ဂစ္ဆပသတင်းဌာန
မေလ (၃) ရက်၊ ၂၀၁၁။
http://gissapa.blogspot.com
အယ်ကေးဒါ ခေါင်းဆောင် ဇာဝါရီ ဖြစ်နိုင်ဖွယ်ရှိ? အမေရိကန် အိုဆာမာ ဘင်လာဒင် သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြား၊
၂၀၀၁ ခုနှစ် စက်တင်္ဘာလ (၁၁)ရက်နေ့ တိုက်ခိုက်ခံရမှု တရားခံ အယ်ကေးဒါး အကြမ်းဖက်သမား ထိပ်တန်းခေါင်းဆောင် အိုဆာမာ ဘင်လာဒင် အား အမေရိကန်မှ အသေဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ မေလ (၁)ရက်၊ တနင်္ဂနွေနေ့က ထုတ်ဖေါ်ပြောကြား လိုက်ခြင်းနှင့်အတူ အယ်ကေးဒါ ခေါင်းဆောင် ဇာဝါရီ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
အမေရိကန် သမ္မတ အိုဗားမား၏ အမိန့်အရ အိုဆာမာ ဘင်လာဒင် အား ပါကီစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့နှင့် ၃၁ မိုင်အကွာရှိ အာဘူဒါဘီဒေသ တောင်ကုန်များ ထူထပ်သော နေရာတခုတွင် အပေါင်းအပါများနှင့်အတူ ခိုအောင်းနေထိုင်နေခဲ့စဉ် လတ်တလော ၀င်ရောက်တိုက်ခတ် အသေဖမ်းဆီးနိုင်ခြင်းဖြစ်သော်လည်း အယ်ကေးဒါး ဒုခေါင်းဆောင် ဇာဝါရီမှာ အသက်ရှင်လျှက် ကျန်ရှိနေသေး ကြောင်း သိရှိရသည်။
အမေရိကန် အနေဖြင့် ကနဦးစတိုက်ခိုက်ဖို့ လုံခြုံရေးအရ the U.S. operation a surgical raid သေးငယ်သော အဖွဲ့ငယ်တခုကို လျှို့ဝှက်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး အကြမ်းဖက်သမား ခေါင်းဆောင် ဘင်လာဒင် နေထိုင်သော အိမ်နားသို့ ညဥ့်တွင်လတ်လလော ချဉ်းကပ်ခဲ့ကြောင်းနှင့် ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာ တိုက်ခိုက်ခဲ့သဖြင့် ဘင်လာဒင်နှင့် အပေါင်းအပါ ၄ ဦးကို အသေဖမ်းဆီး ရမိကြောင်း သိရှိရသည်။
ဘင်လာဒင်မှာ ၂၀၀၁ ခု၊ စက်တင်္ဘာလ (၁၁)ရက်နေ့တွင် အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံများနှင့် လူပေါင်း ၃၀၀၀ ကျော်သေဆုံးသွားခဲ့အောင်အထိ အကြမ်းဖက် တိုက်ခိုက်ခဲ့၍ အမေရိကန်မှ ဖမ်းဆီးသတ်ဖြတ်ရန် လိုက်လံရှာဖွေနေသော တရားခံများ အတွင်း ဒုခေါင်းဆောင် ဇာဝါလီ တဦးအပါအ၀င် ဖြစ်သည်။ သို့သော်လည်း ဇာဝါလီ အား အခုအချိန်ထိ ရှာမတွေ့သေးပေ။
အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေညမှာ ဘင်လာဒင်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် အစိုးရ ထိပ်တန်းအရာရှိများကလည်း ဘင်လာဒင် ပုန်းအောင်းနေသော နေရာဟုယူဆထားသော နေရာများကို လွန်ခဲ့သော ၅ နှစ်ကတည်းက ၀င်ရောက်တိုက်ခိုက်ပုံများကို သတင်းထောက်များနှင့် ပြည်သူများသို့ ထုတ်ဖေါ်ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ဘင်လာဒင်ကို ယခုကဲ့သို့ တိုက်ခတ်အသေဖမ်းဆီးရန် ကြေး၊ ရေနှင့် လေတပ်များ အလုံးအရင်း ပါဝင်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိများကပြောသည်။
စစ်ဆင်ရေးကိုစတင်ရန် သမ္မတ အိုဘားမားက သောကြာနေ့တွင် အမိန့်ပေးခဲ့ကြောင်း၊ ဘင်လာဒင် နေထိုင်ခဲ့သော အာဘူဒါဘီဒေသ၌ နေထိုင်သူအများစုမှာ စစ်မှုထမ်းများဖြစ်ကြကြောင်း၊ ဘင်လာဒင်နေအိမ်မှာ ၃ ထပ်တိုက်ဖြစ်ကြောင်း၊ ပထမတံတိုင်းမှာ ၁၈ ပေမြင့်မား ကြောင်း၊ လုံခြုံရေးဂိတ်များရှိကြောင်း၊ နေအိမ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ သန်းထိ တန်ဖိုးရှိမည်ဖြစ်ကြောင်း၊ နှစ်အတန်ကြာ ဘင်လာဒင် နေအိမ်ကို စုံစမ်းထောက်လှမ်း ရှာဖွေခဲ့ရကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ အထူးခက်ခဲသော နေရာဒေသတခု ဖြစ်ကြောင်းနှင့် ကျေးလက်ဒေသ နေရာတခုသာဖြစ်ကြောင်း အမေရိကန် အကြီးတန်းအရာရှိများက ပြောဆိုသည်။
အမေရိကန်က ဘင်လာဒင်ကို စတင်ဝင်ရောက်တိုက်ခိုက်စဉ် ခုခံမှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူ၏ ဦးခေါင်းကို ကျဉ်ဆံမှန်အောင် ပစ်ခတ်နိုင်ပြီး အသေဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ အမေရိကန် ရဟတ်ယာဉ်တစီးမှာ စက်ချို့ယွင်းမှုနှင့် ကြုံခဲ့ရသော်လည်း ထိခိုက် ဒဏ်ရာ ရရှိမှုမစုံတရာ မရှိခဲ့ကြောင်း ဆိုသည်။
အကြမ်းဖက်သမား ရုပ်အလောင်းကို ဘင်လာဒင် ဟုတ်မဟုတ် နည်းမျိုးစုံ နည်းလမ်းများဖြင့် အသေးစိပ်စစ်ဆေးခဲ့မှုနောက်ပိုင်း အတည်ပြု ထုတ်ဖေါ်ပြောကြားခြင်း ဖြစ်သည်ဟု သိရှိရသည်။
ယခုကဲ့သို့ စစ်ဆင်ရေးကာလ အစီအစဉ်များကို တိကျမှန်ကန်အောင် တိုးမြင့်လုပ်ဆောင်နိုင်ရန် သမ္မတ အိုဘားမားအား စောင့်ဆိုင်း နေခဲ့ရကြောင်းနှင့် စစ်ဆင်ရေးအတိုးအတွင်း အိုဘားမား အနေဖြင့် ၅ နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးနှင့် ကြုံနေခဲ့ ရကြောင်း သိရှိရသည်။
အခုအခါ ဘင်လာဒင်၏ ရုပ်အလောင်းကို ပင်လယ်ရေမျက်နှာပြင်အောက်မှာ အစ္စလာမ် ထုံစံအရ သင်္ဂြိလ်ပြီးပြီဖြစ်ကြောင်း သိရှိရသည်။
ဘင်လာဒင်၏ ပစ်မှတ်နေရာကို ၂၀၁၁ ခုအစပိုင်းတွင် စတင်ခဲ့ပြီး ဖေဖေါ်ဝါရီလ အလယ်ပိုင်းတွင် ထောက်လှမ်းနိုင်ခဲ့ကာ ထပ်မံ အတည်ပြုနိုင်ခဲ့သည်။ အဓိကအားဖြင့် ဘင်လာဒင်၏နေအိမ်ကို ၎င်း၏လူယုံနှစ်ယောက်နောက် ခြေရာကောက်၍ လိုက်ရှာခဲ့၍ သိရှိ ရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဆင်ရေး မစတင်တင်မီကာလတွင် ပါကိစ္စတန်အပါအ၀င် တခြားနိုင်ငံများကို လုံခြုံရေးအရ အသိမပေးခဲ့ကြောင်းနှင့် အမေရိကန် ထိပ်တန်း အစိုးရအရာရှိများသာ ကြိုတင်သိရှိခဲ့ကြောင်း ဆိုသည်။
လွန်ခဲ့သော ၂ နှစ်က ဘင်လာဒင်နေအိမ်ကို ခြေရာခံနိုင်ခဲ့ပြီး ၂၀၁၀ ခု၊ သြဂုတ်လတွင် အဘူဒါဘီဒေသရှိ ဘင်လာဒင်နေရာကို ရှာဖွေနိုင်ခဲ့ကြောင်း အမေရိကန် အကြီးတန်းအရာများက ပြောသည်။
တချို့အင်တာနက် စာမျက်နှာများတွင် မြန်မာပြည်မှ အကြမ်းဖက်သမား (သန်းရွှေ) ဘင်လာရွှေ အလှည့်ရောက်လာပြီဟု သမုတ်ရေးသားကြသည်။ စစ်အာဏာရှင် ဦးသန်းရွှေမှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်သော နည်းမျိုးစုံစရိုက်များကို တီထွင်နိုင်သော အကြမ်းဖက်သမား ထိပ်တန်းခေါင်းဆောင်ကြီး ဖြစ်သည်။

ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment