ဂစ္ဆပသတင်းဌာန
မေလ (၁) ရက်၊ ၂၀၁၁။
http://gissapa.blogstop.com
ဗိုလ်လောင်းသင်တန်းဆင်း အမှတ်စဉ်(၁၁၄)မှ ဗိုလ် ၈၀ ကျော် ရခိုင်ပြည်သို့ရောက်ရှိလာ
တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁၄) သင်တန်းဆင်းခဲ့ကြသည့် ဗိုလ်များအနက် (၈၀)ကျော်ခန့် ဗိုလ်များမှာ ရခိုင်ပြည်နယ် စစ်ဌာနချုပ်စခန်းရှိရာ အမ်းမြို့စစ်ဌာနချုပ်သို့ ဧပြီလ (၂၈)ရက်နေ့က ရောက်ရှိလာခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ ရောက်ရှိလာကြသော ဗိုလ်များမှာ ဧပြီလ (၉)ရက်နေ့က တပ်မတော် (ကြည်း) ဗိုလ်လောင်းသင်တန်းကျောင်း ဗထူးတပ်မြို့တွင် သင်တန်းဆင်းခဲ့ကြသော ဗိုလ်များဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ တပ်ရင်းများထံ၌ စစ်မှူးထမ်းကြရန် ပြည်မှကားဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁၃) သင်တန်းဆင်းခဲ့ပြီးနောက် ရခိုင်ပြည်နယ်သို့ ဗိုလ် (၈၂)ဦးရောက်ရှိခဲ့ကြောင်းနှင့် ယခုအခါ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁၅)သင်တန်းအတွက် မြန်မာတနိုင်ငံလုံးရှိ တပ်များမှ ဗိုလ်လောင်းသင်တန်း ဖြေဆိုတက်ရောက် နိုင်ရန် အဆင့်ရှိသူများနှင့် အသက်အရွယ်အကန့်အသတ်များအရ ရွေးချယ်နေကြောင်း စစ်တပ်မှလာသော သတင်းများက ဆိုသည်။
ယခုအခါ မြန်မာတနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဗိုလ်အဆင့်ရှိသူများမှာ ကိုယ်ပိုင်နံပါတ်အရ ၅၀၀၀၀ ကျော်နေပြီဖြစ်ကြောင်း၊ စစ်တပ်ဖွဲ့စည်းပုံအရ ယခုလောလောဆယ်တွင် အင်အား ၄၀၀၀၀၀ သိန်းကျော်ရှိကြောင်းနှင့် စစ်တပ်ကိုယ်ပိုင်အမှတ် စုစုပေါင်းမှာ ၉၀၀၀၀၀ နီးပါးခန့်ထိ ရှိနေပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ဗိုလ်လောင်းသင်တန်းဆင် အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများ၊ ကလောတပ်နယ်မှူး၊ ဗထူးတပ်နယ်မှူးနှင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။
ဗိုလ်လောင်းသင်တန်းဆင်း အမှတ်စဉ် (၁၁၄) အခမ်းအနားတွင် အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိသူ ဗိုလ်အမှတ် (၅၉) ဖြိုးဝေအောင် အား ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ငွေဓါးဆုချီးမြှင့်ခဲ့ကြောင်း မြန်မာ့အလင်းတွင် ဖေါ်ပြထားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှတ်စဉ် (၁၁၄) ဗိုလ်လောင်းသင်တန်းဆင်း တပ်ခွဲများကို စစ်ဆေးစဉ် တပ်ခွဲများ၏ ခြေလှမ်းအနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူခဲ့ရ၍ မြန်မာ့အလင်းက အဓိက ဂုဏ်ပြုဖေါ်ပြထားကြောင်းကို တွေ့မြင်ခဲ့ရသည်။
ဂစ္ဆပသတင်းဌာနမှ ရခိုင်ပြည်နယ်စပ်နေ စစ်ရေးလေ့လာစောင့်ကြည့်နေသူ အငြိမ်းစားရဲအရာရှိတဦးအား စစ်အုပ်စုမှ စစ်ဗိုလ် (၈၀) ကျော် ရခိုင်ပြည်သို့ ထပ်မံပို့ဆောင်လိုက်ခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ အောင်ပါအတိုင်း သုံးသပ်ပြောဆိုသည်။
“ဒါစစ်ရေးဘက်က ရှု့ဒေါင်နဲ့ ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်နဲ့ လူထုကို ကျွန်ပြုဖို့စေလွှတ်တာဖြစ်ပါတယ်၊ သိတဲ့အတိုင်းပဲလေ စစ်အာဏာရှင်စနစ်ဆိုတော့ ရခိုင်ပြည်သူလူထုတွေကို ဖက်ဆစ်စစ်အုပ်ရေးနဲ့ ဆက်ဆံအုပ်ချုပ်မှာဖြစ်ပါတယ်၊ စီးပွားရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ရခိုင်ပြည် မြေပေါ်-မြေအောက် သံယံဇာတတွေကို ရတဲ့နည်းနဲ့ ဓါးပြလိုတိုက်ယူဖို့စီမံကိန်းရှိရှိ လာတာလို့မြင်ပါတယ်၊ လူမျိုးရေးအမြင်နဲ့ဆိုရင် ရတဲ့နည်းနဲ့နိုင်ထက်စီးနှင်းအပြင် သွေးရောချယ်လည်ဖို့ ရောက်လာတာဖြစ်ပါတယ်၊ စစ်အာဏာရှင်က ရခိုင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ဖို့အရေးအပေါ် ဘာဆိုဘာမှမလုပ်ဘဲနဲ့ စစ်အင်အားကိုဘဲ တိုးချဲ့နေတဲ့အတွက်ကြောင့် သူတို့ရောက်လာ တာဟာ ကျွန်ုပ်တို့ပြည်သူတွေအတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘူးဆိုတာ သေချာပါတယ်။”ဟု အမည်မဖေါ်လိုသူ အငြိမ်းစား ရဲအရာရှိမှ ရှင်းလင်းပြောကြားသည်။
တဖက်မှာ မတ်လ (၂၈) ရက်နေ့ကစတင်ပြီး ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁)တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား တို့ အနေဖြင့် ရန်ကုန်တိုင်း တိုင်းမှူးထံအချက်(၄)ချက်ပါ (၁) လက်ရှိ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအား ပြန်လည်ပြင်ဆင် ရေးဆွဲရန်၊ (၂) လက်ရှိလစာထက် ပိုမိုတိုးမြင့်ပေးရန်၊ (၃) ဝန်ထမ်းဟောင်းများရဲ့ ပင်စင်လစာငွေအား တိုးမြင့်ပေးရန်နှင့် (၄) ဗိုလ်ချုပ် လမ်းစဉ်အတိုင်း ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဆိုတာကိုခံယူပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပေါ် လက်နက်အားကိုးနှင့် မဖြေရှင်းပဲ တွေ့ဆုံဆွေးနွေးရေးဖြင့် ငြိမ်းချမ်းစွာဖြေရှင်းကြရန်တို့ကို တောင်းဆိုခဲ့ကြသည်။
ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူး စိုးသိန်းမှာ ဧပြီလ (၂၇)ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး စစ်တပ်နှင့် ဒေသအခြေအနေများကို လေ့လာစစ်ဆေးခဲ့ကြောင်း ပြည်တွင်းမှလာသော သတင်းများကဆိုသည်။
အမှတ်စဉ် (၁၁၄) ဗိုလ်လောင်းသင်တန်းဆင်းခဲ့ကြသည့် ကျန်ဗိုလ်များမှာလည်း တခြားပြည်နယ်နှင့် တိုင်းများသို့ အသီးသီး တာဝန်ဖြင့် လွဲပြောင်းခံရပြီးဖြစ်ကြောင်းနှင့် သင်တန်းဆင်း စုစုပေါင်းဗိုလ်အရေအတွက်မှာမူ အသေးစိပ်မရှိရသေးပေ။
ယခုနှစ် ရခိုင်ပြည်နယ် အခြေစိုက် စစ်တပ်များမှ တိမ်းရှောင်ထွက်ပြေးကြသည့် တပ်သားအရေအတွက်မှာ အနည်းဆုံး ၉ ဦး ရှိနေပြီး ဖြစ်ကြောင်း၊ စစ်တပ်အတွင်း ရသင့်ရထိုက်သော အခွင့်အရေးကွာဟမှုများကြောင့် အထက်အောက် မကြေနပ်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လျှက်ရှိကြောင်းနှင့် စစ်တပ် တပ်ရင်းများ တခုနှင့်တခု မကြေနပ်မှုများလည်း ဖြစ်ပေါ်လျှက် ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
Subscribe to:
Post Comments (Atom)
Arakan: ဗိုလ်လောင်းသင်တန်းဆင်း အမှတ်စဉ်(၁၁၄)မှ ဗိုလ် ၈၀ ကျော် ရခိုင်ပြည်သို့ရောက်ရှိလာ >>>>> Download Now
ReplyDelete>>>>> Download Full
Arakan: ဗိုလ်လောင်းသင်တန်းဆင်း အမှတ်စဉ်(၁၁၄)မှ ဗိုလ် ၈၀ ကျော် ရခိုင်ပြည်သို့ရောက်ရှိလာ >>>>> Download LINK
>>>>> Download Now
Arakan: ဗိုလ်လောင်းသင်တန်းဆင်း အမှတ်စဉ်(၁၁၄)မှ ဗိုလ် ၈၀ ကျော် ရခိုင်ပြည်သို့ရောက်ရှိလာ >>>>> Download Full
>>>>> Download LINK vF