ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Saturday, January 12, 2013

လေးစားအပ်တေ မျိုးချစ်ပုဂ္ဂိုလ်တိ

သို့
လေးစားအပ်တေ မျိုးချစ်ပုဂ္ဂိုလ်တိ
ထိုင်းနိုင်ငံတွိဆုံဆွေးနွေးပွဲ

အခုပိုင် ရခိုင်ပြည်နှင့် ပြည်သူတရပ်လုံးအတွက် ဂုဏ်ပြုထိုက်တေ နီရာမှာ တာဝန်ကိုယ်စီကို စေတနာသန့်သန့်နန့် ထမ်းဆောင်ဖို့ တက်ရောက်လာကတ်တေ အားလုံးကို လေးစားပါကြောင်း မြွတ်ဟပြောလိုပါရေ။ ကျွန်တော်အနေနန့် အေနီရာရေ ရခိုင်ပြည် အမျိုးသားတိ အကျိုးဖြစ်ထွန်းလာဖို့ အခန်းကဏ္ဍတိကို ဆွေးနွေးကြဖို့ထက် အဓိကလက်တွိလုပ်ဆောင်ကြဖို့ ယုံကြည်မှုအပြည့်အ၀ဖြင့်  တာဝန်သိတယောက်အဖြစ် ပီးစာဖြင့် ယုံကြည်ကြောင်း ပြောပါရစီ။   

လေးစားအပ်တေ မျိုးချစ်ပုဂ္ဂိုလ်တိ အနေနန့် အေနီရာကို တက်ရောက်လာကတည်းက ပြည်နှင့်လူမျိုးအတွက် အဓိကထားရေ ရည်မှန်းချက်တိနန့်အတူ ရောက်ရှိနေခြင်း ဖြစ်တေဆိုစွာကို အသိအမှတ်ပြုပါရေ။ ယင်းကြောင်းလည်း ဂိုဏ်းဃဏတိနှင့် ပြည်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာမည့် လုပ်ရပ်မှန်သမျှကို အတွိအကြုံအရ ရှောင်ကွင်းနိုင်အောင် အမျိုးသားလုံခြုံရေး လမ်းကြောင်း အကျိုးအတွက် အောက်ပါ မဟာဗျူဟာ-သေနဂဗျူဟာတိဖြစ်တေ အချက် ချက်ကို အကြံပီး တင်ပြလိုက်ရပါရေ။

ရခိုင်ပြည်အမျိုးသား/သမီးတိ တသွေမတိမ်း ဆုတ်ကိုင်လျှောက်လှမ်း လုပ်ကိုင်ရမည့် မဟာဗျူဟာ-သေနဂဗျူဟာတိမှာ -

၁။ ရခိုင်ပြည်နှင့် ပြည်ရှိ ပြည်သူတခုလုံး လုံခြုံရေးအတွက် ရခိုင်ပြည်အမျိုးသားတပ်မတော်ကြီးတခု မဖြစ်မနေ ဖေါ်ထုတ်ရန် လိုအပ်။
၂။ ရခိုင်ပြည် အမျိုးသားအရေးနှင့် ရခိုင်ပြည် လွတ်လပ်ရေးကိုသာ အဓိကထား ဆောင်ရွက်ရန် လိုအပ်။ တခြားမည်သည့်နည်းလမ်းကို မဆို ပေါ်လစီအဖြစ်သာ ပူးပေါင်းဆောင်ရွက်ခြင်း။
၃။ ရန်သူအပေါ်မှာ မည်သည့်အခါမျှ အထင်အမြင်သေးသော အပြုအမူလုပ်ငန်း ဆောင်ဒါတိကို မပြမပြုလုပ်ရ။ ရန်သူကို အချိန်အခါ မရွေး ရန်သူဟု အဓိက သတ်မှတ်ဖို့လိုအပ်။
၎။ တိုးတက်သော၊ ဖွံ့ဖြိုးပြောင်းလဲနေပြီး လူယဉ်ကျေးမှုအပြည့်အ၀ဖြင့် ချီတက်နေကြသကဲ့သို့ ရခိုင်ပြည်လူငယ်အနာဂါတ်ပိုင်ရှင်တိကို ဒေါင့်ပေါင်းစုံက ပြုစုပျိုးထောင် လမ်းပြအားပီးပြီး လက်တွဲခေါ်ယူ ကူညီဆောင်ရွက်ရန် လိုအပ်။
၅။ ဘက်ပေါင်းစုံအမြင်မြော်နှင့် တွေးခေါ်ပြီး လက်တွိဆောင်ရွက်တတ်သော နိုင်ငံခြားတိုင်းပြည်တိကဲ့သို့ အတွေးအခေါ်ပိုင်ရှင်ဖြစ်ပြီးကေ ဖန်တီးနိုင်ရေ ထိပ်ပိုင်းခေါင်းဆောင်တိကို အခုပိုင် အပြောင်းအလဲတိအတွင်း အမှန်အကန် တာဝန်ပီးရေးချယ်ဖို့ အရေးတကြီး လိုအပ်။
၆။ ပြည်နှင့် အမျိုးသားထု ဘဏ္ဍာဖြစ်မြောက်ရေးအတွက် နိုင်ငံ့သံယံဇာတ အရင်းအမြစ်တိကို ကာကွယ် ထိမ်းသိမ်း မြင့်တင်ဖို့လိုအပ် ပါရေ။

ယင်း အချက်တိကို အကောင်အထည်ဖေါ် ဆောင်ရွက်ရေ နီရာမှာ အသက်ကို စတေးလို့ဖြစ်စီ၊ ခေတ်အချိန်တိကို ကျော်ဖြတ်လို့ဖြစ်စီ၊ ဗျူဟာမြောက်ဖို့အတွက် တခုခုရှုံးဆုံး ခံရလို့ဖြစ်စီ မဟာဗျူဟာ လမ်းလွဲမလားစီဘဲ တဆင့်ချင်းစီကို အချိန်အခါနှင့် တပြေးညီ အဆင့်တိုင်းမှာ ဇောင်းပီးလုပ်ဆောင်ဖို့ လိုအပ်ပါရေ။

အမျိုးသားရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်မှုရရှိနိုင်အောင် ရွေးချယ်လုပ်ဆောင်ရေ နီရာမှာ အလေးအနက်ထားပြီးကေ အသေးစိပ် သမိုင်းနှင့်ချီပြီး ကွင်းဆင်းလေ့လာဆန်းစစ် တာဝန်ပီးအပ်နိုင်ဖို့ လိုအပ်ပါရေ။ လုပ်ငန်းတိကိုလည်း သမာရိုး ကျမဟုတ်ဘဲ ဖန်တီးပြောင်းလဲ တွေးခေါ်ဆောင်ရွက်တတ်ဖို့နန့် အဆင့်တိုင်းစီးမှာ အမျိုးသားစံအဖြစ် တန်ဖိုးထားလုပ်ဆောင်ဖို့ အရေးကြီးပါရေ။

ကျွန်တော်ရို့ရေ ပုဂ္ဂလိကအရ ဒေနီရာတိမှာ ပုံစံမျိုးစုံဖြင့်ဖြစ်စီ၊ မည်သို့ရောင်စုံဖြင့်ဖြစ်စီ ရောက်ရှိလာနီစီကာမူ အမျိုးသားအကျိုးစီးပွား အတွက် ရှေ့ရှုလုပ်ဆောင်ရေ နီရာတိုင်းစီမှာ မဖေါက်မပြန် ဆောင်ရွက်တတ်ဖို့နှင့် လမ်းလွဲမလားဖို့ လိုအပ်ပါရေ။  

သို့ဆိုပါကေ အမျိုးသားထု လုံခြုံမှုအတွက် လုပ်ဆောင်ချက်တိကို အဆင့်တိုင်းစီမှာ ယုံယုံကြည်ကြည်နန့် အနာဂါတ် ရည်မှန်းချက်ပြည့်စုံဖို့ ပန်တိုင်ရောက်နိုင်အောင်အထိ ဦးစွာဇောင်းပီးလုပ်ဆောင်ကတ်ဖို့အတွက် အနုအညွတ် ပန်ကြားလိုက်ပါရေ။ 

အမျိုးသားလုံခြုံရေး သစ္စာဖြင့် -
အေးသာအောင် - ပါတီအမှတ် ၁၂၁ (NUPA-JGS- အောင်သန်း - ရခိုင်ပြည်တပ်မတော် AA - ကပနံပါတ် ၁၁၂)၊ ဇွန္န၀ါရလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်။

Friday, January 11, 2013

Saturday, December 1, 2012

မြန်မာ-ဘင်္ဂလာ နယ်စပ်စီးပွားရေးသမားများ တပတ်အတွင်း ၃၀၀ ကျော် အသွားအပြန်ရှိ

Written by သဇင်ဥ    Sunday, 02 December 2012 11:31   PDFPrintE-mail
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံကြား နယ်စပ်စီးပွားရေး ကူးလူးဆက်ဆံမှုကို အကြမ်းဖက်သမားများကြောင့် ၅ လနှင့် ၂ ရက်ပိတ်ထားခဲ့ရာမှ နိုဝင်္ဘာလ ၂၄ ရက်နေ့က စတင်ဖွင့်လှစ် ပေးခဲ့ရာ ယနေ့အထိ နိုင်ငံကူးခွင့် တစ်ပတ်ဗီဇာရ ပါ့စ်ပို့ဖြင့် စီးပွားရေးသမား စုစုပေါင်း သွားလာခဲ့သူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း နယ်စပ်စောင့်ကြည့်လေ့လာသူများက အတည်ပြုပြောဆိုသည်။

ယင်း နယ်စပ်စီးပွားရေး တစ်ပတ်ဗီဇာပါ့စ်ပို့ဖြင့် အသွားအလာရှိခဲ့သူများမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့ဆိပ်ကမ်းနှင့် ဘင်္ဂလာ တာခ်နာဆိပ်ကမ်းတို့အကြားဖြစ်သည်။

အဆိုပါ ၃၀၀ ကျော်အနက် ရခိုင်ပြည်မှ ၂၇၀ ကျော် ဘင်္ဂလာသို့ သွားရောက်ခဲ့ကြောင်းနှင့် ဘင်္ဂလာမှ ၃၀ ခန့် ရခိုင်ပြည်သို့ နယ်စပ်စီးပွားရေးဖြစ်သော ရေလမ်းမှ အပြန်အလှန်သွားရောက်ခဲ့ကြကြောင်း မောင်တောမြို့နှင့် တာခ်နာမြို့တို့မှ နယ်စပ် စောင့်ကြည့်သူများက ပြောသည်။

မြန်မာဘက်မှ နယ်စပ်စီးပွားရေးကို တရားဝင် ပါ့စ်ပို့ဖြင့် ကူးဖြတ်မည့်လမ်းကို နိုဝင်္ဘာ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဘင်္ဂလာ အနေဖြင့် နယ်စပ်စီးပွားရေးလမ်း အမြန်ဖွင့်လှစ်ပေးရန် မြန်မာသို့ အကြိမ်ကြိမ် ပန်ကြားခဲ့ကြောင်း၊ ဘင်္ဂလီ စီးပွားရေးသမားများက ၂၆ ရက်နေ့တွင် တပတ်ပါ့စ်ပို့ဖြင့် ၂ ဦး၊ ၂၇ ရက်နေ့တွင် ၅ ဦး၊ ၂၈ ရက်နေ့တွင် ၆ ဦး၊ ၂၉ ရက်နေ့တွင် ၅ ဦး၊ ၃၀ ရက်နေ့တွင် ၈ ဦးနှင့် ဒီဇင်္ဘာ ၁ နှင့် ၂ ရက်နေ့တို့တွင် စုစုပေါင်း ၃၀ ခန့် ရခိုင်ပြည်သို့ တရားဝင် လာရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည် မောင်တောမြို့နယ် လ၀ကတွင် ခွင့်ယူပြီး မြန်မာ့စီးပွားရေးသမားများက ၂၄ ရက်နေ့တွင် ၅ ဦး၊ ၂၅ ရက်နေ့တွင် ၁၅ ဦး၊ ၂၆ ရက်နေ့တွင် ၂၅ ဦး၊ ၂၇ ရက်နေ့တွင် ၄၁ ဦး၊ ၂၈ ရက်နေ့တွင် ၂၇ ဦး၊ ၂၉ ရက်နေ့တွင် ၆၂ ဦး၊ ၃၀ ရက်နေ့တွင် ၆၆ ဦးနှင့် ဒီဇင်္ဘာ ၁ နှင့် ၂ ရက်နေ့တို့တွင် စုစုပေါင်း ၂၇၀ ကျော် ဘင်္ဂလာသို့ တရားဝင် သွားရောက်ခဲ့ကြောင်း လ၀က စာရင်းများက ဆိုသည်။

မြန်မာ့တင်ပို့ကုန်များမှ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ တာကာ ၆၂၄၀၀၀၀၀ အား တာခ်နာဆိပ်ကမ်း အကောက်အခွန်ဋ္ဌာနမှ နိုဝင်္ဘာလအတွင်း ရရှိခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ယင်းအကောက်အခွန်ဋ္ဌာနမှ နိုဝင်္ဘာအတွင်း တာကာ ၅၆၁၀၀၀၀၀ ရရှိရန် ခန့်မှန်းထားခဲ့ကြောင်းနှင့် ဘင်္ဂလာမှ မြန်မာသို့ ကုန်ပစ္စည်း တာကာ ၁၁၈၀၀၀၀၀ တန်ဖိုးအား နိုဝင်္ဘာအတွင်း ပို့ဆောင်ခဲ့ကြောင်း နယ်စပ်စီးပွားရေးသတင်းများက ဆိုသည်။

တခြားတဘက်တွင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စီးပွားရေးအရ အသွားအလာရှိနေကြသူများမှာ တပတ်ပါ့စ်ပို့ဖြင့် မဟုတ်ဘဲ နစက-BGBများနှင့် နားလည်မှုယူပြီး နယ်စပ်အတွင်း စီးပွားရေးလုပ်နေသူများနှင့် မှောင်ခိုလုပ်နေသူများလည်း အများအပြားရှိနေသေးကြောင်း နှစ်နိုင်ငံနယ်စပ်စီးပွားရေးသမားများက ဆိုသည်။
Arakantimes