ဂစ္ဆပသတင်းဌာန
ဇွန်လ (၁၀)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com
မြန်မာ-ဘင်္ဂလာ တိုက်လေယဉ်များ အပြန်အလှန် ပိုက်နက်ကျူးကျော်ဝင်ရောက်မှု အငြင်းပွားမှုမရှိသေး
မြန်မာ့စစ်အုပ်စု တိုက်လေယဉ်တစင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် ဘင်္ဂလာတိုက်လေယဉ်တစင်းမှာ မြန်မာနိုင်ငံအနောက်ဘက်သို့ ဇွန်လ (၈)ရက်နေ့က တန်ပြန်ကျူးကျော်ဝင်ရောက်မှုများမှာ နှစ်နိုင်ငံ အကြား အငြင်းပွားမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ဘင်္ဂလာမှ တိုက်လေယဉ်မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း နစက နယ်မြေ ၅၊ ၇နှင့် ၈ ဒေသများသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး အမြင့်ပေ ၈၀၀၀ ခန့်ကပျံသန်းခဲ့ကြောင်းနှင့် မောင်တောမြို့နယ် အနောက်တောင် ထောင့်မှ အရှေ့မြောက်ဘက်သို့ လေ့လာပျံသန်းခဲ့မှုများ ပြုလုပ်သွားကြောင်း စုံစမ်းသိရှိရသည်။
မြန်မာ့စစ်အုပ်စု တိုက်လေယဉ်မှာ ဇွန်လ(၂)ရက်နေ့၊ (၁၂း ၃၀)နာရီတွင် ဘင်္ဂလာစစ်တကောင်း တောင်တန်းဒေသ ပိုင်နက်သို့ ကျူးကျော်ဝင်ပြီး အမြင့်ပေ ၈၀၀၀ ခန့်မှပျံသန်းခဲ့ကာ စစ်တကောင်းနှင့် ကော့စ်ဘဇားမြို့ လေယဉ်ကွင်းများ၌ ဆင်းသက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း ကော့စ်ဘဇားမြို့ လေယဉ်ကွင်း မန်နေဂျာ ဟာဆန် ဇော်ဟီရ်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် အနေဖြင့် တိုက်လေယဉ်များ အပြန်အလှန် တပတ်အတွင်း ကျူးကျော်ဝင်ရောက် ခဲ့မှုများမှာ ယခုအချိန်အထိ အငြင်းပွားမှုများ တစုံတရာထွက်ပေါ်လာခြင်း မရှိသေးချေ။
ကော့စ်ဘဇားမြို့ လေယဉ်ကွင်း မန်နေဂျာ ဟာဆန် ဇော်ဟီရ် က စစ်အုပ်စု တိုက်လေယဉ်မှာ စစ်တကောင်းမြို့ လေယဉ်ကွင်း၌ ဆင်းသက်ခွင့် မရရှိခဲ့၍ ကော့စ်ဘဇားမြို့ လေယဉ်ကွင်းတွင် ဆင်းသက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း အောက်ပါအတိုင်း ရှင်းလင်းထုတ်ဖေါ် ပြောကြားလိုက်သည်။
“စစ်အုပ်စုတိုက်လေယဉ် ကော့စ်ဘဇားမြို့ လေယဉ်ကွင်းသို့ တစုံတရာ အဆက်အသွယ် ဆက်စပ်မှုမရှိဘဲ ဆင်းသက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့စဉ် လေယဉ်ကွင်းတာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မဆင်းသက်နိုင်အောင် တားမြစ်နေခဲ့ပြီး လုံခြုံရေးအတွက် အသင့်အနေအထား နေရာယူထားကြပါတယ်၊ ကော့စ်ဘဇားမြို့ လေယဉ်ကွင်းသို့ ဆင်းသက်ရန် မကြိုးစားမီ စစ်တကောင်းမြို့ လေယဉ်ကွင်း၌ ဆင်းသက်ရန် ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာက ဆင်းသက်ခွင့် မပြုခဲ့ကြောင်း သိရပါတယ်၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံရဲ့ လေယဉ်ကွင်းတွေမှာ အမြင့်ပေ ၆၀၀၀နဲ့ မြေပြန့် ၂၅ မိုင်အတွင်း ကျူးကျော်ဝင်ရောက်လာမည့် လေယဉ်တွေကိုသိအောင် အချက်ပြများ ကြိုတင်ဖန်တီးမှုများ ရှိပါတယ်။” ဟု ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုလိုက်သည်။
ကော့စ်ဘဇားမြို့ ဒေသထုတ် သတင်းစာများက အဆိုပါ စစ်အုပ်စု တိုက်လေယဉ်မှာ အဆက်အစပ် တစုံတရာ မရှိဘဲ ယခုကဲ့သို့ တရားမ၀င် တနိုင်ငံမှ တနိုင်ငံပိုက်နက်သို့ လာရောက်ပြီး လေယဉ်ကွင်းသို့ ဦးစွာဆင်းသက်ရန် ကြိုးစားခြင်းမှာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဇွန်လ(၃)ရက်နေ့က ထုတ်ဖေါ်ရေးသားခဲ့ကြသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော အိမ်နီးချင်း နိုင်ငံတခုဖြစ်ပြီး တိုက်လေ ယဉ်များ ကျူးကျော်ဝင်ရောက်ခဲ့မှုများနှင့် စပ်လျား၍ ရခိုင်ပြည်မှာနောင်အခါ စစ်တလင်း ဆိုးကျိုးများသာ ခံစားရမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရခိုင်ဝါရင့် နိုင်ငံရေးသမားတဦးက အခုလို သုံးသပ်သည်။
“မြန်မာနိုင်ငံ၌ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ရဲ့ စီမံကိန်းဟာ ရခိုင်ပြည်သူတွေအပေါ် ကြိုတင်ပြီး နည်းမျိုးစုံအကွက်ကျကျ လုပ်နေတဲ့ ပုံစံတွေပါ၊ သူတို့လုပ်ခဲ့သမျှ ရခိုင်ပြည်မှာ စစ်တလင်းဖြစ်ခဲ့ပုံလည်း ရှိခဲ့ပြီးပါပြီ၊ ဒီကနေ့ကမ္ဘာမှာ တနိုင်ငံနဲ့ တနိုင်ငံတရားဝင် ဘာမဆို လုပ်နိုင်ပါတယ်၊ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေ အဆက်ဆက် လုပ်ခဲ့တာက စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး စတဲ့လုပ်ပုံတွေဟာ နောင်အခါ ဆိုးကျိုးတွေသာ ခံစားရမဲ့ လုပ်ရပ်တွေဖြစ်ပါတယ်၊ စီးပွားရေးဆိုတာလည်း ဘာလည်းမသိတော့ သူတို့ရပေါက်တခုတည်း အတွက်ဘဲ တရားမ၀င် လုပ်နေကြတယ်၊ စစ်ရေးဆိုတာလည်း အတိမ်အနက်နောင်ကို မစဉ်းစားတော့ဘဲ ချင်သလိုလုပ်နေတယ်၊ ဒါ့အပြင် နိုင်ငံရေးဟာ အားလုံးနဲ့ဆက်စပ်မှုရှိတာကို နားမလည်တော့ ဘင်္ဂလီတွေဆီကငွေယူပြီး နိုင်ငံသားလုပ်လိုက်၊ အကြမ်းဖက် သမား တွေဆီကငွေယူပြီး ရခိုင်ပြည်အတွင်း လုပ်ချင်သလို လုပ်နေတာတွေ့နေရတယ်၊ အာဏာရှင်လုပ်သမျှ ဘာမဆိုလုပ်ပြီးရင်ဆိုးကျိုး တွေသာ ဖြစ်ပေါ်လာမှာပါ၊ ခြုံငုံကြည့်ရင်အားလုံး မြင်နိုင်ပါတယ်၊ အခုကပြောဖို့စောပါသေးတယ်၊ သူတို့လည်း အချိန် သိပ်မရှိတော့ ပါဘူး။” ဟု ၎င်းက ခြုံငုံသုံးသပ်ရှင်းပြခြင်းဖြစ်သည်။
စစ်အာဏာရှင်အုပ်စု ခေတ်အဆက်ဆက် ဒလဇတ် လုပ်သမျှကြောင့် မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံများထံတွင် မျက်နှာပန်းမလှ ဖြစ်နေ ရပြီး ပညာရေးနှင့် စက်မှုလက်မှု အတတ်အပညာများအပြင် စသည့်တိုးတက်မှုမှန်သမျှများမှာ အဆမတန် နိမ့်ကျလျှက် ရှိနေကြောင်း အင်တာနက် သတင်းများက ဖေါ်ပြသည်။
စစ်အုပ်စု တိုက်လေယဉ် ဘင်္ဂလာသို့ ကျူးကျော်ဝင်ရောက်ပြီး ကော့စ်ဘဇားခရိုင်မှ စစ်တကောင်းခရိုင် တလျှောက်လုံး ကီလိုမီတာ ၃၀၀ နီးပါးဧရိယာ၌ အသွားအပြန် ပျံသန်းခဲ့မှုကြောင့် ဘင်္ဂလာမှ တိုက်လေယဉ်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် နယ်စပ်ဒေသ အခြေအနေများကို တန်ပြန်စုံစမ်းလေ့လာခဲ့မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မြန်မာ-ဘင်္ဂလာ တိုက်လေယဉ်များ အပြန်အလှန် ပိုင်နက်ကျူးကျော်ပြီး ကင်းထောက်မှုများ နိုင်နိုင်ငံအကြား လတ်တလော ဖြစ်ပေါ်မှုများမှာ သဘောတူထားကြသည့် စီးပွားရေး၊ ပူးတွဲစစ်ဆင်ရေးနှင့် ဖေါက်လုပ်လာမည့် မီးရထားလမ်း၊ ကားလမ်းမကြီးမှတဆင့် အာရှလမ်းမကြီးများ တိုးမြင့်တည်ဆောက်နိုင်ရန် ဆက်ဆံရေးတိုးမြင့်လာနိုင်ခြင်းဖြစ်ကြောင်းနှင့် အာဏာပိုင်များ ထိပ်တိုက်လျှို့ ၀ှက်ချက် များကိုသိရှိရန်မှာ အလွန်ခက်ခဲ့ကြောင်း အဆိုပါ ရခိုင်နိုင်ငံရေးဝါရင့်မှ ဆက်လက် သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်အုပ်စုမှ အာမာခံ ကမ်းခြေစောင့် လေတပ်နှင့် ရေတပ်စခန်းများ တည်ဆောက်လျှက်ရှိကြောင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့နယ်တွင် ကမ်းခြေစောင့် အာမခံလေတပ်စခန်းတခုတည်ဆောက်ရန် စီအစဉ်များ ရှိနေကြောင်း သိရှိရသည်။
တခြားတဖက်မှာ အဆိုပါ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဖြစ်ပေါ်လာမည့် ရထားလမ်းနှင့် ကားလမ်းမကြီးမှတဆင့် အာရှလမ်းမကြီး တည်ဆောက်လုပ်မှုများကို တရုတ်နိုင်ငံမှ ကုန်ကျမှုများနှင့် အင်ဂျီနီယာများဖြင့် စီးပွားရေးအရ ဖေါက်လုပ်မည်ဖြစ်ကြောင်း အတည်မပြု ရသေးသော သတင်းများကဆိုသည်။
လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံဆက်ဆံရေးနောက်ကွယ်တွင် တရုတ်ပါဝင်ပတ်သက်မှုများ ရှိနေကြောင်းနှင့် တရုတ်အနေဖြင့် မြန်မာနိုင်ငံကို ဆက်ဆံနေခြင်းမှာ အဓိက စီးပွားရေးအရ ဆက်ဆံနေခြင်းကြောင်း စီးပွားရေးသတင်းရပ်ကွက်များက ဆိုသည်။

ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment