ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Tuesday, October 30, 2012

ဘင်္ဂလီမူဆလင် မှောင်ခိုလက်နက်များ ရခိုင်ပြည်အတွင်း ဆက်တိုက်ဖမ်းဆီးမိ


ဝါကျွတ်ပွဲတော်အတွင်း ကျဆုံးသွားကြသော အာဇာနည်များအား အမျှဝေဂုဏ်ပြု
အောက်တိုဘာ ၃၀ ရက်၊ ၂၀၁၂။ (မူပိုင် - အောင်သန်း)

ရခိုင်ပြည်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခအကြားသို့ ခေတ်မီ သေနပ် M 79လောင်ချာများ အပါအ၀င် AK 47, 56 လက်နက်ငယ် များမှာ ဘင်္ဂလီမူဆလင်များထံသို့ မှောင်ခိုဝင်ရောက်လာခြင်းဖြစ်ရာ ဖမ်းဆီးခံရမှုများရှိနေကြောင်းနှင့် ပဋိပက္ခ ၅ လအတွင်း ကျဆုံးသွားကြသူ အာဇာနည်များအား ၀ါကျွတ်ပွဲတော်နှင့်အတူ အမျှဝေရေကျချ ဂုဏ်ပြုခဲ့ကြကြောင်း ရခိုင်ပြည်မှ Arakantimes စပ္ပါယ်ရှယ် သတင်းက ဆိုသည်။   

ယင်း အကြမ်းဖက် ပဋိပက္ခ ၅ လအတွင်း သက်ဆိုင်ရာ ဒေသခံများနှင့် အာဏာပိုင်များက ဘင်္ဂလီမူဆလင်များနေထိုင်သော စစ်တွေမြို့ အပါအ၀င် မြို့နယ်အများအပြားမှ လက်နက်ကြီးငယ်များ ထင်သာမြင်သာ ဖမ်းဆီးမိခဲ့သော်လည်း ယခုအချိန်ထိ ဦးသိန်းစိန် အစိုးရက နှုတ်ဆိတ်လျက်ရှိနေသော အသံများ လူထုသတင်းလောကတွင် ပျံနှံလျက် ရှိနေကြောင်း စစ်တွေမြို့မှ နိုင်ငံရေးဝါရင့်တဦးက ပြောသည်။

“အောက်တိုဘာ ၁၄၊ ၁၅နဲ့ ၁၆ ရက်တို့မှာ အဲဒီအကြမ်းဖက်သမား ဘင်္ဂလီတွေက ရခိုင်ပြည်တခုလုံးကို တိုက်ခိုက်သိမ်းယူဖို့ ကြံစဉ်ခဲ့တာ ကြားရပါတယ်၊ ဒီသတင်းနဲ့အတူ စစ်တွေမြို့ထက် အင်ဘာလာရပ်ကွက်နေတဲ့ ကုလားတွေဆီက ၁၆ ရက်နေ့က သူတို့ရဲ့ အသုဘခေါင်းထဲကနေ M 79 လက်နက်ကြီး လောင်ချာ ၅ လက်နဲ့ တခြားသေနပ်နဲ့ ကျဉ်ဆံတွေကို စစ်တပ်က ဖမ်းဆီးမိခဲ့ပါတယ်၊ ဒါစစ်တွေမြို့က လေ့လာသူတိုင်း သိတဲ့ကိစ္စပါ၊ အစိုးရကတော့ နှုတ်ဆိတ်နေပြီး ခုတလော ဒေသခံရခိုင်တွေကို ပစ်သတ်မှုတွေ ရှိလာတယ်၊ ဒါရခိုင်အမျိုးသားရေး အနေနဲ့ မဟာဗျူဟာမြောက် သဘောပေါက်ဖို့လိုအပ်တဲ့ မြင်ကွင်းဖြစ်ပါတယ်။”ဟု Arakantimesကို ရှင်းပြသည်။

ဆက်လက်ပြီးသူက “ဒီလ တတိယအပတ်က မောင်တောမြို့နယ် ငါးခူရနယ်မြေအတွင်းက ကြက်သွန်နီထည့်ထားတဲ့ ဂုန်နီအိတ်တွေ ထဲက နက်လက်ငယ်နဲ့ ကျဉ်ဆံတွေကို တာဝန်ရှိသူတွေက ဖမ်းဆီးရခဲ့တယ်လို့ သိရပါတယ်၊ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက် အတွင်းမှာလည်း ပါကိစ္စတန်လုပ် Ak 47-56၊ ယင်းအမျိုးအစား အယ်လောင်ဂျီ ပြောင်းရှည် စုစုပေါင်း လက်နက် ၁၀၀ ထက်မနည်း ရှိနေတယ်လို့လည်း သိရပါတယ်၊ ပဋိပက္ခအတွင်းမှာ လက်နက်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့လယ်မှာ စစ်သားတွေလည်း ကျဉ်မှန်ဒဏ်ရရှိမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့လည်း အစိုးရက အန္တရာယ်လို့ မမြင်ဘဲ ဖုံးကွယ်ထားမှုမှာ စဉ်းစားစရာတွေဖြစ်နေပါတယ်၊ ဒါအစိုးရရဲ့ အမျိုးသားလုံခြုံရေးအရ ဖုံးကွယ်ကြောင်း ဖုံးကွယ်ထားနိုင်ပါတယ်။”ဟု ဆိုသည်။

ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အား ပြည်တွင်း/ပ သတင်းဋ္ဌာနများမှ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများမှ လက်နက်များ ဖမ်းဆီးရရှိမိခြင်းနှင့် အရေအတွက်ကို မေးမြန်းမှုများ ရှိခဲ့သော်လည်း လုံးဝမဟုတ်မှန် မရှိကြောင်း ငြင်းဆန်နေပြီး ယင်းမေးခွန်း ပေါ်မှရှောင်ထွက်ပြေးလျှက်ရှိသည်။

စစ်တွေ၊ ကျောက်တော်၊ မောင်တောနှင့် တချို့မြို့နယ်များအတွင်းတွင် ရခိုင်အမျိုးသမီးနှင့် အမျိုးသားတချို့တို့မှာ ဘင်္ဂလီမူဆလင်များအား ဓါး၊ ဆန်နှင့် တခြားစားနပ်ရိက္ခာများ ရောင်းချမှုများ ပြုလုပ်နေ၍ သက်ဆိုင်ရာ ဒေသခံရခိုင်များက အမျိုးသားလုံခြုံမှုအရ အရေးယူမှုများ ရှိနေကြောင်း စစ်တွေနှင့် မောင်တောမြို့တို့က ဆိုသည်။

အကြမ်းဖက်သမားများ တိုက်ခိုက်မှုကို အမျိုးသားရေးစိတ်ဓါတ်ဖြင့် ခုခံရင်း ကျဆုံးသွားသော အာဏာနည်သူရဲကောင်းများအတွက် ယနေ့ ဘုကြီးကျောင်းများတွင် ဆီမီးထွန်း အမျှဝေ ရေကျချမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

စစ်တွေမြို့မှ ကျောင်းဆရာမ တဦးက “ဒီနှစ်ဝါကျွတ်ပွဲတော်ဟာ ၀မ်းနည်းဖွယ်ရာတွေ ဖြစ်ပါတယ်၊ မိသားစုဝင်တွေ ဆုံးရှုံးသွားရတဲ့ မိသားစုနဲ့ထပ်တူ စိတ်မကောင်းပါဘူး၊ ဘုန်းကြီးကျောင်းတွေဆိုလည်း မီးရှိုးခံရမှုကြောင့် ကျောင်းသွားကျောင်းလာကြတဲ့ ဥပုဒ်သည်က အစ စိုးရိမ်ကြောင်းကြစိတ်တွေ ဖြစ်ပေါ်နေတာကို မြင်နေရပါတယ်၊ ဒီနှစ်စိတ်ထဲတော့ တမျိုးကြီး ခံစားရပါတယ်၊ ကုလားတွေရဲ့ ကရင်ဘင်ပွဲ ကျသွားတာကို မသိလိုက်သလိုပါဘဲ။”ဟု ရှင်းပြသည်။ 

လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းက မောင်တောမြို့နယ်များအတွင်း ဓါးပြမှုများ အများအပြား ဖြစ်ပေါ်ခဲ့ သည်ဟု သတင်းများထွက်ပေါ်ခြင်းမှာ နစကအရာရှိများက ဘင်္ဂလီမူဆလင်များထံမှ လာဒ်ငွေများယူ၍ ဘင်္ဂလာမှ လက်နက်များ ပြည်တွင်းသို့ မှောင်ခိုသွင်းခဲ့ခြင်းဖြစ်ကြောင်း မောင်တောမြို့ ခရယရုံးအဖွဲ့သတင်းက ဆိုသည်။

ယင်းလက်နက်များမှာ ဘင်္ဂလီမူဆလင်များ၏ ဘုရားဝတ်ပြုကျောင်းဖြစ်သော ဗလီများအတွင်း သိုလှောင်ထားမှုများ ရှိနေကြောင်းနှင့် ဘင်္ဂလာမှ စက်လှေဖြင့် မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း ရခိုင်-ဘင်္ဂလီအတွင်း သတင်းများ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ယင်းလက်နက်များနှင့် ပတ်သက်၍ Arakantimes အနေဖြင့် အတည်ပြုနိုင်ခြင်းများ ထပ်မံရရှိနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

မောင်တောမြို့နယ် ပဋိပက္ခအတွင်း အကြမ်းဖက်သမားများထံမှ လာဒ်ငွေအများဆုံး စားခဲ့သူမှာ နစက ကွပ်ကဲရေးမှူး အောင်ကြီးဖြစ်ပြီး ၎င်းအနေဖြင့် ယခုအခါ ခြစားမှုဖြင့် ထောင်ဒဏ်နှင့် ပိုင်ဆိုင်မှုတချို့ သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခံရခြင်းဖြစ်သည်မှာ လက်နက်များ မှောင်ခိုတင်ပို့ခွင့် ပေးခဲ့မှု ထင်ရှားကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ ဖမ်းဆီးအရေးယူခံနေရသော နစက ခြစားသူများအား ရခိုင်ပြည် အတွင်းရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော မှောင်ခိုလက်နက်များ အရေအတွက်ကို အသေးစိပ် ထပ်မံစစ်ဆေးမေးမြန်းရန် လိုအပ်ကြောင်း နိုင်ငံရေးဝါရင့်က ထုတ်ဖေါ် ပြောဆိုလိုက်သည်။ 

ဇွန် ၈ ရက်နေ့ကတည်းက ဘင်္ဂလီမူဆလင်များထံ စတင်တိုက်ခိုက်ခံရသော ရခိုင်ပြည် ပဋိပက္ခကာလအတွင်း ဒေသခံရခိုင်လူမျိုးများ အနေဖြင့် ယခုအချိန်ထိ မိမိကျေးရွာနေအိမ် ညဥ့်ကင်းများကို ယင်းတို့ကိုယ်တိုင် လုံခြုံရေးအတွက် စီမံစောင့်ကြပ်နေကြကြောင်း သိရှိရသည်။

ရခိုင်ပြည်တွင် စစ်တပ် တပ်ရင်းပေါင်း ၆၀ ခန့်၊ နစက ဦးရေ ၂၀၀၀ ခန့်၊ ရဲတပ်သားပေါင်း ၆၀၀၀ ကျော်ခန့် အခြေစိုက် ချထား သော်လည်း ယခုဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား လုံခြုံမှုမပေးနိုင်၍ သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ထပ်မံပြီး လုံခြုံရေး အင်အားများ တိုးမြင့်ချထားကြောင်း ပြည်တွင်းကဆိုသည်။

Tuesday, October 2, 2012

သစ်ထူးလွင်



Thursday, September 13, 2012

စစ်တွေ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် က အမေရိကန် ဒု ၀န်ကြီးအားဘာတွေပြောခဲ့လဲ

အမေရိကန်နိုင်ငံခြားရေးဌာန ဒုလက်
ထောက်ဝန်ကြီး (Joseph Y. Yun) နှင့် မြန်
မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
ဒက်ရက်ခ် မစ်ချယ် (Derek J. Mitchell) ဦး
ဆောင်သော အဖွဲ့က စစ်တွေအခြေစိုက်


အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့ မွန်းလွဲ တစ်နာရီတွင် နေ့လယ်စာစားယင်း
 တွေ့ဆုံရာ၌ ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟု စစ်တွေ ဒေသခံများကိုယ်စား တက်ရောက်သူများက ပြောကြား ခဲ့သည့်အပြင်

Human Rights Watch အဖွဲ့၏ လွန်ခဲ့သည့် တစ်လခန့်က ထုတ်ပြန်ခဲ့သော ဘင်္ဂါလီဆူပူမှု အရေးအခင်း
ဆိုင်ရာ အစီရင်ခံစာ တွင် ၁၉၄၂-ခုနှစ်က ဘင်္ဂါလီများက ရခိုင်လူမျိုး တစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့သော အရေးအခင်းကို ချန်လှပ်ခဲ့ခြင်းကို ဝေဖန်ထောက်ပြခဲ့သည်ဟု စစ်တွေအခြေစိုက် ၀ံလက် ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးကျော်ဇောဦးက ပြောကြားခဲ့သည်ဟု Coral Arakan အားပြောကြားခဲ့သည်။

“ကျွန်တော် ဒု လက်ထောက်ဝန်ကြီးကို ပြောတဲ့အထဲမှာ တစ်အချက်။ ဘင်္ဂါလီရှစ်သိန်းကျော် ရခိုင်မြေပေါ်မှာ ရောက်နေတဲ့ အတွက် လူ့အခွင့်အရေးတို့ တိုင်းရင်းသားအရေးတို့ကို
မပြောနဲ့ထားဦး၊

အဲဒီ လူပေါင်း ဘင်္ဂါလီပေါင်း ရှစ်သိန်းကျော် လူသားစင်စစ်ရောက်ရှိနေကြတဲ့အတွက် ဒီရခိုင့်မြေပေါ်ကအခြေအနေကို ပိုပြီး ကောင်းမွန် စေဖို့ရာ ပြဿနာတွေပြေလည်အောင် လုပ်ဖို့ရာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ် (it is up to you) လို့ သူက ဆိုတယ်။ ဒါကို ကျွန်တော်က ငြင်းတယ်။
ဒီကိစ္စကို ဘင်္ဂလာဒေ့ရှ်က တာဝန်ယူရမှာဖြစ်တယ် (it is up to Bengladesh.) လို့ ကျွန်တော် ပြောခဲ့တယ်။

“နှစ်အချက်။ ပြီးခဲ့တဲ့တစ်လလောက်က  Human Rights Watch အဖွဲ့ကထုတ်ပြန်တဲ့ ဘင်္ဂါလီဆူပူမှု အရေးအခင်း ဆိုင်ရာ အစီရင်ခံစာမှာ နောက်ခံသမိုင်းကြောင်းအကျဉ်းကိုဖေါ်ပြရာမှာ  ၁၉၄၂-ခုနှစ်မှာ အိန္ဒိယကို စစ်ဆုတ်သွားတဲ့ ဗြိတိသျှတပ်တွေက ဘင်္ဂါလီကို လက်နက်တပ်ဆင်ပေးပြီး Bengali V force ဆိုပြီး ထားခဲ့တယ်။

အဲသည် လက်နက်ကိုင် ဘင်္ဂါလီတွေက ရခိုင်လူမျိုး တစ်သိန်းခန့်လောက်ကို သတ်ဖြတ်ခဲ့တဲ့
မျိုးတုံး သတ်ဖြတ်မှုကို ချန်လှပ်ထားခဲ့တာဟာ အဲသည် အစီရင်ခံစာအနေနဲ့ လုံးဝဘက်လိုက် ရေးသားထားတာ ဖြစ်ကြောင်း ကျွန်တော်က ဒု လက်ထောက်ဝန်ကြီးကို
 ထောက်ပြခဲ့တယ်။

တတိယအချက်။ ဒီအချက်က UNHCR ဌာနေကိုယ်စားလှယ် ဟန်စ်တန်ဖဲလ် နဲ့ အဖွဲ့ဝင်တွေကို ကျွန်တော် ပြောခဲ့တာဖြစ်တယ်။ ကျွန်တော်က UNHCR ဟာ ရခိုင်ဒေသမှာ ဘက်လိုက်ဆောင်ရွက်မှုရှိခဲ့တယ် ဆိုတာ အမှန်ပဲလို့ ပြောရမှာ ဖြစ်တယ် ပြောခဲ့တယ်။
ဥပမာ သူတို့ချပေးတဲ့ ပရောဂျက်တစ်ချို့မှာ အိမ်ခြေငါးဆယ် အောက် ရွာတွေကို ထောက်
ပံ့မှုမပေးဘူး ဆိုတာတွေရှိခဲ့တယ်။

 မူဆလင်ရွာကြီးတွေက အိမ်ခြေရာချီ ထောင်ချီနေပြီး တိုင်းရင်းသားရွာတွေက
အိမ်ခြေ ငါးဆယ်အောက်ရောက်နေတဲ့အခါ တိုင်းရင်းသားတွေက ဘာထောက်ပံ့မှုမှမရ
တာတွေရှိခဲ့တယ်။ ဒါတွေကို ကျွန်တော်ပြောခဲ့တယ်။

နောက်ဆုံးတစ်ချက်။ ဒါပေမဲ့ ဒါက စကားဝိုင်းစကတည်းက ကျွန်တော်ပြောခဲ့တာ။ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို တစ်ခါ သုံးတိုင်း သုံးတိုင်း ကျွန်တော်တို့ ရခိုင်တွေကို ခြိမ်းခြောက်မှုတစ်ခါစီလုပ်နေတာ ဖြစ်တယ်။

ဘင်္ဂါလီက ဘင်္ဂါလီလို့ ကိုယ့်ကိုယ်ကို မခေါ်ပဲ၊ ရိုဟင်ဂျာ လို့နာမည်တီတွင် ခေါ်နေတာဟာ အဲဒီနာမည် နောက်က နိုင်ငံရေး ရည်မှန်းချက်တွေ(ဆိုလိုတာက နယ်မြေ သိမ်းပိုက်ရေး
ရည်မှန်းချက်တွေ) အတွက် တစ်ခါစီ တစ်ခါစီ ကြိုးပမ်းမှု လုပ်နေတာဖြစ်တယ် လို့ ကျွန်တော်
 ပြောခဲ့တယ်။ ဒီတော့ ဒီနေ့လယ်စာစားပွဲတစ်လျှောက်လုံးမှာ သူတို့ဘက်က ရိုဟင်ဂျာ ဆိုတဲ့
စကားလုံးကို လုံးဝ မသုံးခဲ့တော့ဘူး။”

ရခိုင်ပြည်၏ အခြေအနေမှာ အမေရိကန်တို့ ဥရောပတို့ ကွဲပြားခြားနားသည့်အပြင် ၂၀၂၃-
ခုနှစ်လောက်မှာ လက်ရှိ လူဦးရေ၏ နှစ်ဆရှိလာလိမ့်မည်ဟု ခန့်မှန်းနေကြသော  ဘင်္ဂလာဒေ့ရှ်ကဲ့သို့ နိုင်ငံမျိုးနဲ့ ကပ်လျက် တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေများမှာ သူ့အရပ် သူ့ဇာတ်နဲ့ ရှိနေမှာ ဖြစ်ကြောင်း၊

 ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက နိုင်ငံတစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြင်ပါလို့ ပြောပိုင်ခွင့်မရှိကြောင်း သူက အမေရိကန် ဒုလက်ထောက်နိုင်
ငံခြားရေးဝန်ကြီး ကို ပြောပြခဲ့သည်ဟု ဦးကျော်ဇောဦးက Coral Arakan အား
 ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များနှင့် UNHCR မှ ပုဂ္ဂိုလ်များက အလေးအနက်
ထား ထပ်ကာတစ်လဲလဲ မေးသောမေးခွန်းမှာ ရခိုင်လူ့အဖွဲ့အစည်းနှင့် ဘင်္ဂါလီလူ့အဖွဲ့အစည်းတို့
ယခင်ကဲ့သို့ အတိုင်းအတာတစ်ခု အထိ ပြန်လည် ရောနှောနေထိုင်မှု ဘယ်တော့ဖြစ်လာနိုင်မလဲ ဆိုသော မေးခွန်းဖြစ်ကြောင်း၊

ဒါက ရခိုင်လူမျိုးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများ (psychological trumas) ရှိနေဆဲဖြစ်
သဖြင့် အချိန်အတိုင်းအတာ တစ်ခုယူရဦးမှာ ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ၄င်းက ဆိုသည်။

အမေရိကန် ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်သံအမတ်ကြီးတို့ ပါဝင်သော ဆယ့်တစ်ဦး အဖွဲ့သည် ဘူးသီးတောင် မောင်တော မှ ယနေ့မနက်ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ စစ်တွေ ဒေသခံ လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီးနောက် ချက်ချင်း လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာ သွားကြသည်။

(ဟန်မောင်သိန်း
 Coral Arakan News Agency

မိဘညီညွှတ်မှ



ALD-RNDP က ပြည်သူ့ မိဘ
ရခိုင်ပြည်က ပြည်သူ့အိုးအိမ်
အသင်းအဖွဲ့အစည်းများက
သားသမီး ညီအစ်ကို ဖြစ်တည်တံ့။

ALD က အဖ
RNDP က အမိ
နိုင်ငံရေး-တော်လှန်ရေးပါတီများက
နိုင်ငံ့တံတိုင်း ဖြစ်တည်တံ့။

နိုင်ငံ့သန္ဓေ ဘုံမ္မိသံယံဇာတနန့်
ရပ်ခြား ခေတ်ပညာကိုသင်
ဋ္ဌာနမှာပြန့်ပွားဖို့ အမြင်နန့်
မျိုးဂုတ်ကို သစ္စာပျိုး ဖြစ်တည်တံ့။

ရင်ခွင်ကြီး နိုင်ငံ့ပိုင်နက်ကို
ထိမ်းသိမ်းကာကွယ်ဖို့တွက်
ဘက်စုံ အမြင်အမြော်နန့်
နိုင်ငံ့တိရိစ္ဆာန်များကို အင်အား ဖြစ်တည်တံ့။

ကမ္ဘာ့နိုင်ငံထိပ်သို့ ဗျူဟာထား
ရခိုင်ပြည် သမ္မတနိုင်ငံဖြစ်ဖို့
တွဲလက်ခေါ်ယူ မျိုးမဏ္ဍိုင်သို့
မိဘညီညွှတ်မှ မိဘညီညွှတ်မှ။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (AA)
Sept 13, 2012. (11 : 6 PM)

တိရိစ္ဆာန်



အဆင်အခြင်မဲ့
ရေတမုတ် သဲတပွင့်ကို
တန်ဖိုးမထားတတ်သူ
လျင်ငတ်ပြတ် မြေခ၏။

မိတ်မထားတတ်
နက်ရှိုင်းစွာ ရိုင်းပြမှု
ဝေးလင်းပြင်မဲ့ကာ
ဂွမ်းသို့ တန်ဖိုးကင်း၏။

ဘုံဘ၀ တံထွေးမမြင်
ရှင်လူကိုကြောက်
ဖေါင်ပျက်နစ္စ
ထပ်ပေါင်းလီ၏။

တဘ၀တည်းသိ
တထပ်တည်းဥာဏ်နဲ့
အမြင်တလက္မရှိသူ
တိရိစ္ဆာန် မည်၏။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (AA)
စက်တင်္ဘာ (၁၂)ရက်၊ ၂၀၁၂၊ ညဥ့် ၁၁း ၀၇ မိနစ်။

Thursday, August 30, 2012

ဦးသိန်းစိန် ထောင်ဒဏ်ခံရသူများကို လွတ်ပေးပြီး ရခိုင်များအား ဆက်လက်ထိမ်းသိမ်းထား


Written by သဇင်ဥ    Thursday, 30 August 2012 13:15   PDFPrintE-mail
sittwe-jail-b305 copyဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က စတင်သည့် ဘင်္ဂလီများ၏ အကြမ်းဖက် သောင်းကျန်းမှုကာလတွင် တိုက်ရိုက်ဆက်နွယ်နေမှုဖြင့် ၂၄ ရက်နေ့က ထောင်ဒဏ်အပြစ်ပေးထားသည့် ဘင်္ဂလီများကို ယမန်နေ့က လွှတ်ပေးခဲ့ပြီး ဒေသခံ ရခိုင်အမျိုးသားများကို မျက်ကွက်ပြု ခွဲခြားဆက်ဆံ ခံနေရကြောင်း မောင်တောမြို့မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

" အကြမ်းဖက်မှု တစ်ခုလုံးကို ကြိုးကိုင်ခဲ့တဲ့ ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်ကို ထောင်ဒဏ် (၃)နှစ်၊ ခင်မောင်ဆွေ (ခ) တာရတ်ကို (၂)နှစ်နဲ့ ချိုလေးမာခါတုန်ကို ထောင်ဒဏ်(၆)နှစ် သောကြာ (၂၄)ရက်နေ့က မောင်တောတရားရုံးက ချမှတ်ခဲ့ပါတယ်၊ အဲသူတွေကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ဆိုပြီး မနေ့မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်တဲ့ဆိုပြီး လွတ်ပေးလိုက်ပါတယ်၊ ဘယ်ပုံစံဥပဒေလဲမသိဘူး၊ သူတို့က UNHCRကနှစ်ယောက်နဲ့ INGOက တယောက်ပါ။ " ဟု အမည်မဖေါ်လိုသူ ကျောင်းဆရာက ဝေဖန်ပြောဆိုလိုက်သည်။

ဆက်လက်ပြီး သူက " သောင်းကျန်းသူတွေက ကုလားတွေ၊ ဒါနဲ့ဆက်စပ်ပြီး ဘာမှအပြစ်မလုပ်တဲ့ ရခိုင်အမျိုးသားတွေကို နေရာအနှံမှာ အများကြီး ဖမ်းထားတာတွေရှိတယ်။ ထောင်ဒဏ်သာပေးနေတယ်။ ပြန်လွတ်သူဘယ်သူ့ကိုမှ မတွေ့သေးဘူး။ ရခိုင်ပြည်နဲ့ လူထုတွေ ကျိန်စာသင့်နေသလို ဖြစ်နေတယ်။ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်လည်းမရှိ၊ တရားဥပဒေမှာဘက်လိုက်မှုရှိနေတယ်။ UNHCR လည်း ခုလိုဘက်လိုက်ခဲ့လို့ ဒီပြဿနာတွေ ပေါ်ခဲ့ပြီးပြီ၊ ကျွန်တော်တို့ ရခိုင်တွေ မြန်မာပြည်သားဖြစ်တယ်။ ရခိုင်ပြည်မှာနေပြီး အမြဲတမ်း ဘက်လိုက်မှုတွေချဉ်း ခံနေရတာ စိတ်နာဖို့ကောင်းပါတယ်။ နိုင်ငံခြားသားက အပြစ်ရှိတာတောင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ရတယ်တဲ့လားဗျာ။ နိုင်ငံတကာက အရေးအခင်းအတွင်းမှာ ရခိုင်က ကုလားကိုသတ်ဖြတ်နေတယ်လို့ အကြမ်းဖက်သမားတွေ ပြောဆိုခဲ့တာကို အမှန်အတိုင်းဖြစ်သွားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ " ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းမှုကို ဖန်တီးခဲ့၍ ထောင်ဒဏ်အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသော အဏ္ဏဝါ ဆာဒတ်အား ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃ (က)နှင့် ၅၀၅ (ဂ) ပြစ်မှုနှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းဥပဒေပုဒ်မ ၂၄ (၁) အရ တစ်နှစ်၊ ပြစ်မှုကျူးလွန်ခဲ့သူ တာရက် ကို ဥပဒေပုဒ်မ ၁၅၃ (က)နှင့် ပြစ်မှု ပုဒ်မ ၅၀၅ (ဂ) ပြစ်မှုတစ်ခုကို (၂)နှစ် ထောင်ဒဏ်ဖြစ်သော်လည်း တပေါင်းတည်း ကျခံစေဆုံးဖြတ်မှုကြောင့် ထောင်ဒဏ် (၂)နှစ်၊ ဒေါ်ချိုလေးမာခါတုန် ကို ဥပဒေပုဒ်မ ၁၅၃ (က) အရ (၂)နှစ်နှင့် ဥပဒေပုဒ်မ ၄၃၆/၁၀၉နှင့် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ ထောင်ဒဏ် (၁)နှစ် ထောင်ဒဏ်ပြစ်မှုများကို တပေါင်းတည်း ကျခံစေဟု စီရင်ချက်ကြောင့် (၆)နှစ်ချမှတ်ကြောင်း သိရှိရသည်။
ယင်းပဋိပက္ခ ကာလအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း ၁၀ ယောက် ဆက်နွယ်မှုများ ရှိခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးထားခဲ့ရာမှ ၃ ဦးကိုထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ကျန်ဝန်ထမ်း ၇ ဦးကို အစောင်ပိုင်းက အဖြတ်လိုက် လွှတ်ပေးခဲ့ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ထပ်မံလွတ်ပေးလိုက်ခြင်းဖြစ်သည်။

ထောင်ဒဏ်စီရင် ချမှတ်ခံခဲ့ရသူ (၃) ဦးမှာ ယင်းပဋိပက္ခအတွင်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက် ကြိုးကိုင်မှုများ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ယင်းအရေးအခင်းနှင့် ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သော ဦးလှသိန်းက VOA သို့ ဖြေကြားချက်အရ သိရသည်။

ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသော UNHCR ၀န်ထမ်းများအား စွဲချက်များမှာ ဥပဒေ ပုဒ်မ ၁၅၃(က)အရ လူမျိုးစုတစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ရန်တိုက်ပေးခြင်း၊ ဥပဒေ ပုဒ်မ ၅၀၅(ဂ)အရ အများပြည်သူများ အကျိုးစီးပွားပျက်ပြားစေမှုကို ဖြစ်စေသောပြစ်မှု၊ ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်ပေးမှုများ အပါအ၀င် ဥပဒေ ပုဒ်မ ၄၃၆/၁၀၉ အရ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့်ဖြစ်စေ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုမှုနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်မြောက်အောင် လုပ်ဆောင်မှုများဖြင့် စွဲချက်ခဲ့ကြောင်း သူကရှင်းပြခဲ့သည်။

မြန်မာအစိုးရက ထောင်ဒဏ်ချမှတ်လိုက်သော UNHCR ၀န်ထမ်း ၃ ဦးမှာ ရခိုင်ပြည်နယ်နေ မူဆလင်ဘာသာဝင်များဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများဖြစ်ကြောင်း ပြောသည်။

သက်ဆိုင်ရာက ထောင်ဒဏ်ချမှတ် ခံခဲ့ရသူများအပေါ် အသေးစိပ်စီစစ်ကာ စစ်ဆေးမေးမြန်းမှုများ အတန်ကြာပြုလုပ်ပြီး စီရင်ချ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ဦးသိန်းစိန်က အလွယ်တကူ လွတ်ပေးခြင်းအပေါ် အရေးအခင်းတွင် ကျဆုံးသွားခဲ့သူများ၏ မိသားစုဝင်များ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နှင့် တခြားမြို့များမှ ရခိုင်လူထုများ မကြေနပ်မှုများ ဖြစ်ကြကြောင်း ကျောင်းဆရာက သုံးသပ် ရှင်းပြသည်။
ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့်အပြင် ဦးသိန်းစိန် လွတ်ပေးလိုက်သည့် ၀န်ထမ်းများနှင့် တိုက်ရိုက် ဆက်နွယ်မှုရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းမှ မူဆလင်ဘာသာရေး အစွန်းရောက် ခေါင်းဆောင် (၁၀)ဦးအား အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

ယင်း ကော့စ်ဘဇားခရိုင်အတွင်းမှ ၁၀ ဦးမှာ ပန်းဝါမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ရှိ အီစ္စလာမ်မိတ်ဆေးရုံအုပ်၊ အီစ္စလာမ်မိတ်ဘဏ်အုပ်၊ နီလာမြို့ဗလီအုပ်နှင့် အီစ္စလာမ်မိတ်အဖွဲ့အစည်းနှစ်ခုမှ ခေါင်းဆောင်ကြီးများဖြစ်ကြသည်။

ကုလသမဂ္ဂ အနေဖြင့် ဦးသိန်းစိန် အမိန့်အာဏာဖြင့် လွတ်ပေးခဲ့သော ကုလ၀န်ထမ်းများအတွက် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ယမန်နေ့က ပြောဆိုလိုက်သည်။

လွတ်မြောက်သော ဦးခင်ရွှေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP၏ ၀န်ထမ်းတဦးဖြစ်ကြောင်း၊ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသော ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ ၀န်ထမ်းဖြစ်ကြောင်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံရသူ ဒေါ်ချိုလေးမာခါတုန်မှာ CSSEP အမည်ရှိ ရပ်ရွာလူထုဖွံ့ဖြိုးရေး စီမံချက်က ၀န်ထမ်းများ ဖြစ်ကြသည်။

ကျောင်းဆရာက " မနေ့က မောင်တောလူထုတွေ အရမ်းစိုးရိမ်ခဲ့ကြပါတယ်၊ ကြောက်စိတ်တွေလွမ်းပြီး ရုတ်ရုတ်သဲသဲတောင် ဖြစ်ခဲ့တဲ့ မိသားစုတွေ ရှိခဲ့တယ်။ လွတ်သွားတဲ့သူတွေက လူကြီးတွေဆိုတော့ အကြမ်းဖက်မှုတွေကို ထပ်ကာဖန်တီးပြုလုပ်နိုင်တယ်လို့ ယူဆကြ တယ်။ ပြီးတော့ ဒီလိုလုပ်တာက ကုလားတွေကို အရေးအခင်းဖြစ်ခဲ့တာ အမှန်ဘက်သို့ရောက်စေပြီး ဒေသခံတွေကို အမှားသို့ တွန်းပို့ရာ သက်ရောက်သွားပါတယ်၊ အရင်ကတည်းက ဒီမှာအခြေချနေချင်တဲ့သူမရှိဖြစ်နေချိန်မှာ ပို့ဆိုးသွားတဲ့ အခြေအနေရှိပါတယ်။ " ဟု ဆက်လက် ရှင်းသည်။

အရေးအခင်းကာလ ပထမဆုံး ဓါတ်၊ ဗီဒီယိုနှင့် သတင်းအမှားများ နိုင်ငံတကာသို့ ပေးပို့မှုနှင့် အကြမ်းဖက်ကို အဓိကဆောင်ရွက်ခဲ့သော ဒေါက်တာ ထွန်းအောင်(နရုဟောက်)အား လွတ်ပေးမည့်သတင်းများ မောင်တောတွင် ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် ပဋိပက္ခတွင် နေအိမ်စုစုပေါင်း (၂၈၂၅)အိမ်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ (၃၈)ဦး၊ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်း၊ ဗလီကျောင်း (၇) ခု၊ ဒုက္ခသည်စခန်း (၃၇) နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း (၉၀၀၀၀) ခန့်ရှိခဲ့ကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/403-2012-08-30-06-47-36

Tuesday, August 28, 2012

နိုင်ငံတခါးများကျိုးပေါက်ခြင်းကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော

Written by ဇင်ကီး    Saturday, 25 August 2012 17:38   PDFPrintE-mail
U Kyaw Thuရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုသည် မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုးပေါက်ခြင်းကို အခြေခံကာဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေးကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့အနောက်ဘက်တံခါးကျိုးပေါက်တယ်။ အရှေ့ဘက်ကလည်း ကျိုးပေါက်တယ်။ မြောက်ဘက်လည်း ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံလို့ပြောရမယ့် အနေအထားမရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံရဲ့ ခြံစည်းရိုးကိုသတ်မှတ်ပြီး လုံခြုံမှုအပြည့်အ၀ ရှိအောင်လုပ်ဖို့လိုတယ် " ဟု ဦးကျော်သူက ပြောသည်။

အိမ်ထောင်စုတစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦးဝင်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ်မသွားအောင် ရခိုင်တိုင်းရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေးနေကြောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်) အထွေထွေအတွင်းရေးမှူး
ဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသောနည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် မြတ်ဉာဏစိုးက သြဂုတ်လ(၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင် (၂၂)ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စောသေးကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/392-2012-08-25-10-41-53