တိုင်းရင်းသား ၅ ပါတီ ဆွေးနွေးပွဲ ကျင်းပမည်
by ခင်ဦးသာ
ရွေးကောက်ပွဲ ၌၀င်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သော တိုင်းရင်းသား ပါတီ ၅ ခုသည် လာမည့် တပတ်တွင် ဆွေးနွေးပွဲတရပ် ပြုလုပ်၍ နိုင်ငံရေးအကျဉ်းသား အားလုံးခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် ငြိမ်းချမ်းရေးပြုလုပ် ရန်တို့ကို အစိုးရသစ်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
“နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို တိုင်းရင်းသား အားလုံး ကိုယ်စားပြုပြီးဆွေးနွေးသွားမှာ ဖြစ်တယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ပြောခွင့်ရသူ ဦးလှစိုးက ဧရာဝတီကို ပြောသည်။
“အစိုးရသစ်အနေနဲ့ တိုင်းရင်းသားဒေသတွေကို တိုးတက်အောင်လုပ်မယ်ဆိုရင် ဒေသတွင်းငြိမ်းချမ်းရေးရှိမှ အဆင်ပြေမှာဖြစ် လို့ လက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ ငြိမ်းချမ်းရေးကိစ္စဟာ အရေးပါတယ်”ဟုလည်း ၎င်းကဆက်ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များသည် ဒုတိယပင်လုံညီလာခံတခုပေါ်ပေါက်ရေးကိစ္စကို ပြီးခဲ့သည့်နှစ်အတွင်းက အဆိုပြုခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံအားပေးခဲ့သည်။
ဒုတိယ ပင်လုံညီလာခံသည် တိုင်းရင်းသားများအတွက် အရေးပါသည့်ကိစ္စဖြစ်၍ ယခုပြုလုပ်မည့် ၅ ပါတီဆွေးနွေးပွဲ၌ လည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။
“ပင်လုံညီလာခံက ဒေါ်အောင်ဆန်းစုကြည် မပြောခင်ကတည်းကလည်းပဲ တိုင်းရင်းသားခေါင်းဆောင်တွေက စဉ်းစားထားပြီး သားအရာဖြစ်လို့ ဒီကိစ္စက တိုင်းရင်းသားအားလုံးအတွက် အမြဲတမ်းအရေးကြီးပါတယ်”ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
၅ ပါတီဆွေးနွေးပွဲအား ရန်ကုန်မြို့ရှိ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)ခေါ် ကျားဖြူပါတီရုံး၌ ဧပြီလ၂၆၊ ၂ရ ရက်နေ့များ၌ ပါတီခေါင်းဆောင်များက အစည်းအဝေးကျင်းပ၍ အထက်ပါအချက်များအပြင် အနာဂတ်နိုင်ငံရေး ကိစ္စ၊ ပြီးသွားသည့် လွှတ်တော်အစည်းအဝေးများ၌ ဆွေးနွေးခဲ့ကြသော အကြောင်းအရာများ၏ အားသာချက်၊ အားနည်းချက် စသည်များကို ပြန်လည်သုံးသပ် သွားကြမည်ဖြစ်ကြောင်း သိရသည်။
“ပြည်နယ်အစိုးရသစ်အနေနဲ့ အပေါ်ကခိုင်းတဲ့အတိုင်းလုပ်ဖို့ထက် ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေရဲ့အမှန်တကယ်လို အပ်နေ တာတွေကိုလုပ်ဖို့၊ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေကို ဘာသာရပ်အနေနဲ့သင်ကြားနိုင်ဖို့ ကိစ္စတွေကို အလေးထားဆွေးနွေးသွားမယ်”ဟု ဦးနိုင်ငွေသိန်းက ပြောသည်။
ပြည်နယ်အစိုးရသစ်၌ ပြည်ထေင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၀င် ၀န်ကြီးများကလွှမ်းမိုးနေ၍ လုပ်ဆောင်ချက်များ ကို သေချာစောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အစည်းအဝေး၌ ပါဝင်ဆွေးနွေးကြမည့် တိုင်းရင်းသား ပါတီ ၅ ခုမှာ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ခေါ် ကျားဖြူပါတီ၊ ချင်း အမျိုးသားပါတီ၊ ကရင် ပါတီ( ဖလုံ-စဝေါ်) စသည်တို့ဖြစ်သည်။
ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
Tuesday, April 26, 2011
Monday, April 25, 2011
Sunday, April 24, 2011
ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် (ဗိုလ်ကြီး) ကြာလှအောင်

• စည်းလုံးအားသစ် ပြည်ချစ်တော်လှန်
ဇာတိမာန်သတ္တိ တုမရှိခဲ့
ဗျတ္တိလည်းပြောင် ကြာလှအောင်။
• အင်္ဂလိပ်လက်အောက် ဒူးမထောက်ဘဲ
ဖဖေါက်သစ္စာ မရှာကိုယ်ကျိုး
အမျိုးဂုဏ်ဆောင် ကြာလှအောင်။
• သက်ချွေးရင်းလျက် ပြည်အတွက်မို့
လက်နက်ကိုင်စွဲ လုံးလဇွဲနှင့်
ရခိုင့်ခေါင်းဆောင် ကြာလှအောင်။
• အင်္ဂလိပ်သွေး သူခြေဆေးခဲ့
ပုသေးဂျပန် သူတော်လှန်၍
တန်ပြန်ထိုးစစ် သမိုင်းသစ်ဖြင့်
တခေတ်ထွန်းပြောင် ကြာလှအောင်။
• (ဗိုလ်ကြီး ကြာလှအောင်
ဦးဆောင်တိုက်ပေး တော်လှန်ရေးကြောင့်
အာဂမျိုးမွန် ကြည်တံခွန်ဟု
တိုင်းပြည်အလယ် ဂုဏ်တင့်တယ်ခဲ့။
•တိုင်းပြည်ကိုချစ် အားမာန်သစ်နှင့်
မျိုးချစ်ခေါင်းဆောင် ကြာလှအောင်
နောင်လာနောင်သား ပြည်ရခိုင်ဖွားတို့
စံထားသာဓက တုယူကြစို့။
• (ဗိုလ်ကြီး)ကြာလှအောင်
တိုင်းပြည်အတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် ပြည်ကိုချစ်သူ။
• (ဗိုလ်ကြီး) ကြာလှအောင်
လူမျိုးအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် မျိုးကိုချစ်သူ။
• (ဗိုလ်ကြီး ကြာလှအောင်
သာသနာအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် တရားချစ်သူ။
သုမနစာရီ (မလှ)
-----------------------------------
ဆုံးဖြတ်ချက်
ဇာပိုင်လေ့ ညှိလို့မရ
ဂီတာဖွဲ့စည်းပုံ မကောင်းလို့လား
ကြိုးပုံစံ စနစ်မကျ စံမမီလို့လား
ပုံမှန်သံဇဉ်မထွက်။
သည်းခံရေ စိတ်ရှည်ကေ့လေ့
ရည်ရွယ်ချက်နန့် လွှဲနီလို့
လမ်းချိုကို မနှစ်သက်ရေ
ငါ့ပင်ကိုယ် ဗီဇစိတ်က မနီသာဗျာလ်။
ပုံသေသို့ ရောက်ဖို့ မဖြစ်မှန်းကို
လည်ပတ်လျှက် သဘာဝက
ထင်ရာစိုင်းပြီး ပြန်နုတ်တေသံမိုပိုင်
အဖြေမရ ဒဏ်ရာတိနန့်။
အစမသေချာကေ့လေ့
လမ်းမှန်မှာ မယှိကေ့လေ့
လူ့အရင်းအမြစ်ကို
ဖေါ်ကျူးရေ မျိုးကောင်းသားတိအတွက်
ထွက်သက်ရေ ဆုံးဖြတ်ချက်တဖြစ်
ရည်ရွယ်ချက် အဆုံးပါ…။
အောင်သန်း
ဧပြီလ (၂၄)ရက်၊ ၂၀၁၁။
• စည်းလုံးအားသစ် ပြည်ချစ်တော်လှန်
ဇာတိမာန်သတ္တိ တုမရှိခဲ့
ဗျတ္တိလည်းပြောင် ကြာလှအောင်။
• အင်္ဂလိပ်လက်အောက် ဒူးမထောက်ဘဲ
ဖဖေါက်သစ္စာ မရှာကိုယ်ကျိုး
အမျိုးဂုဏ်ဆောင် ကြာလှအောင်။
• သက်ချွေးရင်းလျက် ပြည်အတွက်မို့
လက်နက်ကိုင်စွဲ လုံးလဇွဲနှင့်
ရခိုင့်ခေါင်းဆောင် ကြာလှအောင်။
• အင်္ဂလိပ်သွေး သူခြေဆေးခဲ့
ပုသေးဂျပန် သူတော်လှန်၍
တန်ပြန်ထိုးစစ် သမိုင်းသစ်ဖြင့်
တခေတ်ထွန်းပြောင် ကြာလှအောင်။
• (ဗိုလ်ကြီး ကြာလှအောင်
ဦးဆောင်တိုက်ပေး တော်လှန်ရေးကြောင့်
အာဂမျိုးမွန် ကြည်တံခွန်ဟု
တိုင်းပြည်အလယ် ဂုဏ်တင့်တယ်ခဲ့။
•တိုင်းပြည်ကိုချစ် အားမာန်သစ်နှင့်
မျိုးချစ်ခေါင်းဆောင် ကြာလှအောင်
နောင်လာနောင်သား ပြည်ရခိုင်ဖွားတို့
စံထားသာဓက တုယူကြစို့။
• (ဗိုလ်ကြီး)ကြာလှအောင်
တိုင်းပြည်အတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် ပြည်ကိုချစ်သူ။
• (ဗိုလ်ကြီး) ကြာလှအောင်
လူမျိုးအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် မျိုးကိုချစ်သူ။
• (ဗိုလ်ကြီး ကြာလှအောင်
သာသနာအတွက် သွေးနှင့်ရင်း၍
အသက်ကိုထက် တရားချစ်သူ။
သုမနစာရီ (မလှ)
-----------------------------------
ဆုံးဖြတ်ချက်
ဇာပိုင်လေ့ ညှိလို့မရ
ဂီတာဖွဲ့စည်းပုံ မကောင်းလို့လား
ကြိုးပုံစံ စနစ်မကျ စံမမီလို့လား
ပုံမှန်သံဇဉ်မထွက်။
သည်းခံရေ စိတ်ရှည်ကေ့လေ့
ရည်ရွယ်ချက်နန့် လွှဲနီလို့
လမ်းချိုကို မနှစ်သက်ရေ
ငါ့ပင်ကိုယ် ဗီဇစိတ်က မနီသာဗျာလ်။
ပုံသေသို့ ရောက်ဖို့ မဖြစ်မှန်းကို
လည်ပတ်လျှက် သဘာဝက
ထင်ရာစိုင်းပြီး ပြန်နုတ်တေသံမိုပိုင်
အဖြေမရ ဒဏ်ရာတိနန့်။
အစမသေချာကေ့လေ့
လမ်းမှန်မှာ မယှိကေ့လေ့
လူ့အရင်းအမြစ်ကို
ဖေါ်ကျူးရေ မျိုးကောင်းသားတိအတွက်
ထွက်သက်ရေ ဆုံးဖြတ်ချက်တဖြစ်
ရည်ရွယ်ချက် အဆုံးပါ…။
အောင်သန်း
ဧပြီလ (၂၄)ရက်၊ ၂၀၁၁။
Friday, April 22, 2011
ကျောက်ဖြူတွင် လှိုင်းကြောင့် စက်လှေများ နစ်မြုပ်

by Mizzima မဇ္ဈိမ on Monday, April 18, 2011 at 11:38pm
သဲသဲ| တနင်္လာနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ပင်လယ်လှိုင်းလုံးကြီးများ တနင်္ဂနွေနေ့ ညပိုင်းတွင် ရုတ်တရက် ရိုက်ခတ်လာသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီး ဇင်ချောင်းကျေးရွာရှိ ပင်လယ် ငါးဖမ်းစက်လှေ ၂ဝ ခန့် နစ်မြုပ်ပျက်စီးကြာင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အဆိုအရ သိရသည်။
ရာသီဥတု သာယာလျက်ရှိရာမှ ကျောက်ဖြူတောင်ဘက် ၂၈ မိုင်ခန့်အကွာ ဇင်းချောင်းကျေးရွာ၌ ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီခန့်တွင် ရုတ်တရက် ပင်လယ်လှိုင်းများ မြင့်တက်လာသောကြောင့် ကမ်းခြေတွင် ကျောက်ချ ထားသည့် ငါးဖမ်းစက်လှေ အစီး ၂ဝ ခန့် နစ်မြုပ်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
“လေမတိုက်ဘူး၊ ဆိုင်းမဆင့် ဗုံမဆင့် လှိုင်းတွေကြီးလာပြီး စက်လှေတွေ မြုပ်ကုန်တာ။ သူတို့ပြောတော့ ဂီရီမုန်တိုင်းက လှိုင်းတွေထက် ကြီးတယ်တဲ့။ ထူးဆန်းတာက အဲဒီရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ ရွာတွေကို မေးတော့ သူတို့ဘက်မှာ ဘာမှမဖြစ်ဘူး။ ဇင်ချောင်းတရွာပဲ။ လှိုင်းက လူတရပ်ကျော်တယ်တဲ့” ဟု RNDP မှ ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ ကျောက်ဖြူမြို့ခံ ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ရွာက ပင်လယ်ကို ခါးပန်းတင်ထားတာ။ ကမ်းစပ်နဲ့ ပေ ၃ဝ လောက် ဝေးတယ်။ အိမ်တွေအထိ လှိုင်းတွေ လာစင်တော့ သူတို့က လန့်နေကြတာပေါ့။ သင်္ကြန်တွင်း လှေမထွက်ဘဲ နားထားလို့ လူမသေတာ။ ထူးထူးဆန်းဆန်း ဒါမျိုး အခုမှ ကြားဘူးတယ်” ဟု ပြောသည်။ စက်လှေ ၆ စီးမှာ သုံးမရသည်အထိ ပျက်စီးသွားပြီး၊ တနင်္လာနေ့ မနက်အထိ ပင်လယ်လှိုင်း ထန်သေးသောကြောင့် ကျန်ရှိ စက်လှေများအား ဆယ်ယူနိုင်ခြင်း မရှိသေးဟု ဆိုသည်။
၂၅ ပေခန့် ရှည်လျားကာ မြင်းကောင်ရေ ၂ဝ အားရှိ စက်များ တပ်ဆင်ထားသည့် ငါးဖမ်းစက်လှေများ ဖြစ်ကြပြီး၊ ငါးဖမ်းပိုက် အပါအဝင် ကာလတန်ဖိုးမှာ တစီးလျှင် ကျပ် သိန်း ၂ဝ ခန့် ပေါက်ဈေးရှိသည်။
အိမ်ခြေ ၁ဝဝဝ ကျော်ရှိ ဇင်ချောင်းရွာသည် အနောက်ဘက်တွင် ဘင်္ဂလားပယ်လယ်နှင့် အရှေ့ဘက်တွင် ပင်လယ်ကွေ့ငယ်က ဝန်းရံထားပြီး၊ ရွာခံများမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်။
ရာသီဥတု သာယာနေဆဲမှာပင် ပင်လယ်လှိုင်းလုံးများ ရုတ်တရက် မြင့်တက်လာခြင်းမှာ ရခိုင်ဒေသအနီး ဘင်္ဂလားပင်လယ် ရေအောက် ကြမ်းပြင် မြေပြိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။
“ကျနော်မသိသေးတော့ အတိအကျတော့ မပြောနိုင်ဘူး။ ခန့်မှန်းပြီးပြောရရင် TOTAL ရေနံကုမ္ပဏီက အဲဒီဒေသကို ဆာဗေးလုပ်ထားတာ ကျနော် ဖတ်ရတယ်။ ရခိုင်ဘက်က ဘင်္ဂလားပင်လယ်မှာ ရေအောက်ကြမ်းပြင်တွေ မြေပြိုတတ်တယ်လို့ ဆိုတယ်။ ဆူနာမီလည်း မရှိ၊ မုန်တိုင်းလည်း မဝင်ဘဲ ဖြစ်တယ်ဆိုတော့ ဒါက ဖြစ်နိုင်ခြေ များတယ်” ဟု သူက ဆိုသည်။
သူက ဆက်ပြီး “ကျနော်ကြည့်ထားတာက အဲဒီဘက်မှာ မိုးလေဝသသဘောအရ ဘာမှမရှိဘူး၊ နေရာကွက်ပြီး လှိုင်းကြီးတယ်ဆိုတော့ ထူးခြားတယ်၊ မိုးလေဝသဆိုတာ ခန့်မှန်းလို့ရတယ်။ ရေအောက်ကြမ်းပြင် မြေပြိုတာတွေက ကြိုပြီး သိဖို့ မလွယ်ဘူး” ဟု ဆိုသည်။
၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသ ၇ မြို့နယ်ကို ဂီရီဆိုင်ကလုန်း တိုက်ခတ်ခဲ့သဖြင့် မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များမှာ အများဆုံး အထိအခိုက်နှင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
လူပေါင်း ၂ သိန်းခန့် ဂီရိမုန်တိုင်းသင့်ခံရပြီး၊ ၄၅ ဦး သေဆုံးကာ၊ ၄၉ ဦး ဒဏ်ရာရရှိပြီး၊ ၁ဝ ဦး ပျောက်ဆုံးခဲ့ရကြောင်းနှင့် ကျပ်ငွေ ၁၈ ဘီလီယံ (သန်း ၁၈ဝဝဝဝ) ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။

Wednesday, April 20, 2011
တနှစ်တခါ ရက္ခိုင်သင်္ကြန်
တနှစ်တခါ ရက္ခိုင်သင်္ကြန်
နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်
ရက္ခိုင်မယ်၊ ရက္ခိုင်မောင်ရို့
ရက္ခိုင်အတာ သင်္ကြန်သို့
နွေရာသီကို အံ့တုလို့
ကမ္ဘာ့အနှံမှာ
ရိုးရာမပျက် ဆင်နွဲကတ်ရာဝယ်။
ဝိုင်းဖွဲ့စုဗျာလ်
စိန္တေဘုဘရားသို့
ဂယာဝီးအောင်
နံ့သာသွီးပွဲတိ
သက်ကြီးရွယ်အို၊ ဆရာသမားတိကို ပူဇော်ခြင်းတိ
သန့်စင်မှုများဖြင့် မင်္ဂလာယူစွာတိ
ဒါနပြုဘုရားရီသပ္ပါယ်စွာတိနန့်
ဆုမွန်ကောင်း တောင်းကတ်စွာတိ
ရက္ခိုင်ရိုးရာဓလေ့နှင့် အစိုင်အလာကို
ဖေါ်ကျူးကတ်စွာ ချစ်စရာပင်။
သင်္ကြန်ခါမှရာ အလယ်လာရေ
ပန်းပတောက်နှင့်အပြိုင်
ရောင်စုံသင်္ကြန် အဖူးအပွင့်ချေတိ
စိတ်ဘ၀င်တိ လန်းဆန်းလို့
မဏ္ဍပ်ကလောင်းရီ ငွေဖလားနန့်
အသည်းတိ ပြိုင်တူခုံတမ်း
မိတ္တာစကား ဖွင့်အံစွာတိကို
ပန်းပတောက်ကရှက်
ရက္ခိုင်စည်တော်က ဟိန်းဗျာလ်
နောင်နှစ်တိကို ချိန်းဆိုဖန်တီးသိယင့်။
ရက္ခိုင်သင်္ကြန်ဓလေ့ကို
ရိုးရာမပျက် နွှဲပျောက်ကတ်ကေ
ဇာခေတ်သစ်က အန်တုလို့မရ
အစိုင်အလာ ရိုးရာဓလေ့ကိုမှ
တန်ဖိုးထားရေ ရက္ခိုင်သင်္ကြန်
ကမ္ဘာ့ HAPPY NEW years
HAPPY VALENTINE DAYတိ
ရှုံးနိမ့်လားစွာ
ရက္ခိုင်သင်္ကြန်သတ္တိက
မြတ်နိုးစရာပင်။
မမောပန်းစတမ်း
နှစ်စိုင်ရက္ခိုင်သင်္ကြန်အတွက်
ရက္ခိုင်စည်တော်က ပြင်ဆင်ဖို့အချက်ပီး
ကမ္ဘာတည်နီသရွေ့
ရက္ခိုင်၏ ဂုဏ်ရောက်ကို
မဟာရက္ခိုင်သင်္ကြန် ဆောင်နီလီယင့်။
အောင်သန်း
April 16, 2010

Tuesday, April 19, 2011
ရခိုင်သင်္ကြန် ရိုးရားဓလေ့အစဉ်အလာ စည်စည်ကားကား ကျင်းပ
ဂစ္ဆပသတင်းဌာန
ဧပြီလ (၁၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ရိုးရာဓလေ့ မဟာသင်္ကြန် နှစ်သစ်ကူ အခါသမယနေ့များကို တကမ္ဘာလုံးရှိ ရခိုင်အမျိုးများက ယဉ်ကျေးမှု အစဉ်အလာမပျက် ထုံးစံအတိုင်း စည်စည်ကားကား ကျင်းပခဲ့ကြသည်။
ယခုနှစ်ကျရောက်သော ရခိုင်သင်္ကြန်မှာ ၁၃၇၂-၁၃၇၃ ခုနှစ် အခါသမယ နှစ်သစ်ကူဖြစ်ပြီး ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင်တန်းခူး လ္ဆန်း (၁၀)ရက်၊ ဧပြီလ ၁၃ ရက်နေ့ကို သင်္ကြန်အကြိုနေ့၊ ၁၄ ရက်နေ့ကို သင်္ကြန်အကျနေ့၊ ၁၅ ရက်နေ့ကို သင်္ကြန်အကြတ်နေ့၊ ၁၆ ရက်နေ့ကို သင်္ကြန်အတက်နေ့နှင့် ၁၇ ရက်နေ့ကို ရခိုင်-မြန်မာနှစ်ဆန်းတရက်နေ့ဟု ခေါ်ဝေါ်သုံးစွဲကြသည်။
ရခိုင်သင်္ကြန်ပွဲတော်မှာ ဗုဒ္ဓဘာသာကို အခြေခံသော ပွဲတော်ဖြစ်သဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ တရက်အလိုတွင် ရပ်ကွက်အလိုက် ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အဦးများကို ဆေးကြောသန့်စင်ခြင်း၊ ညနေပိုင်းတွင် ရပ်ကွက်ရှိ ဓမ္မာရုံ (သို့) ယာယီမဏ္ဍပ်၌ မိန်းမပျိုလေးများက နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် အမွှေးနံသာတုံးများကို ယူဆောင်လာကြပြီး ကျောက်ပျဉ်ကိုယ်စီဖြင့် စုပေါင်းနံ့သာသွေးကြလေသည်။ စုပေါင်းနံသာသွေးနေချိန်မှာ ရခိုင်လူပျိုကာလသားများမှ တေးသခြင်းများဖြင့် သီဆိုကူညီ ဖြေဖျော် ပေးကြပြီး အမွှေးနံ့သာရည်များသွေးပြီး စုပေါင်းသိမ်းဆည်းထားခြင်းကို နံ့သာသွေးပွဲဟု ခေါ်ဆိုလေ့ ရှိကြသည်။
ရခိုင်ရိုးရာ ထုံးတမ်းစဉ်လာများအရ ဆင်နွဲခဲ့ကြသကဲ့သို့ လှူဖွယ်ပစ္စည်းများနှင့်အတူ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ဘုန်းတော်ကြီးကျောင်း များသို့ သွားကြပြီး ငါးပါးသီလခံယူကြကာ မိန်းမပျိုများ ယူဆောင်လာသော နံ့သာရေမွှေးများဖြင့် လူပျိုယောင်္ကျားများက ဘုရားဆင်းတု တော်များအား ရေသပ္ပါယ်ကာ နံ့သာရေများနှင့် ပက်ဖျန်းပူဇော်ခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုခဲ့ကြသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့က ကျောင်းသား၊ လူငယ်များက မြို့ရွာအလိုက် စုပေါင်းပြီး ဘုရားရေသပ္ပါယ်မှုများ ပြုလုပ်ခဲ့ကြကာ ၁၄ ရက်နေ့တွင် မြို့မိမြို့ဖများနှင့်အတူ မြို့လုံးကျွတ် ဘုရားရေသပ္ပါယ်မှုများဖြင့် စတင်ဖွင့်လှစ်ခဲ့ကာ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာမပျက် သင်္ကြန်ကို စည်စည်းကားကား ကြိုဆိုခဲ့ကြသည်။
တခြားတဘက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ခေတ်နှင့်လျော်ညီစွာ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ရခိုင်ပြည်မှ အဆိုကျော်များအား ဖိတ်ကြားခဲ့ကြပြီး တေးဆိုစင်များဆောက်လုပ်ကာ ခေတ်မီတေးသခြင်းများဖြင့် နေရာအနှံတွင် ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။
ရခိုင်ပြည်မှ ရခိုင်အဆိုကျော်များနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ရခိုင်အဆိုကျော်များအပြင် ရခိုင်တီးဝိုင်းတော်သားများအနေဖြင့် ဒက္ကားမြို့တွင် ဧပြီလ (၁၄)ရက်နေ့၊ အာဇီနဂိုကျေးရွားတွင် (၁၅)ရက်နေ့၊ စိုကိုရီယာမြို့နယ် ထောင်သောင်းကျေးရွာတွင် ဧပြီလ (၁၆)ရက်နေ့၊ ကော့စ်ဘဇား မြို့တွင် (၁၇-၁၈-၁၉)ရက်နေ့၊ နတ်ကျောက်ဆရီမြို့တွင် (၂၀)ရက်နေ့များအထိ မြူးမြူးကြွကြွ ဆိုကခုန်မှုများဖြင့် ကျင်းပဆင်နွဲကြမည်ဖြစ်သည်။
ရခိုင်ရိုးရာဓလေ့ သင်္ကြန်ကို နံသာသွေးပွဲ၊ ဘုရားရေသတ်ပယ်ပွဲနှင့် သင်္ကြန်ရေလောင်းပွဲအပြင် စုပေါင်းခရီးထွက် ထမင်းပေါင်းချက်စား ကြသည့် အဆင့်(၃)ဆင့်တို့ဖြင့် ကျင်းပကြခဲ့သည်။
(က) သင်္ကြန်ဖြစ်ပေါ် လာရခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
• သင်္ကြန် = ကူးပြောင်းခြင်း၊ မာဂဓဘာသာ သင်္ကန္တနှင့် သက္ကဋဘာသာ သင်္ကြန်တ မှ ဆင်းသက်လာခြင်းဖြစ်သည်။
• ရခိုင် = မြန်မာပြက္ခဒိန်နှစ်၏ ပထမဆုံးလဖြစ်သော တန်းခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် သင်္ကြန်ရက်ကို ကျင်းလေ့ရှိသည်။
• ရခိုင်အမျိုးသားများက အတာသင်္ကြန်ကူးသောလဖြစ်၍ တန်ခူးလကို တာကူးလ ဟုခေါ်ဆိုသည်။
(ခ) သင်္ကြန်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအကျဉ်းချုပ်
ဘီစီ(၅၆၈)တွင် ရခိုင်ဓည၀တီပြည်ရှင် စန္ဒာသူရိယမင်းကြီးသည် မြတ်စွာဘုရားသျှင်နှင့် အတိတ်ဘ၀က သူငယ်ချင်းဟောင်းဖြစ်ဖူးသည့် အားလျှော်စွာ မနောအဓိဌာန်ဖြင့် ပင့်ဖိတ်လျှောက်ချက်အရ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် နောက်ပါ သံဃာတော်အပါး(၅၀၀)ဖြင့် ကြွချီလာကာ မောရပဗ္ဗတ သေလာဂီရိကျောက်တော် တောင်ပေါ်၌ သက်ဆင်းတော်မူခဲ့ကြောင်း မှတ်ဖူးသည်။
ယင်းအချိန်၌ပင် ဘုရင်နှင့် တိုင်းသူပြည်သားများ ကိုးကွယ်နိုင်ရန် ပုံစံတူ ကိုယ်ပွါးတော် မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ် စေခဲ့သည်။ ရခိုင်ပြည်သူပြည်သားများသည် ဆင်းတုတော်ကြီးအား အမွှေးနံ့သာရည်များဖြင့် ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ရေသပ္ပါယ် ပူဇော်ကြသည့် အလေ့အထမှာ ထုံးစံရိုးရာဓလေ့ ဖြစ်လာခြင်းဖြစ်သည်။
နောင်ခါနှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်သူပြည်သားများသည် ဗုဒ္ဓဆင်းတုတော်များအား အမွှေးနံ့သာရည်များဖြင့် ရေသပ္ပါယ်ပူဇော်သော ဓလေ့ဖြစ်ထွန်းလာခဲ့ပါသည်။ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ရာမှကျန်သော အမွှေးနံ့သာရည်များကို အချင်းချင်းပက် ဖျန်းလောင်းကြရာမှ ရေလောင်းကစားသောဓလေ့ ဖြစ်ထွန်းလာသည်ဟု အဆိုရှိကြပါသည်။ ထိုအချိန်ကာလမှ စတင်ကာ ယနေ့ အချိန်အထိ ဘာသာရေးပွဲတော်ဖြစ်သော ဘုရားရေသပ္ပါယ်ခြင်း ဓလေ့ရိုးရာများနှင့်အတူ အချင်းချင်း တယောက်ကိုတယောက် ရေလောင်းကစားခြင်းများမှ တနေ့ထက်တနေ့ ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာကာ ယနေ့ခေတ်နှင့်အညီ မဟာရခိုင်သင်္ကြန် ပွဲတော်ကို နေရာအနှံ၊ ကမ္ဘာ့အနှံတွင် ကျင်းပကြခြင်းဖြစ်သည်။
ရခိုင်အမျိုးသားများမှာ မိမိတို့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ထိုအချိန်အခါက ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခဲ့မှုများကြောင့် သတိလစ်နေခဲ့ကြသော်လည်း ယခုအခါ ပြန်လည်၍ ကမ္ဘာတည်သရွေ့ မဟာရခိုင်သင်္ကြန် ဘာသာရေးပွဲတော်နှင့်အတူ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု မပျောက်မပျက်ရအောင် ထိမ်းသိမ်းနေရသည့် အခြေအနေတွင် တည်ရှိနေသည်။
ရှေးရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုများကို ထိမ်းသိမ်းစောင့်ရှောက်ကာ မျိုးဆက်သစ်များအား သမိုင်းမှန်နှင့် တရားသဖြင့် သော လမ်းစဉ်များကို လက်ဆင့်ကမ်း ပေးခြင်းဖြင့် လူ့ဖြစ်ရကျိုးဂုဏ်ကို အားလုံးသော ရခိုင်အမျိုးသားများ ဖန်တီးပျိုးထောင် ထိမ်းသိမ်း နိုင်ကြပါစေလို့ ယခုနှစ် ၁၃၇၂-၁၃၇၃ နှစ်သစ်မင်္ဂလာ သင်္ကြန်ဘာသာရေးပွဲတော်နှင့်အတူ ဆုမွန်ကောင်းဖြင့် တိုက်တွန်းလိုက်ရ ကြောင်းကို ရခိုင်အချင်းအချင်းအကြား ဆိုလေ့ရှိကြပါသည်။
စင်္ကာပူနိုင်ငံရောက် ရခိုင်အမျိုးသားများက မဟာရခိုင်သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမပျက်ရအောင် ထိမ်း သိမ်းခြင်း အနေဖြင့် ဧပြီလ (၁၀)ရက်နေ့က အကြောင်းအမျိုးမျိုးကြောင့် ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပခဲ့ကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် တတိယအကြိမ်မြောက် ကျင်းပသော ရခိုင်သင်္ကြန်သို့ ဒက္ကားအခြေစိုက် စစ်အုပ်စု သံအမတ် ဦးမင်းလွှင်နှင့်ဇနီး ထူးခြားစွာတက်ရောက်ပြီး စိတ်ဝင်စားစွာဖြင့် ရခိုင်သင်္ကြန်ရေကစားခြင်းကို ကြည့်ရှုနေခဲ့သည်။ ထို့အပြင် တခြားနိုင်ငံ များတွင်လည်း စည်စည်ကားကား ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုး လက်အောက်တွင် နည်းမျိုးစုံဖြင့် ရိုးရာဓလေ့အစဉ်အလာများကို ပုံစံစနစ်မျိုးစုံဖြင့် ဖျက်ဆီးခံနေကြရသော်လည်း ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လူမျိုးများမှာ လွတ်လပ်မှုမရှိသည့်ကြားထဲမှ ယခုကဲ့သို့ အားကြိုးမာန်တက်ဖြင့် စည်းစည်းကားကား ကျင်းပရခြင်းမှာ ဂုဏ်ယူစရာပင် ဖြစ်သည်။

Wednesday, April 13, 2011
သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူတဦး နစကထံ သစ်လုပ်ငန်းခွင် ဖမ်းဆီးခံရ
ဂစ္ဆပသတင်းဌာန
ဧပြီလ ၁၃ ရက်၊ ၂၀၁၁။
http://gissapa.blogspot.com
သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူတဦး နစကထံ သစ်လုပ်ငန်းခွင် ဖမ်းဆီးခံရ
မောင်တောမြို့ နစက အမှတ်(၁) လူဝင်လူထွက်ဂိတ်မှ အမှတ်(၁)ကမ်းနားလမ်းရပ်ကွက်မှ တရားဝင် သစ်လုပ်ငန်းလုပ်ဆောင်ရန် လျှောက်လွှာတင်ထားသူ တဦးအိမ်မှ တရားမ၀င် သစ်လုပ်ငန်း လုပ်ကိုင်နေမှုဖြင့် ဧပြီလ (၉)ရက်နေ့က သွားရောက်ပြီး သစ်စုစုပေါင်း (၄ တန်ခွဲကျော်)၊ ၁၈ ကောင်အားရှိ သစ်စက်တလုံးနှင့် လွှဝိုင်းများအား ဖမ်းဆီးယူသွားကြောင်း မျက်မြင်တဦးမှ ပြောသည်။
နစကထံ သစ်စုစုပေါင်း ၄ တန်ခွဲကျော်၊ သစ်စက်နှင့် လွှဝိုင်းများအား ဖမ်းဆီးခံရသူမှာ စစ်တွေမြို့သို့ ခရီးသွားနေခိုက်ဖြစ်၍ လွတ်မြောက်သွားခဲ့သော်လည်း မောင်တောသို့ ပြန်လာလျှင် အမှတ်(၁)နစကမှ ထပ်မံဖမ်းဆီးမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသူ မျက်မြင်သက်သေတဦးက အောက်ပါအတိုင်း အတည်ပြုပြောသည်။
“နစကတွေ ကို ဦးစိုးသန်းအိမ်ကို နံက် ၁၂ နာရီနီးပါးခန့် ရှိမယ်ထင်ပါတယ်၊ ကို ဦးစိုးသန်း အိမ်ကိုရောက်တာနဲ့ ကျွန်းသစ်နှင့် တခြား သစ်မာ ၄ တန်ခွဲကျော်ကို သိမ်းယူပါတယ်၊ လွှဝိုင်း ၃၆လက္မ တခုနဲ့ လွှ ၁၂ လက္မတခု ၁၈ ကောင်အားရှိတဲ့ သစ်စက်ကို သိမ်းယူသွား ပါတယ်၊ အိမ်သားတွေကို အိမ်ရှင် ဦးစိုးသန်း ဘယ်သွားသလဲ မေးမြန်းပါတယ်၊ မိသားစုဝင်တွေက စစ်တွေသို့သွားပါတယ်ဟု ဖြေကြား တော့ ပြန်လာရင် တရားမ၀င် သစ်လုပ်ငန်း လုပ်ဆောင်နေမှုနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ်၊ ကျွန်တော် အထင်အရတော့ ဒီကိစ္စက မကြေနပ်တဲ့သူ၊ သစ်လုပ်နေတဲ့သူတယောက်ယောက်က နစကကို သွားတိုက်တာဖြစ်နိုင်တယ်။”
အတင်းအဓမ္မ သစ်လုပ်ငန်းခွင် တခုလုံးအား နစကထံတွင် သိမ်းယူခံရသူမှာ သစ်လုပ်ငန်းလုပ်ဆောင်ရန် တရားဝင် လုပ်ပိုင်ခွင့် ရရှိရန် အတွက် လျှောက်လွှာတင်ထားပြီး လုပ်ပိုင်ခွင့်ကို စောင့်နေသူတဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ နစကအနေဖြင့် ယခုကိစ္စတွင် မောင်တောသစ်တောဌာနမှ သစ်တရားမ၀င် လုပ်နေသည့်အပေါ်တွင် ဟန့်တားမှု တစုံတရာ မရှိသည့် အတွက်ကြောင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နစကသတင်းရပ်ကွက်တွင် ဖြစ်ပေါ်နေသည်။ နစကများ ဖမ်းဆီးယူသွား သည့် သစ်များမှာ တခြားဖမ်းဆီးထားသည့် သစ်များနှင့်အတူ ဘင်္ဂလာသို့ တင်ပို့မည်ဟု ယူဆရကြောင်း မောင်တောမြို့ခံများမှ သုံးသပ်ကြသည်။
အခုအခါ မောင်တောမြို့နယ် နစကနယ်မြေ (၁)နှင့် (၂)နယ်မြေအတွင်းရှိ သစ်များကို သစ်ကုမ္ပဏီတခုနှင့် ပူးပေါင်းပြီး လွန်ခဲ့သော နှစ်လလောက်မှ သစ်ခုတ်လှဲနေသည့်အပြင် အဆိုပါ နယ်စပ်ဒေသများသို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖက်မှ သစ်ခုတ်သမားများလာရောက်ကာ သစ်ခုတ်နိုင်ကြောင်း နစကနှင့် ဘီဒီအာရ်များ နားလည်မှု သဘောတူညီမှုများ ရယူထားပြီးဖြစ်သည်။
ရခိုင်ပြည်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တင်ပို့သည့် သစ်များမှာ ကျွန်းသစ်တဖုတ်ကို (၄၅၀၀)တာကာ၊ စကားဝါသစ် တဖုတ်ကို (၁၆၅၀)နှင့် ကမ်းကျင်တဖုတ်ကို (၁၀၀၀)တာကာ ဈေးရရှိသည်။ ယခုအခါ ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာဆိပ်ကမ်းသို့ တင်ပို့သည့်သစ်တန်ချိန်မှာ တရက်လျှင် ဖြန်းမျှအားဖြင့် တန်ချိန် ၁၅၀ ကျော်မျှရှိကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ရေကြောင်းမှ သစ်တန်ချိန်အမြောက်အများ လွန်ခဲ့သော ၁၂ နှစ်ကျော် ကာလမှ တင်ပို့လျှက်ရှိသည်။ အဆိုပါ သစ်တင်ပို့မှုမှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်း တရားဝင်မဟုတ်သော်လည်း မြန်မာစစ်တပ်နှင့် ရေတပ်များကို တရားမ၀င် အကောက်ပေး၍ တင်ပို့ခွင့်ရရှိကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် ကမ်းသို့ဆိုက်ရောက်လာသည့် သစ်ဘုတ်များ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံလျှက်ရှိနေသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တင်ပို့နေကြသည့် သစ်ကုန်သည်များမှာ ဘင်္ဂလီများထံ ဈေးနှိမ်ခံရပြီး မကြာခဏ လိမ်လည်ခံရမှုများ အမြောက်အများရှိသော်လည်း ဆက်လက်တင်ပို့လျှက် ရှိနေသည်။ အဆိုပါ သစ်ကုန်တင်ပို့မှုများတွင် များသောအားဖြင့် ဒေသဆိုင်ရာ စစ်တပ်မှ အာဏာပိုင်များ အနေဖြင့် ပါးစပ်ဖြင့်အစုရှယ်ယာများ ပါဝင်လုပ်ဆောင်လျှက် ရှိနေကြသောကြောင်း ရခိုင်သစ်တုံးများမှာ ပိုမိုပြီး ဘင်္ဂလာသို့ လွယ်ကူစွာ တင်ပို့နိုင်ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
အခုအခါ ရခိုင်ပြည်နယ်မှ သစ်တောများမှာ စစ်အာဏာပိုင်များ နည်းမျိုးစုံဖြင့် အိမ်နီးချင်းနိုင်ငံများ၊ သစ်ကုမ္ပဏီများအပြင် သစ်ကုန်သည် များကို အလွဲသုံးစား ခုတ်လှဲရောင်းစားခြင်းများကြောင့် တဖြည်းဖြည်း ပြုန်းတီးလာကြောင်း လေ့လာသူများကဆိုသည်။

Subscribe to:
Posts (Atom)