လမ်းမှန်လူသား
အမျိုးသားရေးအသိ
တမျိုးသားတည်းအမြင်
တလမ်းထွင်းလုပ်ရပ်
ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ထက်
မတူကွဲပြားသော သဘာဝမှ
လူသားများ၏ တန်းတူမှုကို
တန်ဖိုးထား လုပ်ဆောင်ကြ။
ပုံစံနည်းမျိုးစုံ အသုံးပြုလျှက်
မျိုးချစ်စိတ်ဓါတ် ရှင်သန်ပုံဖေါ်ဟန်ဖြင့်
ကျေးဇူးရှင်ကြီး အမည်ကိုဟန်မာန်သွီးနန့်
ပြုကျင့်လုပ်သူများကို
လက်တွဲခေါ်ကြ။
ညီညွတ်မှုနန့်
လူ့သဘာဝ မတွဲကွဲပြားခြင်းများကို
ဦးညွှတ်ကျင့်ကြံသူများ
မည်ခါသေမည့် အက္ခရာမယှိ။
Aung Than (NUPA-AA)
March 3, 2011 (8: 35 AM)

ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
No comments:
Post a Comment