ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Thursday, March 31, 2011

ဘုံအမျိုးသား အကျိုးစီးပွားနှင့် ဘုံရန်သူ

ဘုံအမျိုးသား အကျိုးစီးပွားနှင့် ဘုံရန်သူ
အခန်းကဏ္ဍ၊ အစီအစဉ်၊ အထောင့်တိုင်း၊ အဆင့်တိုင်းတခုစီမှာ ရည်ရွယ်ချက်အရ အမျိုးသားရေးရှု့ထောင့်မှ လုပ်လျှင် ဘုံအမျိုးသားအကျိုးစီးပွားဖြစ်သည့် ညီညွတ်ရေးကိုဖြစ်ထွန်းစီပြီး တပါတည်းမှာ ဘုံရန်သူသို့ ရောင်ပြန်ဟတ်မှု ကြောင့် ၎င်းရို့အထိနာသည်ကို သတိအမြဲပြုကြရန် မိမိရို့ ခံယူတတ်ကြရမည်။ မည်သည့်အလုပ်မဆို မိမိရပ်တည်ချက်လို့ ယုံကြည်လျှင် မုချအောင်ပွဲယှိသလို အတိုက်အခံသမားများလည်း မိမိအောင်ပွဲနှင့်အတူ တချိန်တည်းမှာ ပျက်သုန်းစီသည်။

မိမိရို့ ဘ၀တူ၊ ရည်ရွယ်ချက်တူ၊ ရည်မှန်းချက်တူ၊ တော်လှန်ချင်းလည်းတူ၊ နိုင်ငံရေးတန်းတူမှုလည်း တူသည့် အပြင် အဖိနှိပ်ခံဘ၀ချင်းလည်း တူညီကြပြီး ဘုံရန်သူကို တိုက်ပွဲဝင်နိန်ကြရာဝယ် တူညီသော အဆင့်တခုစီတိုင်းမှာ ရည်ရွယ်ချက်အရ မုချအောင်ပွဲအတွက် ပူးပေါင်းဆောင်ရွက် နိုင်ရမည်။ ဘ၀တူချင်း၊ အမျိုးသားချင်းတူလို့ မပူးပေါင်း၊ မဆောင်ရွက်သည့်အပြင် ကိုယ်က တဦးကို မယုံကြည်မှုသည်ပင် ကိုယ့်ကို တဦးက မယုံကြည်အောင် မိမိက ဖန်တီး လိုက်ခြင်းပင် ဖြစ်ပေသည်။ နိုင်ငံရေးသည် သရုပ်ဆောင်၊ အကျော်အမော် ဖြစ်ချင်ရေလူရို့၏ ပုံစံခွက် မဟုတ်ပေ။

ရှု့ထောင့်ပေါင်းစုံအတွင်းမှ ဗဟုသုတ၊ အတွေးအခေါ်၊ နည်းလမ်းများ မတူကွဲပြားမှုများကို ရင်ကြားစေ့စပ်ဖန်တီး လုပ်ဆောင်နိုင်ရမည်။ အမြင်မတူကွဲပြားမှု အသွင်သဏ္ဍန်သည် ဗျူဟာမြောက်သည့် ပြဿနာဟု မိမိရို့ လွဲမှားစွာ မခံယူ သင့်ပေ။ ရှု့ထောင့်တဖက်မှာ မိမိရို့ ချွတ်ယွင်းမှု၊ ပြိုကွဲမှုများသည် ရန်သူရို့၏ မဟာဗျူဟာမြောက် အောင်ပွဲရလာဒ် ဖြစ်နိန်သည်။ တဆက်တည်းမှာ မိမိရို့၏ ဟာကွက်၊ ပျော့ကွက်များကို ရန်သူရို့ အလွယ်တကူ လေ့လာဆန်းစစ် သိယှိ နိုင်ပြီး ရင်ဆိုင်တိုက်ပွဲများအတွက် မိမိရို့၏ ပျော့ကွက်များကို ခင်းကျင်းပြသထားလိုက်ခြင်းနှင့် တူနိန်ပေသည်။

တခါတရံမှာ လူ့ဖုံ၏ သဘာဝတရားကိုလည်း နားလည်လွယ်ကူအောင် ဆင်ခြင်ယူနိုင်ရမည်။ အုပ်စုများသူက မတရားသဖြင့် အုပ်စုနည်းသူများကို အနိုင်မကျင့်ချင်စေကာမူ အုပ်စုနည်းသူက အုပ်စုများသူများကို လန့်ဖြတ်နိန်ပြီးသား ဖြစ်နိန်ပေသည်။ လက်ရှိခေတ်အနေအထားကား ခေတ်နည်းပညာများနှင့်အတူ ပိုမိုဆိုးရွားလာနေဟန် ယှိနိန်သည်။ ပုံစံ နည်းမျိုးစုံနန့် လူ့အခွင့်အရေးနှင့် သဘောတရားကောင်းခြင်းများကို မျက်နှာဖုံးအဖြစ် ရှေ့တန်တင်ကာ စနစ်ဆိုးအရ ကောက်ကျစ်၊ ချယ်လှည်၊ညစ်ပစ်နိန်သူများကိုမှ ကယ်တင်၊ကျေးဇူးသျှင်ကြီးဟု ယုံကြည်နိန်ရသည့် ခေတ်ကာလဖြစ်သည်။

ပညာတတ်မှ၊ ဥစ္စာယှိမှ၊ သတ္တိယှိမှ၊ ဥာဏ်ပညာအမြော်အမြင်ယှိမှ၊ မိမိခံယူချက်၊ ယုံကြည်ချက်နှင့်တူမှ ဘုံအမျိုး သားအကျိုးစီးပွားအတွက် ပူးပေါင်းလက်တွဲ လုပ်ဆောင်ကြမည့် ရည်မှန်းချက်မှာလည်း ဘုံအမျိုးသားအကျိုးစီးပွားအတွက် နစ်နာမှုများ အများအပြားယှိသည်။ တချို့ဇာကဏ္ဍမဆို လက်တွီရော၊ သဘောတရားပါ ဖန်တီးနိုင်သူ၊ တချို့ဖန်တီးပြီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သူ၊ တချို့ထောက်ခံအားပီးအားမြောက်ပီးသူနှင့် တချို့ကြားဝင်ပြီး ရင်ကြားစည်းပီးနိုင်သူများ ယှိသည်။

တဖက်မှာ ပူးပေါင်းလုပ်ဟန်ဖြင့် အကျိုးအမြတ်ခံစားတတ်ကြသူ၊ တချို့ဆိုလျှင် အပြစ်ပုံ ပြောတတ်ကြသူနှင့် မိမိလုပ်နေသည်ကိုပင် မိမိဇာအခန်းစီးကဏ္ဍမှ လုပ်ဆောင်နိန်သနည်း မသိကြသူများအနေဖြင့် လုပ်လျှက်နန့် မိမိရန်သူ ဖက်ဖြစ်နိန်ပုံပင် သတိမထားကြသူများ ယှိကြသည်မဟုတ်ပါလား။ တချို့ဂိုဏ်းအသွင်ဝါဒ သူမပါမှ ငါလုပ်ဖို့ ပုံစံခွက်နန့်။

မည်သို့ဆိုစေကာမူ အမျိုးသားအချင်းချင်းနှင့် ဘ၀တူအချင်းချင်း ဘုံအမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက် ပြောင်း လဲရေးအတွက် အဆင့်တိုင်းစီမှာ စနစ်တကျ၊ စည်းကမ်းယှိယှိ၊ ပုံစံကျကျ အပြန်အလှန်နားလည်မှု၊ အသိအမှတ်ပြုမှုနှင့် လေးစားမှုများကို အခြေခံကာ စံစနစ်တခုနန့် လုပ်ဆောင်ကြမည်ဆိုလျှင် မုချအောင်ပွဲနှင့်အတူတကွ ရန်သူကိုအောင်မြင်မှု အဆင်သင့် ရယှိပြီးသားဖြစ်ပေလိမ့်မည်။

အောင်သန်း (NUPA-AA), March 31, 2011.

Monday, March 28, 2011

မြန်မာရာသီတွေပြောတဲ့ ဆောင်းရာသီ

۩မြန်မာပြည်မှာ
ဆောင်းကော်မတီတွေ
ညီညွှတ်မှု မရှိခဲ့လို့တဲ့
ဆောင်းဦးရဲ့ အနှစ်သာရကို
ပြည်သူတွေ မခံစားရဘူးလို့ မေလ/၂၀၀၈ က ကျင်းပတဲ့ ရာသီဥတု ဆန္ဒခံယူပွဲက ပြောတယ်ဆိုပဲ။

۩အဲဒီမှာ နေနဲ့မိုး ပါတီတွေကလည်း
အရင်ကတည်းက ညီညွတ်မှု
မရှိခဲ့လို့တဲ့ ရဟန်းပြည်သူမျိုးဆက်တွေ
မျိုးပြိုန်းသွားမဲ့ အနေအထားတွေ
ကျရောက်ခဲ့ပြီးပါပြီလို့ ရာသီတွေရဲ့ သမိုင်းမှတ်ကျောက်မှာ တွေ့ရကြောင်းကို သဘာဝက ဆိုပါတယ်။

۩ရာသီဥတုတွေကို ဒီလိုမဖေါက်ပြန်ကြဖို့
ရဟန်းပြည်သူမျိုးဆက်တွေ တောင်းဆိုထားပါတယ်
တဘက်မှာ မိုးရွာတာ တပြိုင်နက်ဆိုပေမဲ့
မိုးသီးတွေက ပြိုင်တူမြေမခဘူး
ရာသီဥတုတွေကို မဖေါက်ပြန်မရ ဖြစ်နေအောင်
ဖန်တီးတဲ့ ရာသီအတုတွေ ရှိနေတယ်လို့
နှစ်စဉ်လေ့လာသုံးသပ်ချက်များကို ပြုစုနေတဲ့ ကမ္ဘာကုလဆိုင်ရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

۩ရာသီတွေရဲ့ အနှစ်သာရ
မတူဆိုလို့
ဆောင်းမှာ အေးတယ်
နေမှာပူတယ်
မိုးမှာအနေသာပါလို့
နိုင်ငံတကာ ရာသီဥတု ဥပဒေက ဆိုပါတယ်။

۩ပြဌာန်းထားတဲ့ ဥပဒေတွေမှာ
ဆောင်းရဲ့ပိုင်နက်နယ်မြေ
မိုးရဲ့ပိုင်နက်နယ်မြေ
နေရဲ့ပိုင်နက်နယ်မြေ
ကန့်သတ်မှုနဲ့ တရားမျှတမှုကိုတော့
ရာသီတွေ တပြေးညီ လိုလားကြပါတယ်။

۩ပိုင်နက်တွေအကြား
ဇီရိုပိုင်နက်တွေကိုလည်း
လွတ်လပ်မှုပေးထားသင့်တယ်လို့
ရာသီဥတုတွေက နှစ်စဉ်ကျင်းပတဲ့
ညီလာခံမှာ သဘောတူထားတာတွေ ရှိပါတယ်။

۩ကဲ့ဘာပဲ ဖြစ်ဖြစ်လေ
ရာသီဥတုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတော့
ဘယ်သူမှ မတရားသဖြင့် စီမံအုပ်ချုပ်တာ
သဘာဝတွေရဲ့ တန်းတူညီမျှခြင်းကိုလည်း
ဘယ်သူမှ မတရားသဖြင့် ခွဲခြားဆက်ဆံတာ
ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ခေတ်ကြီးမှာ
တရားသဖြင့် ပြဌာန်းထားတဲ့ ဥပဒေအတိုင်း
ကျင့်သုံးလိုက်နာဖို့
မြန်မာ့ရာသီဥတုတွေရဲ့
ဥပဒေနဲ့ နိုင်ငံတကာရဲ့ ဥပဒေနဲ့ ထပ်တူပါဘဲ။

۩ကျွန်တော်တို့ ရာသီဥတုတွေမှာ
တူညီတဲ့ ဥပဒေပြဌာန်းချက်တွေရှိတယ်
နယ်မြေပိုင်နက်တွေရှိတယ်
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အင်္ဂါလက္ခဏာကို ထိမ်းသိမ်းဖို့ အခွင့်အရေးတွေရှိတယ်
စစ်အုပ်စု သဘာဝရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ
တရားမျှတမှုမရှိဘူး၊ နှင်းမိုးစွန်နဲ့ နွေအငွေ့အသက် တွေကို ဖျက်ဆီးနေတယ်။
ဒါပေမဲ့ ရာသီဥတုတွေရဲ့ အခွင့်အရေးကိုတော့
ရွေးကောက်ပွဲ မတိုက်ခင် အပြတ်အနိုင်တိုက်ကြမယ်လို့
ရာသီဥတုအဖွဲ့ချုပ်တွေရဲ့ မဟာဗျူဟာမှာ ချမှတ်ထားကြပါပြီ။

ရခိုင်ပြည်တပ်မတော် (AA)
အောင်သန်း
နိုဝင်္ဘာလ ၂၁၊ ၂၀၀၉။

---------------------
အသိငိုနှင့် မသိရယ်


အငယ်ခါ မသိလို့
ဇာမဆို ရယ်မိခရေ၀ါ
ကိုယ့်ကို သတ်ကေတောင် ရယ်ရေ ဟား..ဟား...။

အလယ်လတ်ရောက်ခါ
ဇာလိုချင်ရေ စိတ်ဆန္ဒက
တခုတည်းယှိခလို့
ငိုပွဲတိနှင့် ရယ်ပွဲတိ ဆန္ဒခံယူပွဲ ကျင်းပခရေ။

အသိဝင်လာလို့ မျက်မြင်ဖြစ်တေခါ
သိလျှက်နာင့် အနာဂါတ်အတွက်
ငါငိုစွာ ဇာဖြစ်လို့လဲ။

မသိပဲ ရယ်ခရေ
အချိန်တိ တန်ဖိုးကို
သိတတ်လာရေထော။

တခါပြန်ပနာ
မသိတတ်လို့ အငယ်က
ငိုတတ်ပါလတ်တေပိုင်
သိတတ်လို့ အကြီးလုပ်တေ
ပုဂ္ဂိုလ်တိက ရယ်ဖို့ကိုရာ
အမြဲအားစိုက် လာရေလတ်။

အော်…..
သံသရာဆိုစွာ
လည်ပြီးကေ
အမှားကို ပြောစွာဗျာလ်မနားယေ
ဇာပိုင်အမှန်လုပ်ဖို့လဲလို့
…ဆိုခါ သီတမ်းကစပ်ဖို့
အချိန်ရောက်လားခဗျာလ်ထော.. ဟင်…..(မ်)…။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (AA)
အောက်တိုဘာလ (၂၃)ရက်၊ ၂၀၀၉။

ကာလကတ္တားတရားရုံးမှ ပင်လုံစိတ်ဓါတ်

နန်ဒီတာဟက်ဆာ (Nandita Haksar)
(MIZZIMA ) သောကြာနေ့၊ နိုဝင်ဘာလ 20 ရက် 2009 ခုနှစ် 19 နာရီ 43 မိနစ်

အနောက်ဘင်္ဂလားပြည်နယ် ကာလကတ္တားစက်ရှင် တရားရုံးများအတွင်းရှေ့နေလိုက်နေကြသော ဥပဒေအကျိုးဆောင်ကြီးများ အတွက်၂၀၀၉ခုနှစ်နိုဝင်္ဘာလ ၁၂ ရက်နေ့ ကြာသပတေးနေ့သည် ခါတိုင်းလို အလုပ်များလှသော နေ့တနေ့သာဖြစ်သည်။

သူတို့သည် တရားသူကြီး မစ္စ ကယ်ပါနာဒေး (Ms. Kalpana Dey) ရုံးထိုင်သော တရားခွင်ရှေ့မှ ငဲ့စောင်း၍ပင် ပြန်မကြည့်ဘဲ ကျော်ဖြတ်သွားကြသည်။ သူတို့ အတွက်တော့ မြင်ကွင်းမှာ ဘာမှမထူးဆန်း။ ရှေ့နေများက အနက်ရောင်ဝတ်ရုံများခြုံ၍၊ တရားခွင်စာရေးများက စားပွဲတွင်ထိုင်၍၊တရားသူကြီးက တရားခွင် မှတ်တမ်းကို သူ့လက်ရေးတို စာရေးကို နှုတ်တိုက်ချပေးနေ၍၊ မြင်နေ ကျမြင်ကွင်းများပင်။

တရားခွင်မှအသည်း အသန်ပြောဆိုနေကြသော လျှောက်လဲချက်များကို ကြားလိုက်ရသည့်ရှေ့နေတချို့ကတော့ ဥပဒေရေးရာနှင့်စပ်လျဉ်း၍ ထူးတာလေးများ ကြားရမလား ဟူသောစေ့ငုလိုစိတ်ဖြင့်အခန်းတွင်းသို့ ဝင်လာကြတာလည်း ရှိသည်။အစိုးရရှေ့နေကြီးက နိုင်ငံခြားသားများကို သေသေချာချာ သမ္မန်စာဆင့်ဆိုခြင်း မရှိဘဲ တရားရုံးတွင် သက်သေထွက်ခွင့် မပြုသင့်ကြောင်း ရုံးတော်ကို လျှောက်လဲကန့်ကွက်နေသည်။ နိုင်ငံခြားသားများကိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်းသာ သမ္မန်စာဆင့်ဆိုရမည်ဟု သူကဆိုသည်။

ဤလေကောင်းလေသန့်ရ၍ ကျယ်ဝန်းသော ရုံးတော်၏နောက်ရှိ သစ်သား အချုပ်ခန်းထဲတွင်မူ လူ ၃၄ ဦးကို ချုပ်နှောင်ထားသည်။

သူတို့ထဲမှ အတော်များများမှာ ပင်ပန်းလွန်း၍ ရပ်မနေနိုင်တော့ဘဲ အေးစက်နေသည့် ကျောက်တုံးကြမ်းခင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။ မည်သို့ပင် ဖြစ်စေ သူတို့သည် အင်္ဂလိပ် စကားလည်းမတတ်၊ ငြင်းခုံပြောဆိုနေ ကြသည့် ရှုပ်ထွေးပွေလီ လှသည့် ဥပဒေရေးရာ အချက်အလက် အကြောင်း အရာများကိုလည်း သူတို့မသိကြ။ သို့သော် တချို့ကတော့ အချုပ်ခန်း သစ်သားတန်းများကိုကိုင်၍ အပြန်အလှန် လျှောက်လဲချက်များကိုနားထောင်နေကြသည်။ သူတို့မျက်နှာ များ ပေါ်တွင်တော့ ပူပန်သောကများက အထင်းသား ပေါ်နေသည်။

ကျယ်ဝန်းလှသော တရားရုံးအတွင်း ချထားသည့် ခုံတန်း ၃ တန်းအနက် နောက်ဆုံးခုံတန်းတွင် ထိုင်နေသူ ၂ ဦးကမူ အေးဆေးစွာ အနှောင့်အယှက်မရှိ အသေအချာ နားစိုက် ထောင်နေသည်။

နောက်ဆုံးတွင်သစ်သားလှောင်အိမ်တွင်းမှအချုပ်သား ၃၄ ဦး၏ ရှေ့နေကြီးက သူ့သက်သေများကို ခေါ်ယူစစ်ဆေးခွင့်ပြုပါရန် တရားသူကြီးကို ဖျောင်းဖျပြော ဆိုလိုက်သည်။ ပထမဆုံး သက်သေမှာ ဦးဟန်ညောင်ရွှေ ဖြစ်သည်ဟု ရှေ့နေ ကြီးက တရားသူကြီးကို အသိပေးလိုက်သည်။

ဦးဟန်ညောင်ရွှေက နေရာမှထပြီး သက်သေခုံရှိရာသို့ လျှောက်လာသည်။ သူ့ဘေးတွင် ကပ်လျက်ထိုင်နေသူကို တရားရုံးပြင်ပသို့ ထွက်ခွာပေးရန် မေတ္တာရပ်ခံ လိုက်သည်။ ဥပဒေအရ တရားခံပြ သက်သေများသည် တဦးထွက်ဆို နေသည်ကို နောက်တဦးက နားထောင်နေခွင့် မရှိပါ။

ဦး ဟန်ညောင်ရွှေ ခနော်နီခနော်နဲ့ သက်သေဝက်ခြံအတွင်းသို့ ဝင်လိုက်ပြီး ကျမ်းကျိန်ရသည်။ထို့နောက်သူသက်သေထွက်ရန်အသင့်ဖြစ်နေပါပြီ။ သစ်သား လှောင်အိမ်အတွင်းမှ တရားခံများအနေဖြင့် သူဘာပြောနေသည်ကို မကြားရနိုင်ပါ။ သို့သော်သူ၏ကြက်သရေရှိမှုနှင့်အေးဆေးငြိမ်သက်သော ကိုယ်နှုတ်အမူ အရာ တို့ကြောင့်မလေးစားဘဲမနေနိုင်ကြပါ။ဘင်္ဂါလီလူမျိုးလက်ရေးတိုစာရေးကသူအကျွမ်းတဝင် မရှိသောလေယူလေသိမ်းနှင့် မြန်မာအမည်များကို မနည်းကြိုးစားကာ ရေးမှတ် နေရသည်။

ဦးဟန်ညောင်ရွှေကို လွန်ခဲ့သော ၆၂ နှစ်တွင် မြန်မာနိုင်ငံ၌ မွေးဖွားခဲ့သည်။ ရှမ်းမင်းမျိုးမင်းနွယ်မှ ပေါက်ဖွားလာသူ ဖြစ်ကြောင်းကို သူ့ဟန်ပန်အမူအယာကို ကြည့်ရုံ ဖြင့် သိနိုင်သည်။ သူ့ဖခင်သည် ၁၉၄၈ ခုနှစ်က ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်ခဲ့ကြောင်း အေးဆေးတည်ငြိမ်စွာဖြင့် စကားလုံးများကို သေချာစွာရွေးချယ် ပြောကြားနေသည်။ သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်သောအခါ သူ့ဖခင်မှာ ဖမ်းဆီးခံရပြီး ထောင်ထဲ၌ပင် သေဆုံးသွား ခဲ့ရသည်။ သူ့အကို တဦးမှာလည်း ဗိုလ်ချုပ်ကြီးနေဝင်း၏ ကွပ်မျက်ခြင်း ခံခဲ့ ရသည်။
ဤကြေကွဲဖွယ် အဖြစ်ဆိုးများကြောင့် မိသားစုလိုက် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ထို့နောက် ဦးဟန်မှာ ကနေဒါနိုင်ငံတွင် ပြောင်းရွှေ့ခိုလှုံ ခဲ့ပြီး နောက်ပိုင်းတွင် ကနေဒါ နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

မျိုးရိုးဂုဏ်ကြောင့်သာမဟုတ်၊ သူ့ပညာရပ်ဆိုင်ရာ အရည်အချင်း များကလည်း အထင်ကြီးစရာပင်။ သူသည် သတ္တုတွင်းတူး အင်ဂျင်နီယာ တဦးဖြစ်ပြီး ဘဏ္ဍာရေး ဆိုင်ရာ စိစစ်လေ့လာသူ တဦးလည်းဖြစ်ကာ ကနေဒါနိုင်ငံတွင် နေထိုင်သူတဦးဖြစ်သည်။ သို့သော် သူ့ဘဝတခုလုံးကို မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှု အတွင်း၌သာ မြှုပ်နှံထားခဲ့သည်။

ဤတရားရုံးတွင် သက်သေထွက်ဆိုရန်အတွက် ကနေဒါနိုင်ငံမှ တနံတလျားလာခဲ့ရသည်။ တရားခွင်နောက် သစ်သားလှောင်အိမ်တွင်းရှိ မြန်မာနိုင်ငံသား ၃၄ ဦးလုံးမှာ လွတ်လပ်ရေး တိုက်ပွဲဝင် တော်လှန်ရေးသမား အစစ်အမှန်များဖြစ်ကြောင်း သူက ရုံးတော်သို့ ထွက်ဆိုသည်။ သူသည် ဘရပ်ဆဲလ်တွင် ဌာနချုပ်ရှိသော ယူရိုဘားမားရုံး (EBO)၏ အမှုဆောင် ညွှန်ကြားရေးမှူးတဦး ဖြစ်ကြောင်း၊ သူတို့ရုံးမှ ဤအမှုအတွက် ကုန်ကျစရိတ်များကို ထုတ်ပေးနေခဲ့ကြောင်း၊ အကယ်၍ ဤတရားခံ ၃၄ ဦးသည် အိန္ဒိယနိုင်ငံလုံခြုံရေးအကျိုးစီးပွားများကို ဖောက်ဖျက်ခဲ့သည့် လက်နက်မှောင်ခိုသမားများဖြစ်သည်ဟု သံသယရှိခဲ့လျှင် ဤသို့ငွေကြေးများ ထောက်ပံ့ပေးကမ်းရန် လုံးဝအကြောင်း မရှိပါဟု သူကရုံးရှေ့တွင် ထွက်ဆိုပြောကြားခဲ့သည်။

သူသက်သေထွက်ပြီးသောအခါ သက်သေခုံမှဆင်း၍ နောက်သက်သေတဦးကိုခေါ်သည်။ ဒုတိယ တရားခံပြသက်သေမှာ ဒေါက်တာတင့်ဆွေဖြစ်သည်။ ဒေါက်တာ တင့်ဆွေက သူသည်ဆရာဝန်တဦး ဖြစ်ကြောင်း၊ အလုပ်မှ မနုတ်ထွက်မီအထိ ဆေးကုသခြင်း လုပ်ငန်းကို ၁၅ နှစ်ကြာ မျှလုပ်ကိုင်ခဲ့ကြောင်း၊ ထို့နောက် ထင်ရှား လှသည့် ခေါင်းဆောင် တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင် ရောက်ခဲ့ကြောင်း ထွက်ဆိုသွားသည်။ သူသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ သို့သော် စစ်အစိုးရက ဒီမိုကရေစီနည်းကျ ရွေးချယ်တင် မြှောက်ခံရသော ပြည်သူ့ကိုယ်စား လှယ်များကို အာဏာလွှဲပြောင်းမပေးခဲ့ပါ။ ထိုသို့ လွှဲမပေးသည့်အပြင် ဒေါက်တာတင့်ဆွေမှာ စစ်အစိုးရက ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် အိမ်မှထွက်ခွာလာခဲ့ရရာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အရောက် ၅ ညအိပ်၊ ၆ ရက်ခရီးကို ခြေလျင် လျှောက်ခဲ့ရသည်။

ဒေါက်တာတင့်ဆွေကလည်း ဤမြန်မာနိုင်ငံသား စွပ်စွဲခံရသူ ၃၄ ဦးမှာ အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိ ဒု-ဗိုလ်မှူးကြီး ဂရေးဝါးလ်၏ အမှုဆင်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းကို သူသိကြောင်း ရုံးတော်ကို ထွက်ဆို သည်။ သူ ဂရေးဝါးလ်ကို လူကိုယ်တိုင်သိကြောင်း၊ ၁၉၉၆ ခုနှစ်က အခြားမြန်မာလူမျိုး ၁၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ရာတွင် သူသည်အဓိကအခန်းမှ ပါဝင်ခဲ့သူတဦးဖြစ်ကြောင်း သူကရုံးတွင်ထွက်ဆိုသည်။ အဝေးရောက် မြန်မာနိုင်ငံအစိုးရ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB)၏ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကိုယ်တိုင် ရုံးရှေ့သို့ လာရောက်ထွက်ဆိုလိုသော်လည်း ဗီဇာမရ၍ မလာနိုင် ကြောင်းကို လည်း သူက ရုံးတော်သို့ အသိပေးပြောပြ ခဲ့သည်။

ထိုနေ့မွန်းလွဲပိုင်းက ဦးဟန်ညောင်ရွှေနှင့် ဒေါက်တာတင့်ဆွေတို့ ၂ ဦးလုံးကို လှောင်အိမ်တွင်းမှ အကျဉ်းသားများနှင့် တွေ့ဆုံခွင့် ပြုခဲ့သည်။ ရခိုင်နှင့်ကရင်လူမျိုး လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား ၃၄ ဦးလုံးနှင့် သူတို့ ၂ ဦးက တဦးချင်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ထိုအခိုက်အတန့်လေးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်မှာ တရားရုံးအတွင်းသို့ သက်ဆင်းကျရောက်လာသလိုရှိသည်။ မြန်မာနိုင်ငံသား လွတ်လပ်ရေး တိုက်ပွဲ ဝင်သူများ လွတ်မြောက်ရေးအတွက် မြန်မာလူမျိုးများနှင့် တိုင်းရင်းသား လူမျိုးများ၏ ခေါင်းဆောင်များက အတူတကွ လက်တွဲကြိုးပမ်း နေကြသည်။ ထိုမြန်မာ နိုင်ငံသား ၃၄ ဦးမှာ တိုင်းရင်းသားရခိုင်နှင့် ကရင်လူမျိုးများဖြစ်ကြသည်။ ဦးဟန်ညောင်ရွှေမှာ တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)ကို ကိုယ်စားပြုနေသည့် ဂုဏ်သိက္ခာကြီးမားသည့်ရှမ်းအမျိုးသားတဦးဖြစ်ပြီး၊ဒေါက်တာတင့်ဆွေမှာမြန်မာလူမျိုးတဦးဖြစ်ပြီးအဝေးရောက်ညွန့်ပေါင်းအစိုးရ(NCGUB)ကိုကိုယ်စားပြုလာ ရောက်ခဲ့ခြင်း ဖြစ်သည်။ ဒါကာလကတ္တား တရားရုံးအတွင်း ပင်လုံစိတ်ဓာတ် ပြန်လည်ရှင်သန် နေခြင်း မဟုတ်ပေဘူးလား။

မြန်မာမီဒီယာအများစုက ဤတဒင်္ဂတွင် ဤသို့ဆက်စပ်နေပုံကို မမြင်လိုက်ကြ၊ လက်ဆွဲနှုတ်ဆက်နေကြပုံ၏ ဆွတ်ပျံ့ဖွယ်အဖြစ်ကို သတိမမူမိလိုက်ကြ။ မြန်မာစစ် တပ်က ၄၇ နှစ်လုံးလုံး ဗုဒ္ဓဘာသာမြန်မာလူမျိုးဟု ကြွေးကြော်ပြီး ဝါဒဖြန့်သိမ်းသွင်း အုပ်ချုပ်ခဲ့သည်။ လူထု၏ ဒီမိုကရေစီတောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီ ဖက်ဒရယ် မြန်မာနိုင်ငံတော် အမြင်သဘောထားကို ချေဖျက်ရန် ကြိုးစား ခဲ့သည်။

မြန်မာစစ်အစိုးရကို အာခံ၍ တိုင်းရင်းသားလူမျိုးများနှင့် လူများစု မြန်မာလူမျိုးများ၏ ကိုယ်စားလှယ်များ ဤနေရာတွင် စုရုံးရောက်ရှိလာကာ မြန်မာနိုင်ငံသား လွတ်မြောက်ရေး တိုက်ပွဲဝင်သူ ၃၄ ဦး၏ ဘဝများကို ကယ်တင်နိုင်ရေးအတွက် အတူတကွ ဆောင် ရွက်နေကြသည်။

ဤတရားခွင်သို့ အိန္ဒိယလူ့အခွင့်အရေး တိုက်ပွဲဝင်သူများနှင့် အိန္ဒိယမီဒီယာလည်း ရောက်မလာခဲ့ပါ။ သူတို့သည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံသားများနှင့် သွေးစည်းညီညွတ်မှုကိုလည်း ပြသရန် စိတ်မပါကြ၊ ဤလွတ်လပ်ရေး တိုက်ပွဲဝင်သူများကို ဒီမိုကရက်တစ် အိန္ဒိယနိုင်ငံက ၁၂ နှစ်ကျော် ထောင်သွင်းအကျဉ်းချထားခဲ့သည်ကိုလည်း ဒေါသထွက်ရကောင်းမှန်း မသိကြပါ။ အိန္ဒိယနိုင်ငံသား များသည် ဖက်ဒရယ်စနစ်ပေါ် အခြေခံသည့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် လိုအပ်ပုံနှင့် ပင်လုံစိတ်ဓာတ်တို့မှ သင်ခန်းစာများ အများကြီး ရယူနိုင်ပါသည်။
ထိုနေ့က ကျမတရားရုံးအတွင်းမှ ထွက်ခွာလာချိန်တွင် ပင်လုံစိတ်ဓာတ် က တရားရုံးကို လွှမ်းခြုံနေခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသား တရားခံ ၃၄ ဦးလုံးလည်း မကြာခင် လွတ်မြောက် လာတော့မည့်အကြောင်း ကျမ သိလိုက်သည်။ သို့သော် ကျမစိတ်ထဲတွင် ဝမ်းနည်းစိတ် ပေါ်လာသည်မှာ ကျမတို့ အိန္ဒိယလူမျိုးများနှင့် မြန်မာလူမျိုး များက ကာလကတ္တား တရားရုံးအတွင်း ပင်လုံစိတ်ဓာတ် ပြန်လည်ရှင်သန် နိုးထလာချိန် သမိုင်းသင်ခန်းစာ ကောင်းကောင်းယူနိုင်သည့် တဒင်္ဂလေးကို လက်လွတ် သွားခဲ့ ရခြင်းပင်။

စာရေးသူသည် ထင်ရှားသည့် လူ့အခွင့်အရေး ရှေ့နေတဦးနှင့် စာရေးဆရာတဦး ဖြစ်သည်။ သူသည် ဤ မြန်မာနိုင်ငံသား ၃၄ ဦးအမှုကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့သည်။ သူမ၏ နောက်ဆုံးထုတ် စာအုပ်မှာ `သူလျှိုငလိမ် စစ်ထောက်လှမ်းရေး မြန်မာ့ခုခံဆန့်ကျင်ရေး လှုပ်ရှားမှုကို အိန္ဒိယ စစ်ထောက်လှမ်း ရေးက မည်သို့မည်ပုံ သစ္စာဖောက်ခဲ့ပုံအကြောင်း´ ဖြစ်သည်။ ဤစာအုပ်တွင် အိန္ဒိယစစ်ထောက် လှမ်းရေးအရာရှိ ဒုဗိုလ်မှူးကြီး V.S. Grewal မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် သူများကို သစ္စာဖောက်ရန် ဦးဆောင်ကြံစည်ခဲ့ပုံ အကြောင်း ဖော်ထုတ် ရေးသားထားသည်။

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၁၃ နှစ်မြောက်နေ့ ထုတ်ပြန်ချက် (အမှတ် ၀၀၂ / ၀၇)

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၁၃ နှစ်မြောက်နေ့ ထုတ်ပြန်ချက် (အမှတ် ၀၀၂ / ၀၇)

ယနေ့ ဇွန္န၀ါရီလ(၅)ရက်၊ ၂၀၀၇ ခုနေ့သည် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)ကို ဖွဲ့စည်းခဲ့သည့် (၁၃)နှစ်မြောက် ပါတီနေ့ဖြစ်ပါသည်။ ဤနေ့တွင် ပါတီတာ ၀န်ကိုထမ်းဆောင်ယင်း ကျဆုံးသွားခဲ့ကြသော ပါတီခေါင်းဆောင်များ၊ တပ်မှူးများ၊ ရဲဘော်ရဲဘက်များ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ ထောက်ခံပံ့ပိုးကာကွယ်ပေးခဲ့ ကြသော မျိုးချစ်ပြည်ချစ်ပြည်သူများအားလုံးအား အထူးအောက်မေ့သတိရလျှက် ရဲဘော်တို့ လက်ဆင့်ကမ်းထားခဲ့သော တိုင်းပြည်တာဝန်ကို ပါတီနှင့်ပြည်သူအပေါ် သစ္စာတ ရား ခိုင်မာစွာဖြင့် ဆက်လက်တာဝန်ယူ တိုက်ပွဲဝင်ယင်း ကျွန်ုပ်တို့သည် အမြင့်မားဆုံး ဂုဏ်ပြုခြင်းနှင့်အတူ လှိုက်လှဲစွာ အလေးပြုပါသည်။

ဤနေ့ရက်တွင် ကျွန်ုပ်တို့သည် NUPA ဖြစ်စဉ်ကို အကျဉ်းချုပ်တင်ပြလိုပါသည်။ နိုင်ငံ့လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ တန်းတူရေးနှင့် လူမျိုးစုံချစ်ကြည်သွေးစည်းရေး တို့ကို ရှေ့ရှုလျှက် တိုက်ပွဲဝင်ခဲ့ကြသော ရခိုင်ပြည်အမျိုးသားတော်လှန်ရေးပါတီများ ဖြစ်ကြသည့် -
(၁) ဦးမောင်စိန်ညွန့် ဦးဆောင်သည့် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ (ANLP-၁၉၆၀)၊
(၂) ဦးရွှေသာ ဦးဆောင်သော ရခိုင်ပြည်ကွန်မြူနစ်ပါတီ (CPA-၁၉၇၂)၊
(၃) (ဦးကျော်လှိုင် ဦးဆောင်သော ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ (AIO-၁၉၇၀)နှင့် ဦးခိုင်ရဲခိုင် ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP-၁၉၇၃)တို့ ပူးပေါင်းလိုက် သော) ဦးကျော်လှိုင်ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP-၁၉၈၈-၉၁)၊
(၄) ဦးပဒီးဖြူ ဦးဆောင်သော လူမျိုးစုတိုင်းရင်းသားများပါတီ (TNP-၁၉၈၅)နှင့်
(၅) ရခိုင်ပြည်အမျိုးသားဒီမိုကရေစီအင်အားစု (NDFA-၁၉၈၈)တို့သည်
ခရစ်သက္ကရာဇ် ၁၉၉၈ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် တညီတညွတ်တည်း `ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)´ကို တည်ဆောက်ခဲ့ကြသည်။ ယင်းမှတဆင့် ပါတီဂိုဏ်းဂဏအစွဲများကို ဖျက်သိမ်းရန် `တပ်ဦးမှတပါတီသို့´ ဦးတည်ချက်ဖြင့် ချီတက်ခဲ့ကြသည်။

၁၉၉၄ ခု၊ ဇွန္န၀ါရီလ(၅) ရက်နေ့တွင် ALPမှလွဲ၍ ကျန် NUFAအဖွဲ့ဝင်ပါတီများနှင့်အတူ ဦးကြာဖြူအောင်နှင့် ဗိုလ်ရာဇာတို့ ဦးစီးသည့် ရခိုင့်တပ်မတော် (AA-၁၉၉၁)တို့ ပါဝင် သော `ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)´ကို ဆက်လက်တည်ဆောက်ခဲ့ကြသည်။ ၁၉၉၇ ခု၊ မတ်လတွင် ဦးခိုင်မြတ်ကျော်ဦးစီးသော ထိုက်းဖက်ရှိ `ရခိုင်ပြည် ကျောင်းသားနှင့်လူငယ်များကွန်ဂရက်(AASYC)” သည်လည်း အမျိုးသားညီညွတ်ရေးကိုအခြေခံသော NUPAနှင့်ပူးပေါင်းကာ အမျိုးသားရေးတာဝန်ကို တဆင့်တက်ယူလာခဲ့ သည်။

ဤနေရာ၌ ၁၉၉၆-ခု အရှေ့ဖက်မဟာမိတ်များအားတင်ပြခဲ့သော ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၏ နိုင်ငံရေးခံယူချက်၊ ရည်မှန်းချက်၊ ဦးတည်ချက်များကို ရခိုင်ပြည်သူတရပ်လုံးသိရှိနိုင်စေရန် အကျဉ်းချုပ် တင်ပြလိုပါသည်။
• ‘လွတ်လပ်ရေး´မရှိသောအမျိုးသားတရပ်တွင်ဂုဏ်ကျက်သရည်လည်းမရှိ၊ တန်းတူရေးလည်းမရှိ၊
အမျိုးသားဘ၀လုံခြုံရေးနှင့် နိုင်ငံနယ်နမိတ် တည်တံ့ခိုင်မြဲရေးလည်း အာမခံချက်မရှိ။’
• သို့ဖြစ်၍ `လွတ်လပ်ရေး´ ပထမ၊ `လွတ်လပ်ရေး´ ဒုတိယ `လွတ်လပ်ရေး´ တတိယသည် ယနေ့ကျွန်ုပ်တို့၏ နိုင်ငံရေးမဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည်။
• အနာဂါတ် နိုင်ငံရေးအတွက် `လွတ်လပ်သောအမျိုးသားများ ဆန္ဒအလျောက် ပူးပေါင်းနေထိုင်ရေး´သည် ကျွန်ုပ်တို့၏ ဆောင်ပုဒ်ဖြစ်သည်။


၂၀၀၃ခု၊ နှစ်လယ်မှစ၍ ကျွန်ုပ်တို့၏ဗဟာဗျူဟာရည်မှန်းချက်မှာ နအဖစစ်အာဏာရှင်စနစ်နှင့် ဗမာကိုလိုနီနယ်ချဲ့စနစ်ဖျက်သိမ်းရေး` ရခိုင်ပြည်သူတို့၏ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ဖန်တီးပိုင်ခွင့်အပြည့်အ၀ရရှိရေး´ ဖြစ်သည်။ ဤရည်မှန်းချက်အောင်မြင်ရန် -
(၁) လူမျိုး၊ ဘာသာ၊ ဒေသ မခွဲခြားပဲ ရခိုင်နိုင်ငံသားအားလုံးပါဝင်သည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးကို မရမနေတည်ဆောက်သွားမည်။
ဤသည်မှာ ရခိုင်ပြည်အမျိုးသားနိုင်ငံရေး၏ အဓိကအခြေခံ လိုအပ်ချက်မဏ္ဍိုင် ဖြစ်သည်။
(၂) လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးနှင့်ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ဖန်တီးပိုင်ခွင့်အာမခံချက်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲဝင် အဖိနှိပ်
ခံဘ၀တူအမျိုးသားများနှင့်ရော၊ တန်းတူရေးနှင့်လူမျိုးစုံချစ်ကြည်ရေးကို အမှန်တည်ဆောက်လိုသော ဒီမိုကရေစီရေးတိုက်ပွဲဝင် အဖိနှိပ်ခံဗမာပြည်သူများနှင့်ပါ ခိုင်မြဲသော
ညီညွတ်ရေးကို တည်ဆောက်သွားမည်။
(၃) ဤသို့တည်ဆောက်နိုင်ရေးအတွက် ၂၀၀၃ ခု၊ ဇူလှိုင်လ၌ ပါတီဗဟိုခေါင်းဆောင်များနှင့် တပ်မှူးကြီးများ စုံညီအစည်းအဝေးမှ `ရခိုင်ပြည်လွတ်လပ်ရေး´ တောင်းဆို
သံကို `ရခိုင်ပြည်သူတို့၏ ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်အပြည့်အ၀ရရှိရေး´သို့ ပြောင်းလဲခဲ့သည်။

ဤသည်မှာ ၁၉၆၀ ခုနှစ်များမှစ၍ ကမ္ဘာကုလသမဂ္ဂမှ `ကိုလိုနီစနစ်ချုပ်ငြိမ်းသွားပြီ´ဟု ကြေငြာခဲ့သဖြင့် ကျွန်ုပ်တို့ဘ၀သည် ဖုံးကွယ်ခံ`ကျွန်ပုံးကိုလိုနီ(Hidden Colony) ဖြစ် ခဲ့ရပြီး၊ လွတ်လပ်ရေးတိုက်ပွဲသည်လည်း `ခွဲထွက်ရေး´ဟု လွဲမှားစွာ ၀ါဒဖြန့်စွပ်စွဲခံခဲ့ရသည်။ ၁၉၉၀-ခု လွန်လာသောအခါ အရင်းရှင်အင်အားလွန်တခုသာ ကျန်ခဲ့သည့် နောက်ပိုင်း `လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ (ပြည်သူတို့၏) ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်´ ရရှိရေးသည် နိုင်ငံတကာနိုင်ငံရေးလမ်းစဉ် ဖြစ်လာခဲ့သည်။ ပြည်သူ ၏အဆုံးအဖြတ်ကိုအသိအမှတ်ပြုလေးစားလိုက်နာရမည်မှာ ဒီမိုကရေစီစနစ်၏ အခြေခံအနှစ်သာရဖြစ်သည်။ ကျွန်ုပ်တို့သည် ဤရေစီးကြောင်းထဲတွင် အကျူံးဝင် ရှိနေရမည်။
ညီညွတ်ရေးတည်ဆောက်ရာ၌ တဖွဲ့ကိုတဖွဲ့ ဖိအားပေး/၀ါးမျိုသည့်စနစ်ကို ဆန့်ကျင်သည်။ ဂုဏ်တူရည်တူ အပြန်အလှန်အသိအမှတ်ပြု လေးစားမှုရှိပြီး ဆန္ဒအလျောက် ပူးပေါင်းပါဝင်ရေးကိုသာ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့ NUPAသည် ရခိုင်ပြည်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးလမ်းကြောင်းတွင် အဓိကအတားအဆီးများဖြစ်သော ရန်သူ့အလိုကို ဖြည့်ဆည်းနေသည့် လူမျိုးရေး၊ ဘာသာရေး၊ ဂိုဏ်းဂဏရေး၊ အစွမ်းရောက်ဝါဒများအားလုံးကို လုံးဝဆန့်ကျင်ပြီး နိုင်ငံ့အရေး၊ အမျိုးသားအရေး၊ ပြည်သူ့အရေးကို အဓိကအခြေခံသော အမျိုးသားစည်းလုံးညီ ညွတ်ရေးကို တည်ဆောက်နေသည့် နိုင်ငံရေးအခြေပြုအမျိုးသားရေးပါတီ(Secular Nationalist Party) ဖြစ်သည်။ ရခိုင်ပြည်ကိုသစ္စာစောင့်သိသော နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ဒေသ မရွေး ပါဝင်အမှုထမ်းပိုင်ခွင့်ရှိသည့် အမျိုးသားနိုင်ငံရေးပါတီဖြစ်သည်။

အထက်ပါ နိုင်ငံရေးသဘောတရား၊ ညီညွတ်ရေးသဘောတရား၊ အမျိုးသားရေးသဘောတရား ခံယူချက်များအရ ကျွန်ုပ်တို့ NUPAသည်-
(က) ရခိုင်ပြည်တိုင်းရင်းသားလူမျိုးများကိုယ်စားပြုသော TNPပါတီအား ၁၉၈၈-ခု တပ်ဦးကာလမှစ၍ မိမိတို့နှင့်တသားတည်း၊တထပ်တည်းရပ်တည်နေသော အင်အားစုအဖြစ် အပြည့်အ၀ အသိအမှတ်ပြုခံယူခဲ့သည်။
(ခ) ၁၉၉၆-ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ လူ့ဘောင်သစ်ပါတီ(DPNS)၊ ပြည်သူ့လွတ် မြောက်ရေးပါတီ(PLF)တို့နှင့် နိုင်ငံရေး၊ တော်လှန်ရေး၊ စီးပွားရေးစာချုပ်များချုပ်ဆိုကာ မဟာမိတ် တည်ဆောက်ခဲ့ကြသည်။
(ဂ) ၁၉၈၈ ခုနှစ်ကပင်ရခိုင်ပြည်၏ပကတိရုပ်ဘ၀တောင်းဆိုချက်နှင့်အညီNUFAခေါင်းဆောင်များ ချမှတ်ထားခဲ့သော ညီညွတ်ရေးမူကို ဆက်လက်အကောင်အထည်ဖေါ်သည့် အနေဖြင့် ရခိုင်ပြည်ရှိ မူဆလင်လူ့အဖွဲ့အစည်းအတွင်း ညီညွတ်ရေးကိုကိုယ်စားပြုတိုက်ပွဲဝင်နေသော ရခိုင်ပြည်ရိုဟင်ဂျာအမျိုးသားအဖွဲ့(ARNO)နှင့် ၂၀၀၀-ခုနှစ်၊စက်တင်္ဘာ လတွင် ခိုင်မာသောနိုင်ငံရေးမဟာမိတ်ကို တည်ဆောက်ခဲ့ကြသည်။ (ပူးတွဲပါစာချုပ်တွင်ပါဝင်သောသဘောတူညီချက်များအတိုင်းတည်ဆောက်ထားခြင်းဖြစ်သည်။)
(ဃ) ၂၀၀၄ ခု၊ ဇွန္န၀ါရီလတွင် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများကောင်စီ(ENC)တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ENCကို ပိုမိုထိရောက်သည့် နေရာမှန်ရောက်ရှိရေးကို အလေးထားခဲ့သည်။
(င) ၂၀၀၄ ခု၊ မတ်လတွင် `ရခိုင်ပြည်အမျိုးသားညီလာခံအကြိုညီလာခံ´၌ ရခိုင်ပြည်နိုင်ငံရေးကို ကိုယ်စားပြုနိုင်မည့် `ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)´ ပေါ်လာရေးကို အဟန့်အတားအမျိုးမျိုးကြားမှ မဖြစ်မနေအကောင်အထည်ဖေါ်နိုင်အောင် ကျွန်ုပ်တို့ NUPA အနေဖြင့် ကြိုးစားနိုင်ခဲ့သည်။ ANCဗဟိုမှ NUPAအား အဖွဲ့ဝင်အဆင့်မှ ရပ်စဲထား သည့်တိုင် ANCဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ၂၀၀၆ ခု၊ မတ်လ `ပထမအကြိမ် ရခိုင်အမျိုးသားညီလာခံ´ဟု ခေါ်သောညီလာခံ၌လည်း ANCတည်တံ့ခိုင်မြဲ တိုးတက်ရေးနှင့် ရခိုင်ပြည်နိုင်ငံရေးကို အမှန်ကိုယ်စားပြု ခေါင်းဆောင်နိုင်ရေးအတွက် `ပြည်သူ့အခြေပြု ANC´ ဖြစ်ရေးကို အဓိကတောင်းဆိုခဲ့သည်။ (NUPA)မှတင်သွင်း သည့်စာတွင်ကြည့်ပါ။)

ယခုလည်း ဂိုဏ်းဂဏနှင့် လူမျိုးရေးအစွမ်းရောက်များကြောင့် ANC အခက်အခဲကြုံနေချိန်တွင် ကျွန်ုပ်တို့ NUPA အနေဖြင့် ANC အပေါ် စိတ်စေတနာမှန်သော တာဝန်ရှိပုဂ္ဂိုလ် များနှင့် အခိုင်အမာလက်တွဲကာ ANCကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တတ်နိုင်သည့်ဖက်မှ ကြိုးစားနေသည်။ ဆက်လက်၍လည်း တက်ကြွစွာကြိုးစားသွားမည် ဖြစ်ကြောင်း အလေးအနက်တင်ပြယင်း၊

- လူမျိုး၊ ဘာသာ၊ ဒေသမခွဲခြားပဲ ရခိုင်ပြည်အပေါ်မှာ အမှန်သစ္စာရှိသော ရခိုင့်နိုင်ငံသားတိုင်း သွေးစည်းညီညွတ်ကြ၊
- ရခိုင်ပြည်အမျိုးသားညီညွတ်ရေးကို နအဖအကြိုက် အဓိကဖြိုခွဲဖျက်ဆီးနေသော ဂိုဏ်းဂဏနှင့် လူမျိုးရေး၊ ဘာသာရေး အစွမ်းရောက်ဝါဒကို လုံးဝဆန့်ကျင်ပြီး၊ လူမျိုးစုံချစ်ကြည်ရေး၊ တရားမျှတရေး၊ သွေးစည်းညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကြ၊
- လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တန်းတူးရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့် ရရှိရေးအတွက် အဖိနှိပ်ခံဗမာပြည်သူများ အပါအ၀င် ဘ၀တူအဖိနှိပ်ခံ အမျိုးသားများအားလုံးနှင့် သွေးစည်းခိုင်မာစွာ ရပ်တည်ပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ကြ။

ညီညွတ်ရေးမှ အောင်ပွဲသို့ -

စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)
ရခိုင်ပြည်။ ဇွန္န၀ါရီလ (၅)ရက်၊ ၂၀၀၇ ခု။

ကဗျာမြီ

တော်လှန်ရေးက ပြောရေစကား

® ပြည်ပကိုထွက်လာစွာ
အမျိုးသားတော်လှန်ရေးအတွက်
ဒီမိုကရေစီနာင့် မိမိကံကြမ္မာမိမိကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အတွက်
ပြည်သူ့ဖက်က မားမားမတ်မတ် ရပ်တည်ဖို့အတွက်
ခံယူချက်အပြည့်ဝနာင့် ထွက်လာစွာ။

® တောထဲမှာတော်လှန်ရေးကို
အနှစ်သာရအပြည့်ဝနာင့်
နိုင်ရေဖက်က အသက်ပီးပြီးကေ
တည်ဆောက်ပနာ တိုက်ပွဲဝင်ပြီးကေ
ရန်သူကို စိန်ခေါ်ခစွာ။

® အခြေအနေတိက ပံ့ပိုးမပီးရေခါ
လောလောဆယ်မှာ တော်လှန်ရေးအတွက်
ပြင်ဆင်ရင်းနာင့် ရသမျှဗဟုသုတ ပညာတိကို
တော်လှန်ရေးအတွက် စုဆောင်းနီစွာ။
အမျိုးသားအတွက် အသုံးချဖို့စွာ။

® တိုးတက်ရေကမ္ဘာ့ကြီး သင်္ခန်းစာတိက
ဇာမဆိုလုပ်ကေ စီမံကိန်းတိချကေ
တည်ဆောက်ကေ ညီညွတ်မှုတိ
အပြန်အလှန် အသိအမှတ်ပြုမှုတိ
အောင်မြင်မှုတိ ယှိဖို့လို့ ယုံကြည်ရေလတ်။

® `ခြင်´ အတွေးအခေါ်
`မှက်´ မဟာဗျူဟာ
`မျှော´ ခံယူချက်
`ကြွတ်´ အယူအဆ တိကို
မြေမြှုပ်သဂြို င်္ဟ်ကေ တော်လှန်ရေးစင်ပေါ်ထက်မှာ
တိုက်ဖို့မလိုပဲ `မူမမှန်ရေရန်သူ´ လက်နက်ချလာဖို့လို့ပြောရေ။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (AA)
ဒီဇင်္ဘာလ (၂၁)ရက်၊ ၂၀၀၉။


ရခိုင်နှင့် ရခိုင်ပြည်အငြင်းပွားမှု နအဖအမြင်

အသင်… ရခိုင်သားတိ
အသင်ရို့ ကိုယ့်မှာကား Vitamins အယင်ပိုင်မယှိဗျာလ်
Protein လည်းမယှိဗျာလ်
Calories လည်းမယှိဗျာလ်ဖြစ်လို့
လူ့ဖြစ်စဉ်လည်း ပေါ့ပါးလားခဗျာလ်ကား
အနှစ်မယှိရေ လူတိကိုထမ်းထားရရေပိုင်
လီမတိုက်ပဲနာင့် နယ်ခြားသို့ လွင့်နီကတ်တေထော
လူရခိုင်ဇာတခုလေ့ တန်ဖိုးမယှိဗျာလ်ကား။

ဟင်…အသင်… ရခိုင်ပြည်
နန်းစဉ်ကိုထိမ်းရေ ခေတ်ကြီးလေခေတ် ကြားဖူးယင့်လား
ဘုရင်ဆက် နှစ်ပေါင်း ၅၀၀၀ ကျော်သမိုင်း မသိမဟုတ်လား
ရခိုင့်ရွှီငွီ ဒင်္ဂါးတိကြားဖူးယင့်လား
အိမ်ကြီးရခိုင်နာင့် ရာဇ၀င်တိကြားဖူးယင့်လား
မိမိတာဝန်နှင့် မနီပဲ သုတေသီလုပ်ချင်ရေ မနားယေ။

ဟား…ဟား…ဟား…
နေရာအနှံ ရှေ့တန်းကပါချင်တဲ့ ရခိုင်
သူရဲကောင်းလုပ်ချင်တဲ့ ရခိုင်
တော်လှန်ချင်အုံး
ပြည်နဲ့လူ့ညွှန့်အားလုံးကို
ရခိုင်ကထွက်တဲ့ နျူကလီးယားနဲ့
Negatives ဖြစ်အောင်
ရခိုင်မြေကို ဂစ်လောင်းပြီး
မီးတိုက်ကာ ပြာပုံကိုပင်လယ်သို့မျှောပစ်မယ်ဟေ့…။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (AA)
ဒီဇင်္ဘာလ (၂၁)ရက်၊ ၂၀၀၉။
(မှတ်ချက်။ ။ရခိုင်အမျိုးသားရေးကို`မြင်မှန်-မာန်´ ဆေးတိုက်ကျွေးခြင်းဖြင့် ဂုဏ်ပြု ခြင်း။)

Thursday, March 17, 2011

ဟုတ်ပါယင့်

ဟုတ်ပါယင့်

လူသားစင်စစ်ဆိုကေ
လူမျိုးကိုချစ်တေလို့
ပြောပြဖို့သတ္တိမှာ
ဇာအရည်အခြင်းတိ လိုရေလဲ။

လူမျက်ကန်း မဖြစ်ရလေအောင်
လူတန်ဖိုးယှိအောင်
ဖေါက်ထွင်းမြင်နိုင်ရေ
အတတ်ပညာတိနာင့်
လူမျိုးဂုဏ်သိက္ခာတိကို
ရှာဖွေတတ်ဆင်ကတ်ရဖို့။

မျိုးဂုဏ်နှင့် သက်ဆက်တေ
လူစင်စစ်ဖြစ်ဖို့
သဘာဝက ကူညီဖို့ပြောပြီးကေ
လူ့ရင်းမြစ်ကိုလေ့
ထိန်းသိမ်းဖို့လတ်။

သည်းခံစွာ နိုင်ငံရေးမှာမယှိ
တော်လှန်ရေးမှာ အားနာဖို့မလို
အမြင်မှန်ဖို့နာင့် အောင်မြင်ဖို့အတွက်
အပေါင်းလက္ခဏာဆောင်ပြီးကေ
အနုတ်ပုံစံတိကို ရှောင်ဖို့လိုရေ။

မိမိမျိုးရိုးလွတ်လပ်ဖို့
အာဏာရှင်စနစ်ဆိုးကို
ခြေမှုန်းပစ်ရဖို့ယေ။

မှန်ကန်ရေဘုံတိုက်ပွဲကို
အားလုံးလက်ခံရေ
ဘုံရည်ရွယ်ချက်နာင့်အတူ
လက်တွီတိုက်ကွက်တိကို
ပြဌာန်းဖို့စွာ ရခိုင်တာဝန်မဟုတ်ပါလားယေ။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (AA)
ဖေဖေါ်ဝါရီ (၂၆)ရက်၊ ၂၀၁၀။
ငါရို့ကိုယ်စီ
သံဇဉ်နှင့် အဓိပ္ပါယ်တခု အဆုံးမသတ်ဘဲ
ပြိုင်တူနားဆင်နိုင်အောင် ထာဝစဉ် ရှင်သန်စီဖို့။
သံဇဉ်တိကို ဇာတေးခြင်း စာသားတိနန့်မလိုက်လို့
ကန့်သတ်ဖို့အစား ညှိနှိုင်းအသက်သွင်းစီဖို့။
မျှော်လင့်ချက်နှင့် ရည်မှန်းချက်တိကို
ပြည့်ဝရေ စာသားလောက်နန့် ရောနှောအဆုံးမသတ်စီဖို့။
လူသားချင်းက တူရေလို့ ဟစ်နီပတ်စီ
လူ့ရင်းမြစ် ပကတိကို တူးဖေါ်ဗျာလ် သစ်လွင်အောင်မွန်းမံစီဖို့။
ကမ္ဘာနန့် သဘာဝတိကို မဟာမိတ်လုပ်ပြီးကေ
လူ့ဗီဇတိကို ဖေါ်ထုတ်စီဖို့။
အာဏာရှင်က ကမ္ဘာကြီးနန့် မတန်ရေပိုင်
ဒီမိုကရေစီက အစစ်လား၊ ဇာလဲလို့ ထုထွင်းစစ်ဆေးစီဖို့။
သရုပ်ပြတိက တစတစ သီအိုရီတိကို ဖြိုခွင်းကေလေ့
အမှန်တရားရေ နောက်ဆုံးမှာ အောင်နိုင်စတမ်းမနားယေ။
ကိုင်… ရွီးရုံနန့်မပြီး၊ ပြောရုံနန့်မရ
လုပ်ရင်းနန့် အစွန်းတခုသို့ မရောက်မိအောင်
တရားသဖြင့်နန့် တသားတည်းအတွက်
ငါရို့ကိုယ်စီ တာဝန်ယူကတ်ရဖို့။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (NUPA-AA)
Nov 17, 2010. 9 AM.
ငါရို့ကိုယ်စီ
သံဇဉ်နှင့် အဓိပ္ပါယ်တခု အဆုံးမသတ်ဘဲ
ပြိုင်တူနားဆင်နိုင်အောင် ထာဝစဉ် ရှင်သန်စီဖို့။
သံဇဉ်တိကို ဇာတေးခြင်း စာသားတိနန့်မလိုက်လို့
ကန့်သတ်ဖို့အစား ညှိနှိုင်းအသက်သွင်းစီဖို့။
မျှော်လင့်ချက်နှင့် ရည်မှန်းချက်တိကို
ပြည့်ဝရေ စာသားလောက်နန့် ရောနှောအဆုံးမသတ်စီဖို့။
လူသားချင်းက တူရေလို့ ဟစ်နီပတ်စီ
လူ့ရင်းမြစ် ပကတိကို တူးဖေါ်ဗျာလ် သစ်လွင်အောင်မွန်းမံစီဖို့။
ကမ္ဘာနန့် သဘာဝတိကို မဟာမိတ်လုပ်ပြီးကေ
လူ့ဗီဇတိကို ဖေါ်ထုတ်စီဖို့။
အာဏာရှင်က ကမ္ဘာကြီးနန့် မတန်ရေပိုင်
ဒီမိုကရေစီက အစစ်လား၊ ဇာလဲလို့ ထုထွင်းစစ်ဆေးစီဖို့။
သရုပ်ပြတိက တစတစ သီအိုရီတိကို ဖြိုခွင်းကေလေ့
အမှန်တရားရေ နောက်ဆုံးမှာ အောင်နိုင်စတမ်းမနားယေ။
ကိုင်… ရွီးရုံနန့်မပြီး၊ ပြောရုံနန့်မရ
လုပ်ရင်းနန့် အစွန်းတခုသို့ မရောက်မိအောင်
တရားသဖြင့်နန့် တသားတည်းအတွက်
ငါရို့ကိုယ်စီ တာဝန်ယူကတ်ရဖို့။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (NUPA-AA)
Nov 17, 2010. 9 AM.
ငါရို့ကိုယ်စီ
သံဇဉ်နှင့် အဓိပ္ပါယ်တခု အဆုံးမသတ်ဘဲ
ပြိုင်တူနားဆင်နိုင်အောင် ထာဝစဉ် ရှင်သန်စီဖို့။
သံဇဉ်တိကို ဇာတေးခြင်း စာသားတိနန့်မလိုက်လို့
ကန့်သတ်ဖို့အစား ညှိနှိုင်းအသက်သွင်းစီဖို့။
မျှော်လင့်ချက်နှင့် ရည်မှန်းချက်တိကို
ပြည့်ဝရေ စာသားလောက်နန့် ရောနှောအဆုံးမသတ်စီဖို့။
လူသားချင်းက တူရေလို့ ဟစ်နီပတ်စီ
လူ့ရင်းမြစ် ပကတိကို တူးဖေါ်ဗျာလ် သစ်လွင်အောင်မွန်းမံစီဖို့။
ကမ္ဘာနန့် သဘာဝတိကို မဟာမိတ်လုပ်ပြီးကေ
လူ့ဗီဇတိကို ဖေါ်ထုတ်စီဖို့။
အာဏာရှင်က ကမ္ဘာကြီးနန့် မတန်ရေပိုင်
ဒီမိုကရေစီက အစစ်လား၊ ဇာလဲလို့ ထုထွင်းစစ်ဆေးစီဖို့။
သရုပ်ပြတိက တစတစ သီအိုရီတိကို ဖြိုခွင်းကေလေ့
အမှန်တရားရေ နောက်ဆုံးမှာ အောင်နိုင်စတမ်းမနားယေ။
ကိုင်… ရွီးရုံနန့်မပြီး၊ ပြောရုံနန့်မရ
လုပ်ရင်းနန့် အစွန်းတခုသို့ မရောက်မိအောင်
တရားသဖြင့်နန့် တသားတည်းအတွက်
ငါရို့ကိုယ်စီ တာဝန်ယူကတ်ရဖို့။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (NUPA-AA)
Nov 17, 2010. 9 AM.

ကဗျာကဏ္ဍ

လမ်းမှန်လူသား
အမျိုးသားရေးအသိ
တမျိုးသားတည်းအမြင်
တလမ်းထွင်းလုပ်ရပ်
ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ထက်
မတူကွဲပြားသော သဘာဝမှ
လူသားများ၏ တန်းတူမှုကို
တန်ဖိုးထား လုပ်ဆောင်ကြ။
ပုံစံနည်းမျိုးစုံ အသုံးပြုလျှက်
မျိုးချစ်စိတ်ဓါတ် ရှင်သန်ပုံဖေါ်ဟန်ဖြင့်
ကျေးဇူးရှင်ကြီး အမည်ကိုဟန်မာန်သွီးနန့်
ပြုကျင့်လုပ်သူများကို
လက်တွဲခေါ်ကြ။
ညီညွတ်မှုနန့်
လူ့သဘာဝ မတွဲကွဲပြားခြင်းများကို
ဦးညွှတ်ကျင့်ကြံသူများ
မည်ခါသေမည့် အက္ခရာမယှိ။
Aung Than (NUPA-AA)
March 3, 2011 (8: 35 AM)
တယောက်၊ တဦး၊ တဖွဲ့ချင်းစီအတွက် မိမိသာလျှင် အဓိက အသက်သွီးကြောမကြီး ဆိုသည်ကို အလေးအနက် ထောက်ခံပါရေ။ သို့သော်လည်း ဘုံအမျိုးသားအကျိုးစီးပွားအတွက် မိမိအဖွဲ့၊ အသင်း၊ အဖွဲ့ထက် အားလုံးပါဝင်ရေး မူဝါဒတခုကို သတ်မှတ်ဖို့လိုအပ်တေပိုင် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရာမှာ မိမိစွာ အသက်သွီးကြောမကြီးသဖွယ် မတည်ဆောက်ဘဲနန့် စစ်မှန်ရေ ဗီဇအရင်းခံ နှလုံးသားတိနန့် တည်ဆောက်ဖို့ အင်မတန် အရေးကြီးရေ မဟုတ်ပါလား။

Wednesday, March 16, 2011

သစ်လွင်ရေ အမြင်နန့် အမျိုးသားအတွက် မဆုတ်မနစ် မူဝါဒဆိုကေ အေနိန့်စွာ အချိန်ကောင်းလို့ မပြောရကေ တောင်မှ အလုပ်ကောင်းတိနန့်

Monday, March 7, 2011

FreeArakan will be on time.

လွတ်လပ်တေ ရခိုင်အမျိုးသား ဘုံအကျိုးစီးပွားဆိုစွာရေ အချိန်တခုမှာ မဖြစ်မနိန် ရောက်ယှိလာဖို့ဖြစ်တေ။