအောင်အိမ်ကပါ ကြားရေစွာမျိုး ။ ဒေပိုင်ခေတ်မှာ လူဖြစ်နိန်ကတ်ရရေ။ ရခိုင်သားချေတိ ကမ္ဘာတ၀ှမ်းမှာရောက်နိန်ကတ်ပြီးသား။ ခြီထောက်မှာ သဲမစင်သိ။ အားလုံးနိုင်ငံမှာ သတ္တိရှင် မျိုးချစ်ရခိုင်သားရို့ အ၈င်္လိပ်စကားကို တလုံးချေလဲ မပြောတတ်ကေတောင် အဂ်လိပ်စကားပြောနိန်ရေ နိုင်ငံမှာ လူတွင်ကျယ်ကြီးလုပ်လို့။ ယေပြီးကေ သူရို့ အသိမှာ မျိုးချစ်ရခိုင်ပါလို့  ပြောတတ်တေ စာသားချေတိရီးလို့  တယောက်ကို ပြောနိန်ကတ်စွာ သိရမြင်ရ နိန်ရသည်။ ယေကေစိတ်ထဲမှာ ဇါပိုင်ပျော်ရကောင်းမှန်းမသိပါကားယေ။

ဒေနိန်ရာမှာ မျိုးချစ်ရခိုင်လို့  သုံးနိန်ကတ်တေ ရခိုင်သားချေတိကို သတိထားမိသည်။ ရခိုင်သားတိက မျိုးချစ်တေဆိုစွာ စကားကို သုံးကတ်တေအခါ အမျိုးသီလကို စောင့်စည်းနိုင်သည့် လူမျိုးကို ဖေါ်ပြရေအနိန်နာင့် ရီးကတ်စွာကို ချီးကြူးလို့  မဆုံးနိုင်။ ယေကေလဲ အဓိပ္ပါယ်ဖွင့်စွာမှာ တိကျနိန်ဖို့ လိုသည်။ ယင်းချင့်က တနိန့် က ဆောင်းပါးတစောင်ကို ဖတ်လိုက်ရသည်။ ယင်းဆောင်းပါးမှာ တင်ပြစွာတိ အားလုံးကောင်းသည်။ ယေကေလဲ နောက်ဆုံးစာပိုဒ်မှာကျရေခါ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်လားဖို့  ဆိုစွာကို ရီးပနာ အဆုံးသတ်လားသည်။ ယင်းပိုင်စွာမျိုးကျရေခါ ကျွန်တော်လက်မခံချင်တော့။ ရခိုင်မျိုးချစ်လူငယ်ဆိုသူတိမှာ မျိုးချစ်လို့  သုံးလိုက်ဗျာန်ဆိုစွာနာင့် ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိဖို့ သုံးနှုံးရေ လူတိရာဖြစ်နိန်ရဖို့ ပါဒေ။ ရခိုင်နိုင်ငံတော်ဆိုစွာရေ တခါက အောက်သားတိ ဖျက်ဆီးပစ်ခလို့  -၁၇၈၄- ခုနှစ်မှာ အလှပလှ ပျက်စီးလားခသည်။ ယင်းပိုင်နိုင်ငံတော်ပျက်စီးလားခစွာသည် -၁၈၈၅-ခုနှစ်အထိ အဂ်လိပ်လက်ထက်ရောက်လားရေအခါ ဒုတိယအကြိမ် သူ့ ကျွန်ဘ၀ကို ရောက်လားခသည်။ ထိုအချိန်ကပင်စလို့  အောက်သားတိနာင့် ကျွန်တော်ရို့  ရခိုင်နို်င်ငံတော်နာင့် တခုချေလဲ မပါတ်သက်ခဗျန်။ ယင်းပိုင်ဆိုကေ အောက်သားတိနာင့် ပွဲပြီးလားခပါဗျန်ကာ။

အင်္ဂလိပ်တိလက်အောက်က ဒုတိယကမ္ဘာစစ်ဖြစ်လာရေအခါ ဂျပန်လက်အောက်မှာ တခါကျနိန်ခသည်။ ယေကေ ရခိုင်နိုင်ငံတော်မှာ ဂျပန်ပါးမှာ ကိုလိုနီဖြစ်နိန်စွာပါဒေ။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တိ စစ်ရှုံးလို့  လက်နက်ချလားရေအခါ အင်္ဂလိပ်တိက ရခိုင်နိုင်ငံတော်ကို ဒုတိယအကြိမ် ကိုလိုနီလုပ်သည်။ ရှင်းပါဖို့ ဗျာလ်ထင်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးစွာနာင့် ဓနသဟာယနိုင်ငံတိမှာ ကိုလိုနီနိုင်ငံတိကို လွပ်လွပ်ရီးပီးကတ်ဖို့  ဆိုစွာဖြစ်လာသည်။ ယင်းအကွက်ကို အောက်သားနိုင်ငံရီးသမားတိက လားတွိသည်။ တချိန်တည်းမှာ ရခိုင်တော်လှန်ရီးသမား ၊နိုင်ငံရီးသမားတိက ရခိုင်နို်ငံတော်ပြန်လည်ရရှိဖို့  ပြသနာကို ဗိုလ်ချင်းပျံရို့ ။ မင်းသားကြီး ရွှေဘန်းလက်ထက်အထိ အဆုံးသတ်လိုက်စွာနာင့် ပင် ရခိုင်လက်နက်ကိုင်တော်လှန်ရီးခရီး ပြီးဆုံးလားခသည်။ ဒေနိန်ရာမှာ ရခိုင်တော်လှန်ရီးကို မျိုးချစ်ရခိုင်ရို့  မဆက်စပ်နိုင်ခကတ်။ ယင်းပိုင်နာင့်ပင် ဂျပန်ခေတ်တော်လှန်ရီး ဖြစ်လာရေအခါ ဆရတော်ဦးစိန္တာ၊ ဆရတော်ဦးပညာသီဟ၊ ဘုံပေါက်သာကျော်ရို့  ပေါ်လာပြီးကေ ၇ခိုင်တော်လှန်ရီးသမားအဖြစ် ရပတ်တည်လာသည်။ အတိုချေပြောရဖို့  ဆိုပါကေ ပင်လံညီလာခံလုပ်ခြီစွာမှာ ရခိုင်နိုငံရီးသမားတိ လားလို့ တက်စွာနာင့်ပင် ရခိုင်နိုင်ငံတော်ပြန်လည် ရ၇ှိရီးဆိုစွာ ပျောက်ကွယ်လားခရသည်။
ယင်းသမိုင်းကို ကျွန်တော်ရို့  လက်ထက်မှာ ဖျောက်ရဖို့  ဖြစ်လာသည်။ ရခိုင်တော်လှန်ရီးသမားရို့  ရခိုင်နို်င်ငံရီးသမားရို့ အမှားကြောင့် -၁၉၄၈-ခုနှစ်မှာ တခုချေလဲ မပါတ်သက်ပါဘဲ ရခိုင်လူမျိုးက တိုင်းရင်းသားလူမျိုးဖြစ်လားခသည်။

၁၉၄၈-ခုနှစ်က အခုအချိန်ထိ ရခိုင်နိုင်ငံတော်မှာ နှစ်ပေါင်း-၆၈- ခုနှစ် ကိုလိုနီဖြစ်နိန်ရသည်။ ဒေပိုင် အောက်သားလက်အောက်မှာ -နှစ်ပေါင်း-၆၈- နှစ် သူ့ ကျွန်ဖြစ်နိန်စွာကို ကျွန်တော်ရို့  ရုန်းထွက်တော်လှန်ရဖို့ ပါကာ။ ရခိုင်တော်လှန်ရီးသမားတိ မှားခရ ယင်းဖီးကို ကျွန်တော်ရို့  ၀ဋ်ခံနိန်ရခြင်းဖြစ်သည်။ အခုဆိုကေ ရခိုင်လူမျိုးချေတိ ရီးနိန်ရေ ဆောင်းပါးတိမှာ ဒေပိုင်စွာမျိုးတိကို တွိနိန်ရသည်။ တချို့ မှာ အောက်သားတိက ကော်မန့် ပီးပနာ ပြန်လို့  ရီးနိစွာတိကို မြင်ရသည်။ ယေကေရန်ဖြစ်နိန်ကတ်တေ သဘောမျိုး။ ကျွန်တော်ရို့  ရခိုင်လူမျိုးချေတိကလဲ ကိုယ့်အမျိုးကိုထိကေ ဇါရပါဖို့ လဲ ။ ရီးပလိုက်တေ ကလေချေတိကလဲ နည်းစွာမဟုတ်။ အောက်သားတိက သူရို့  နိုင်ငံကို အင်္ဂလိပ်တိက နယ်ချဲ့  သိမ်းပိုက်ရေအခါ သူရို့ လက်အောက်က တော်လှန်ရီး လုပ်ခသည်။ ရခိုင်လူမျိုးက အောက်သားလက်အောက်မှာ နှစ်ပေါင်း-၆၈-နှစ်ဖြစ်နိန်စွာကို တော်လှန်ရီး မလုပ်ရလို့  ပြောနိန်သည်။ ဇါသူက တရားနိန်ပါလေချင့် ။ သူရို့ လူမျိုးက အင်္ဂလိပ်ပါးမှာ ကျွန်ဘ၀ကိုေ၇ာက်ခရေအခါ တော်လှန်ရီးလုပ်ခသည်။ ဂျပန်လက်အောက်မှာ ကျွန်ဘ၀ကိုေ၇ာက်လားရေအခါ တော်လှန်ရီး လုပ်ခသည်။ ယင်းကြောင့် အောက်သားလူမျိုး လွပ်လွပ်ရီးရခသည်။ ဒေချင့်က ကိုလိုနီဖြစ်ကေ တော်လှန်ရီးလုပ်တတ်တေသဘော။

ယေကေ ရခိုင်လူမျိုးက တော်လှန်ရီးလုပ်နိစွာက ဇါအမှားလဲ ။ ဒေချင့်ကို ရခိုင်သားချေတိက သေသေချာချာ ၇ှင်းပြနိုင်ရဖို့ ပါဒေ။ နောက်တခုက ရခိုင်နိုင်ငံတော်က -၆၈-နှစ် ကျွန်ဘ၀ေ၇ာက်နိစွာဖြစ်သည်။ လူမျိုးလည်းမတူ။ ဘာသာယိုင်ကျေးမူလည်းမတူ။ ရီးလဲမတူ။ မြီလဲ မတူ။ ရာသီဥတုလည်းမတူ။ အပင်လည်းမတူ။ နပျောသီးတောင်မတူ။ စားစွာငါးလည်းမတူ။ သောက်တေဟင်းရည်လည်း မတူ။ စားရေ ငရုပ်သီးလည်းမတူ။ တခုလည်းမတူ။ ယင်းလောက် စာပီလည်းမတူ၊ ယိုင်ကျေးမူလည်းမတူ ရေ လူမျိုးနာင့် ဇါခါလဲ အတူတကွနိန်လို့ မဖြစ်။ ဒေချင့်အတွက်နာင့်လဲ ရခိုင်လူမျိုးတိမှာ သမိုင်းနာင့်ချီလို့  ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိဖို့  အရေးကြီးသည်။ လူမျိုးတမျိုးဆိုစွာက ကိုလိုနီဖြစ်နိန်ကေ ကမ္ဘာမှာ လွပ်လွပ်ရီးတိုက်ပွဲ ဟိန့် သည်။ လက်နက်ကိုင်တော်လှန်ရီး လုပ်လို့  ရကေရ ။ မရခကေ ရအောင် ကမ္ဘာကြွီသရွိလုပ်ဖိ ။ ယင်းပိုင်ပါဗျလ်။ အခုရခိုင်လူမျိုးတိမှာ ၁၉၄၈-ခုနှစ်ကပင် တော်လှန်ရီးလုပ်ခကတ်စွာ အခုအချိန်ထိ။ ယင်းအချိန်က ရခိုင်လူမျိုး တော်လှန်ရီးက အရောင်အမျိုးမျိုး။ တချို့ က ဗကပ၊ တချို့ က ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ နောက်ပိုင်းမှာ ရခိုင်အမျိုးသား လွပ်မြောက်ရီးပါတီ ။ ယင်းပိုင်နာင့်ပင် ရခိုင်နိုင်ငံတော်ကို ပြန်လည်၇ရှိရှီးအတွက် ဆိုပနာ ဖွဲ့ စည်းဖြစ်လာစွာက ရခိုင်ကာကွယ်ရီးတပ်မတော် ( AIO ) ။ ဗိုလ်ချုပ်ထွန်းေ၇ွှမောင် ဦးစီးရေ တပ်မတော်။ ယင်းတပ်မတ်ာလဲ အခုက မဟိန့်  ဗျာလ်။ ကရင်ကဆင်းလာရေ ခိုင်မိုးလင်းဦးစီးရေတပ်က ရခိုင်ပြည်ကို အခက်အခဲမျိုးစုံနာင့် လာရသည်။ လမ်းမှာ မဆလစစ်တပ်နာင့် တိုက်ပွဲဖြစ်လို့  ဗိုလ်ခိုင်မိုးလင်း ကျဆုံးလားရသည်။ ဗိုလ်ခိုင်မိုးလင်းကျဆုံးလာကေလည်း အခုအချိန်မှာ ရခိုင်ပြည်လွပ်မြောက်ရီးပါတီ နာင့် တပ်မတော်ဟိန့် သည်။ ရခိုင်အမျိုးသားရီးနာင့် လွပ်မြောက်၇ီးအတွက် လက်နက်ကိုင်တပ်မတော်ဖြစ်နိန်သည်။ ရခိုင်တပ်မတော်ကို ထူထောင်သူ ဗိုလ်ရာဇါမှာ ရခိုင်တော်လှန်ရီး အစိုင်အလာထဲမှာ အထူးတောက်ပြောင်သူဖြစ်သည်။ သူရအြသက်ရှင်ခရေဆိုကေ ရခိုင်ပြည်အခြီအနိန် ပြောင်းလဲ လားနိုင်သည်။ အိန္ဒိယနိုင်ငံ အက်ဒမ်ကျွန်းမှာ ဗိုလ်ရာဇါကို အိန္ဒိယစစ်တပ်က လုပ်ကြံ သတ်ပလိုက်လို့  ရခိုင်တော်လှန်ရီး ပြိုကွဲ ပျက်စီးလားခရစွာကလည်း ပြသနာပါကားယေ။

ရခိုင်ကွန်မြူနစ်ပါတီက လက်ကျန်တိ ဖွဲ့ ထားသည့် ပါတီမှာ အခု ဒီမိုကရကတ်တစ်ပါတီဖြစ်သည်။ သူရို့ မှာ လက်နက်ကိုင်ရဲဘော်တိ အများကြီး မဟိန့် လားမသိ။ တခါချေလည်း ရန်သူအောက်သားစစ်တပ်နာင့် တိုက်ပွဲဖြစ်သံတော့မကြား။ ယေကေလည်း သူရို့ မှာ ရခိုင်လူမျိုးတိဖြစ်တေအတွက် ရခိုင်အမျိုးသားရီးတော့ ဟိန့် ဖို့ ထင်ရသည်။

ကျွန်တော်ပြောချင်သည်မှာ ရခိုင်လူမျိုးလက်နက်ကိုင် အဖွဲ့ တိမှာ ဒုက္ခဆင်းရဲ ပင်ပမ်းစွာနာင့် တော်လှန်ရီးဆင်နွှဲနိန်ကတ်သည်။ ယေဇူးနာင့် သူရို့ အချင်းချင်း သင့်သင့်မြတ်မြတ် ဟိန့် စီချင်သည်။ ခက်နိန်စွာက သူရို့  လက်နက်ကိုင်အချင်းချင်း မသင့်မြတ်စွာမှာ သူ၇ို့ ကို ထောက်ခံရေ လူငယ်အချင်းချင်းလည်း စိတ်ဝမ်းကွဲပြားကတ်ရသည်။ ယင်းမှာ သဘာဝဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ က ခေါင်းဆောင်တိ မညီညွတ်စွာမှာ အဓိက ပြသနာ မပြီးစွာကို သူရို့  မသိလိုက်။ ယင်းမှာ ဘုံရန်သူပျောက်လားခပြီးကေ အချင်းချင်း တိုက်နိန်ကတ် သတ်နိန်ကတ်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။
ယေကေလည်း တော်လှန်ရီးလက်နက်ကိုင်အဖွဲ့ တိမှာ သမိုင်းက ဒဏ်ခတ်စွာကို ခံရဖို့  အချိန် ပါးလာဗျာလ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာတလွှားရောက်နိန်ကတ်တေ ရခိုင်လူငယ်ချေတိမှာ ကွန်ယက်ချိတ်ဆက်နိန်ကတ်သည်။ အချင်းချင်း ပြောဆိုဝီဖန် နိန်ကတ်သည်။ ဇါအဖွဲ့ ကို ထောက်ခံရဖို့  ၊ ဇါလူကိုထောက်ခံရဖို့  ပြောဆိုလာကတ်သည်။ သူရို့ သိသည်မှာ ရခိုင်နိုင်ငံတော်ကို ပြန်လည်ရ၇ှိစီဖို့  လက်နက်ကိုင်တပ်မတော်တခု ဖြစ်ပေါ်ရီးဖြစ်သည်။ လက်နက်ကိုင်တပ်မတော် တခု ဟိန့် ကို ဟိန့် နိန်ဖို့ လိုအပ်နိန်ဗျာလ် လို့  ထင်မြင်ယူဆနိန်ကတ်သည်။ အခုအချိန်မှာ ရန်သူအောက်သားစစ်တပ်ကို တိုက်ခိုက်နိန်စွာမှာ ရခိုင်ပြည်လွပ်မြောက်ရီးတပ်မတော်ဖြစ်နနိ်သည်။ ဒေသူရို့ ကို ထောက်ပံ့ပီးရဖို့  ဖြစ်လာကတ်သည်။ လက်တွိလည်း ထောက်ပံ့လာကတ်သည်။ လက်နက်ဟိန့် မှ ရန်သူကို တိုက်လို့ ရသည်။ ကျည်ဆံဟိန့် မှ တိုက်လို့ ရသည်။ တိုက်နိုင်ဖို့ အတွက် ထမင်းစားဖို့ လိုသည်။ ဆန်ဖိုး ဆီဖိုး ၀ယ်ပီးရဖို့  ရခိုင်လူမျိုးတိ စိုင်းစားဖို့  သင့်လာဗျာလ်ဖြစ်သည်။ ဇါဖြစ်လို့ ဆိုကေ သူရို့ က လက်နက်ကိုင်တိုက်ပွဲ တိုက်နိန်ရေအခါ ကျန်နိန်လူတိက နောက်က၀ိုင်းဝမ်းပီးရဖို့  ဖြစ်သည်။ လက်တွိမလုပ်နိုင်ကေ ဖြစ်နိုင်ရေဖက်က ရခိုင်တော်လှန်ရီးကို အကူအညီ ပီးနိုင်ဖို့ လိုသည်။

ရန်သူနာင့်တိုက်နိန်ရေ ကျွန်တော်ရို့  ရခိုင်တော်လှန်ရီး သမားတိအသက်ကို ကျွန်တော်ရို့  တန်ဖိုးထားရဖို့ ဖြစ်သည်။ ကိုယ်ကလက်နက်မကိုင်လျင် ကိုင်သူကို လေးစား၊ ချီးမြှောက်၊ ဂုဏ်ပြု၊ ဦးညွတ်။
ယင်းပိုင်။ ရန်သူနာနင့် တိုက်တေ ရခိုင်မျိုးချစ် ရဲဘော်တိကိုလည်း ကိုယအချင်းချင်း မတိုက်စီချင်။ ရခိုင်လူမျိုးလက်နက်ကိုင်အဖွဲ့ မှာ စိစိပေါက်ပေါက် ရွီလိုက်ကေ ရာဂဏန်းပင်မပြည့် ။ ယင်းချင့်နာင့် အချင်းချင်းမတည့် ဖြစ်နိကတ်သည်။ တခတခါ ပစ်သတ်နိန်ကတ်သည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ ရန်သူနာင့်တိုက်၍ ကျဆုံးသူကို သူရဲကောင်းဘွဲ့  ကျွန်တော်ရို့ ပီးသည်။ ကိုယ့်အချင်းချင်း တိုက်ခိုက်လို့  ကျဆုံးနိန်ကတ်ကေ ဇါပိုင်လုပ်လို့  စိတ်ကောင်းနိုင်ပါဖို့ လဲ။ နောက်ကျွန်တော်ရို့ က အမျိုးချစ်တေ လူလိုလဲ ပြောနိန်ကတ်သည်။ ရခိုင်မျိုးချစ်လူငယ်များလို့  စာရီးခါတော့ ရီးကတ်သည်။ အကြောင်းအရာက ဆဲလိုက်စွာ အားမနာရီးလိုက်စွာတိ တွိရသည်။ စိတ်ပျက်ဖို့ ကောင်းပါသည်။ အခုအချိန်မှာ အခြင်းပြောနိန်ရီးနိန်ဖို့  အချိန်မဟုတ် ၊ ကာလလည်း မဟိန့် ပါဗျာလ်။
တခုတော့ သူရို့  သတိမထားမိခြင်းပင်ဖြစ်သည်။ ယင်းမှာ သမိုင်းရီးစီးကြောင်းမှာ သူရို့  မျောနိန်စွာကို မသိခြင်းဖြစ်သည်။ ယေကေလဲ ရင်တွင်းက အကြောင်းတိကို သူရို့ ပြောဖြစ်နိန်ကတ်သည်။ ယင်းမှာ မျိုးချစ်ဆိုရေ စာကြောင်းကို ၇ီးနိန်လာကတ်သည်။ ယင်းချင့်သည်ပင် သမိုင်းကို ဖြတ်လားနနိ်စွာလို့  ကျွန်တော်ပြောချင်သည်။ အကြောင်းမှာ သူရို့  ဖြတ်လားနိန်စွာမှာ ရခိုင်နိုင်ငံတော်လို့  ပြောနိန်လာကတ်ခြင်းပင်ဖြစ်သည်။ ဟုတ်တေ။ ယင်းချင့်သည် လွန်ခရေ -၆၈-ခုနှစ်က မထွက်လာရေ အသံဖြစ်သည်။ ဒေအသံသည်ကား ကျွန်တော်ရို့ ၏ ဗဟိုရ်စည်အသံဖြစ်သည်။ သောသောညံဖို့  ဗဟိုစည်အသံကို ကျွန်တော်ရို့  တီးနိန်ကတ်သည်။ သမိုင်းရီစီးကြောင်းမှာ ရခိုင်မျိုးချစ် လူငယ်တိမှာ ရခိုင်နိုင်ငံတော်အကြောင်းကို ပြောယင်းပင်း အားနာင့် မာန်နာင့် ဟိန့် နိန်လာကတ်သည်။ ဒေပိုင်စွာမျိုးကို ကျွန်တော်ရို့  စုစည်းနိုင်ဖို့  လိုလာပါသည်။ အယင်က ရခိုင်တော်လှန်ရီးသမားတိ နိုင်ံ့ရီးသမားတိ မှားခရေ ၀ဋ်ကြီးကို ဆပ်ဖို့  အတွက် သမိုင်းရီးကြောင်းမှာ တက်မပါကေလဲ လက်နာင့်လှော်နိန်ကတ်ဖြစ်သည်။

ဇါပင်ဖြစ်ဖြစ် ကမ်းခြီကို ရောက်က်ဖို့  အရေးကြီးစွာရာလေ။ လွပ်လွပ်ရီးဆိုစွာ တိုက်ပွဲဝင်ရေ တော်လှန်ရီးသမားတိအတွက် အောင်ပွဲ ရာဖြစ်သည်။

ယင်းအသိတိကို ရခိုင်မျိုချစ် လူငယ်တိက သိထားဖို့ လိုသည်။ မညီညွတ်ကေ ညီညွတ်အောင် လုပ်ဖို့  လိုနိန်သည်။ တယောက်ကို တယောက် မဆဲဖို့  လိုသည်။ လူကြီးရှင်ကြီးကို ဂါဝရပြုဖို့ လိုသည်။ စာတိရီးကတ်တေအခါ တယောက်နန့်  တယောက် အသိညဏ်ဖလှယ်နိန်ဖို့ လိုသည်။ တိုးတက်ရီးအတွက် ပြောကတ်ဆိုကတ်ဖို့ လိုသည်။ ကိုယ်ရီးလိုက်တေ စာတကြောင်းကြောင့် ကိုယ့်ကို အထင်သေး မခံရအောင် ရီးတတ်ဖို့ လိုသည်။ ချစ်ချစ်ခင်ခင် နာင့် လူငယ်တိကို ကျွန်တော် မြင်ချင်သည်။ တယောက်ကို တယောက် လေးလေးစားစား ဟိန့် နိန်စီချင်သည်။ ရွာမှာကျန်ခရေပြသနာတိကို နိုင်ငံခြားထိ ယူမလာဖို့ လိုသည်။ ဒေနိအချိန်မှာ ရခိုင်နိုင်ငံတော်ပြန်လည်ရ၇ှိစီဖို့  သမိုင်းပီးတာဝန်မှာ မျိုးချစ်လူငယ်တိလက်ထဲမှာ ဟိန့် နိန်သည်။ ယင်းတာဝန်ကို သမိုင်းပီးတာဝန်အဖြစ် မှတ်ယူရဖို့  ဖြစ်သည်။ အဖရခိုင်နိုင်ငံတော်ကို ကယ်တင်ချင်သူသည် ရခိုင်သူရဲကောင်းပင်ဖြစ်သည်။ ကျွန်တော်ရို့  ခေတ်မှာ ရခိုင်သူရဲကောင်း မပေါ်ဘဲ နိန်ဖို့ လို့  ကျွန်တော်မထင်။ အခုခေတ် လူငယ်တိထဲမှာ ခေတ်ပညာတတ်လူငယ်တိ အများကြီး ဟိန့် လာသည်။ ယင်းလူငယ်တိ၏ အသိညဏ်တိကို ကျွန်တော်ရို့  လိုက်၍မမှီဖြစ်လာသည်။ လူငယ်ရို့ ၏ ကြိုးစားမူကြောင့် -၆၈-ခနှစ် ကိုလိုနီဖြစ်နိစွာက လွပ်မြောက်ဖို့ စွာကို လုံးဝယုံကြည်ပါသည်။ နှစ် -ရ၀- ကျော်အောင် မနိန်ဘဲ ကြိုစားကတ်ဖို့ လိုသည်။
အဓိကပြောချင်စွာက ရန်သူမှာ လက်နက်ဟိန့် ကေ ကိုယ်ရို့ ကလဲ လက်နက်ရအောင် စုပီးကတ်ဖို့ ဖြစ်သည်။ ရန်သူမှာကျည်ဆံဟိန့် ကေ ကိုယ်ရို့ ကလဲ ကျည်ဆံရအောင် စုရဖို့ ဖြစ်သည်။ ရန်သူနာင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့  အင်အားချင်းညီမျလာဗျာလ်ဆိုကေ ဇါပိုင်ပင်ဖြစ်ဖြစ်ဖြစ် ကိုလိုနီလက်အောက်က လွပ်မြောက်ရီးအသံဆိုစွာ ထွက်လာဖို့ ရာဖြစ်သည်။

ယင်းအသံကား ရခိုင်နိုင်ငံတော်ကို ရခိုင်မျိုးချစ်တိက ရဖို့ဗျာလ်ဆိုရေ အသံ။

ခိုင်အောင်ကျော် (နယူးယောက်)