ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Wednesday, May 16, 2012

ထိုင်းကုမ္ပဏီကြီး(၃)ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ရောက်ရှိ

http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/145-2012-05-16-16-30-28
Written by သဇင်ဥ    Wednesday, 16 May 2012 16:23   


tradeဘန်ကောက်မြို့ အခြေစိုက် ထိုင်းစီးပွားရေး ကုမ္ပဏီ(၃)ခုမှ လုပ်ငန်းပိုင်ရှင်များ မြန်မာနိုင်ငံသို့ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် တနင်္လာနေ့က ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ယင်းရောက်ရှိလာသည့် ကုမ္ပဏီ(၃)ခုမှာ THAI MERRY ကုမ္ပဏီမှ ဥက္ကဌ Mr KITIPHOG၊ GERMAN AUTOမှ Mr THANAPHONနှင့် ဆောက်လုပ်ရေး ကုမ္ပကြီးတခုမှ MR NOY (PEYAVIT) တို့ မော်လမြိုင်မြို့သို့ ရောက်ရှိလာပြီး တလမွန် ကုမ္ပဏီနှင့်အတူ မွန်ပြည်နယ် အစိုးရနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အား တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တလမွန် ကုမ္ပဏီမှ ဦးနိုင်စိုက်ချမ်းနှင့် နိုင်အောင်ကျော်တို့ ဦးဆောင်ပြီး မွန်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်တို့နှင့် ဘုရားသုံးဆူ၊ သံဖြူဇရပ်ကားလမ်း၊ လောင်စာဆီ အစားထိုးအပင်များစိုက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု စီမံကိန်း၊ ဘုရားသုံးဆူ စက်မှုဇုံ တည်ဆောက်ရေး စသည့်လုပ်ငန်းများကို အသေးစပ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထိုင်းကုမ္ပဏီများ အနေဖြင့် မွန်ပြည်သစ်ပါတီ၊ KNUနှင့် စစ်အုပ်တို့အကြား အခြေခံငြိမ်းချမ်းရေး ရရှိသွားပြီဖြစ်၍ မြန်မာ-ထိုင်း နယ်စပ်ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု သိရှိရသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ ဘင်္ဂလာ၊ အိန္ဒိယအပြင် အာရှနိုင်များ အနေဖြင့် မြန်မာနိုင်ငံတွင် လစ်ဟင်းနေသည့် စီးပွားရေးအချက်အခြာကျမည့် နေရာများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အထူး စိတ်ဝင်စားနေကြသည်။
trade1

1 comment:

  1. Arakan: ထိုင်းကုမ္ပဏီကြီး(၃)ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ရောက်ရှိ >>>>> Download Now

    >>>>> Download Full

    Arakan: ထိုင်းကုမ္ပဏီကြီး(၃)ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ရောက်ရှိ >>>>> Download LINK

    >>>>> Download Now

    Arakan: ထိုင်းကုမ္ပဏီကြီး(၃)ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ရောက်ရှိ >>>>> Download Full

    >>>>> Download LINK Bb

    ReplyDelete