ဂစ္ဆပသတင်းဌာန
(http://gissapa.blogspot.com)
ဧပြီလ ၈ ရက်၊ ၂၀၁၁။
မြန်မာမှ တင်ပို့ကုန်များကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ နိုင်ငံတော်ဝင်ငွေ ပိုမိုမြင့်တက်လာ
မြန်မာနိုင်ငံမှ ရေလမ်းကြောင်းမှတဆင့် တင်ပို့မှုကုန်များကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ နိုင်ငံတော်ဝင်ငွေမှာ ၂၀၁၁ ခုနှစ်အတွင်းတွင် ယခင်နှစ်များကထက် ပိုမိုပြီး မြင့်တက်လာကြောင်း ယနေ့ဧပြီ(၈)ရက်နေ့ ဒေသထုတ် SAMUDRABARTA သတင်းစာတွင် ဖေါ်ပြသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့မှာ မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် အနီးကပ်ဆုံးသော မြို့တမြို့ဖြစ်ပြီး တာခ်နာမြို့နယ် ကုန်ဆိပ်ကမ်း ကာစ္စတင်မှ SAMUDRABARTA သတင်းစာသို့ “ဆိပ်ကမ်းအနေဖြင့် လစဉ်အ ကောက်မှ နိုင်ငံတော်ဝင်ငွေကို တာကာ ၂၂၉၈၈၀၀၀ အထက်ကို သတ်မှတ်ထားကြောင်းဆိုသည်။ သို့သော်လည်း မတ်နှင့် ယခုဧပြီလအတွင်း ငွေစာရင်း ရှင်းတမ်းများအရ သတ်မှတ်ထားသည်ထက် ပိုမို၍ စုစုပေါင်း တာကာ ၈၅၀၁၀၇၅၀ နိုင်ငံတော်ဝင်ငွေ ရရှိကြောင်း” ထုတ်ဖေါ် ပြောဆိုကြောင်း ဖေါ်ပြထားသည်။
အဆိုပါ ဘင်္ဂလာဒေ့ခ်ျ၏ နိုင်ငံတော်ဝင်ငွေမှာ ကော့စ်ဘဇားခရိုင်အတွင်း တာခ်နာမြို့နယ်ရှိ ကုန်သွယ်ရေးဆိပ်ကမ်းတခုတည်းမှ ဖြစ်ကြောင်းနှင့် မြန်မာမှ အဆိုပါဆိပ်ကမ်းသို့ လောလောဆယ် အများဆုံးပို့ကုန်မှာ ငါးစိမ်းနှင့် ငါးခြောက်များဖြစ်သည်။ ဘင်္ဂလာတွင် ဆိပ်ကမ်းအကောက်ဌာနများမှ ကာစ္စတင်အနေဖြင့် လစဉ်နှင့် နှစ်စဉ် အကောက်ဝင်ငွေစာရင်းများကို မြွတ်ဟထုတ်ဖေါ်လေ့ရှိသည်။
မြန်မာမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ တာခ်နာဆိပ်ကမ်းနှင့် စစ်တကောင်းဆိပ်ကမ်းသို့လည်း စပါး၊ ဆန်၊ ငါးစိမ်း၊ ငါးခြောက်၊ သစ်၊ တရုတ်လုပ် လူသုံးကုန် ပစ္စည်းများ၊ မြန်မာ-ကိုးရီးယားထုတ် အ၀တ်အထည်များအပြင် ၀ါးနှင့် တခြားကုန်အမျိုးမျိုးပစ္စည်းများ တင်ပို့လျှက်ရှိသည်။ မြန်မာအနေဖြင့် ဘင်္ဂလာမှ ဘိလပ်မြေနှင့် ဓါတ်မြေသြဇာကို အဓိကထား သယ်ဆောင်ယူသည်။
မြန်မာ-ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံ အနေဖြင့် လွန်ခဲ့သော ၁၉၉၅ ခုနှစ်၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူ စာချုပ်ကို စတင်ချုပ်ဆိုခဲ့ကြသည်။ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေမှာ မြန်မာပို့ကုန်များကြောင့် ၁၉၉၅ ခုနှစ်မှစတင်၍ တဖြည်းဖြည်း ပိုမိုမြင့် တက်လျှက်ရှိကြောင်း သိရှိရသည်။
သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံနှင့် ကုန်သွယ်ရေးနှစ်ပေါင်း ၂၀ နီးပါးခန့်တွင် တလလျှင်၊ တနှစ်လျှင် မည်လောက်နိုင်ငံတော်ဝင်ငွေ ရရှိကြောင်းကိုမူ ဘင်္ဂလာဒေ့ခ်ျနိုင်ငံကဲ့သို့ လစဉ်၊ နှစ်စဉ် မည်သည့်အခါမျှ တရားဝင် ထင်သာ မြင်သာ ထုတ်ပြန်ခြင်း ယခုအချိန်ထိ မရှိခဲ့ပေ။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်မျှဉ်းကြောင့် ပြဿနာများ ဖြစ်ပွားလျှက်ရှိရာ နယ်စပ်အခြေစိုက် နှစ်ဖက်အာဏာပိုင်များမှ မကြာခဏ အဆိုပါ နှစ်နိုင်ငံ ရေကြောင်းကုန်သွယ်ရေးအား အရေးယူ ပိတ်ဆို့မှုများပြုလုပ်၍ ကုန်သည်များ အခက်အခဲများ ကြုံခဲ့ရ ပေါင်းများလည်း ရှိသည်။

ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment