ဝါကျွတ်ပွဲတော်အတွင်း ကျဆုံးသွားကြသော အာဇာနည်များအား အမျှဝေဂုဏ်ပြု
အောက်တိုဘာ
၃၀ ရက်၊ ၂၀၁၂။ (မူပိုင် - အောင်သန်း)
ရခိုင်ပြည်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခအကြားသို့
ခေတ်မီ သေနပ် M 79လောင်ချာများ အပါအ၀င် AK 47, 56 လက်နက်ငယ် များမှာ ဘင်္ဂလီမူဆလင်များထံသို့
မှောင်ခိုဝင်ရောက်လာခြင်းဖြစ်ရာ ဖမ်းဆီးခံရမှုများရှိနေကြောင်းနှင့် ပဋိပက္ခ ၅ လအတွင်း
ကျဆုံးသွားကြသူ အာဇာနည်များအား ၀ါကျွတ်ပွဲတော်နှင့်အတူ အမျှဝေရေကျချ ဂုဏ်ပြုခဲ့ကြကြောင်း
ရခိုင်ပြည်မှ Arakantimes စပ္ပါယ်ရှယ် သတင်းက ဆိုသည်။
ယင်း အကြမ်းဖက် ပဋိပက္ခ ၅ လအတွင်း သက်ဆိုင်ရာ
ဒေသခံများနှင့် အာဏာပိုင်များက ဘင်္ဂလီမူဆလင်များနေထိုင်သော စစ်တွေမြို့ အပါအ၀င် မြို့နယ်အများအပြားမှ
လက်နက်ကြီးငယ်များ ထင်သာမြင်သာ ဖမ်းဆီးမိခဲ့သော်လည်း ယခုအချိန်ထိ ဦးသိန်းစိန် အစိုးရက
နှုတ်ဆိတ်လျက်ရှိနေသော အသံများ လူထုသတင်းလောကတွင် ပျံနှံလျက် ရှိနေကြောင်း စစ်တွေမြို့မှ
နိုင်ငံရေးဝါရင့်တဦးက ပြောသည်။
“အောက်တိုဘာ ၁၄၊ ၁၅နဲ့ ၁၆ ရက်တို့မှာ အဲဒီအကြမ်းဖက်သမား
ဘင်္ဂလီတွေက ရခိုင်ပြည်တခုလုံးကို တိုက်ခိုက်သိမ်းယူဖို့ ကြံစဉ်ခဲ့တာ ကြားရပါတယ်၊ ဒီသတင်းနဲ့အတူ
စစ်တွေမြို့ထက် အင်ဘာလာရပ်ကွက်နေတဲ့ ကုလားတွေဆီက ၁၆ ရက်နေ့က သူတို့ရဲ့ အသုဘခေါင်းထဲကနေ
M 79 လက်နက်ကြီး လောင်ချာ ၅ လက်နဲ့ တခြားသေနပ်နဲ့ ကျဉ်ဆံတွေကို စစ်တပ်က ဖမ်းဆီးမိခဲ့ပါတယ်၊
ဒါစစ်တွေမြို့က လေ့လာသူတိုင်း သိတဲ့ကိစ္စပါ၊ အစိုးရကတော့ နှုတ်ဆိတ်နေပြီး ခုတလော ဒေသခံရခိုင်တွေကို
ပစ်သတ်မှုတွေ ရှိလာတယ်၊ ဒါရခိုင်အမျိုးသားရေး အနေနဲ့ မဟာဗျူဟာမြောက် သဘောပေါက်ဖို့လိုအပ်တဲ့
မြင်ကွင်းဖြစ်ပါတယ်။”ဟု Arakantimesကို ရှင်းပြသည်။
ဆက်လက်ပြီးသူက “ဒီလ တတိယအပတ်က မောင်တောမြို့နယ်
ငါးခူရနယ်မြေအတွင်းက ကြက်သွန်နီထည့်ထားတဲ့ ဂုန်နီအိတ်တွေ ထဲက နက်လက်ငယ်နဲ့ ကျဉ်ဆံတွေကို
တာဝန်ရှိသူတွေက ဖမ်းဆီးရခဲ့တယ်လို့ သိရပါတယ်၊ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက် အတွင်းမှာလည်း
ပါကိစ္စတန်လုပ် Ak 47-56၊ ယင်းအမျိုးအစား အယ်လောင်ဂျီ ပြောင်းရှည် စုစုပေါင်း လက်နက်
၁၀၀ ထက်မနည်း ရှိနေတယ်လို့လည်း သိရပါတယ်၊ ပဋိပက္ခအတွင်းမှာ လက်နက်တွေနဲ့ ပစ်ခတ်မှုတွေကြောင့်
စစ်တွေမြို့လယ်မှာ စစ်သားတွေလည်း ကျဉ်မှန်ဒဏ်ရရှိမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့လည်း အစိုးရက
အန္တရာယ်လို့ မမြင်ဘဲ ဖုံးကွယ်ထားမှုမှာ စဉ်းစားစရာတွေဖြစ်နေပါတယ်၊ ဒါအစိုးရရဲ့ အမျိုးသားလုံခြုံရေးအရ
ဖုံးကွယ်ကြောင်း ဖုံးကွယ်ထားနိုင်ပါတယ်။”ဟု ဆိုသည်။
ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အား ပြည်တွင်း/ပ
သတင်းဋ္ဌာနများမှ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများမှ လက်နက်များ ဖမ်းဆီးရရှိမိခြင်းနှင့်
အရေအတွက်ကို မေးမြန်းမှုများ ရှိခဲ့သော်လည်း လုံးဝမဟုတ်မှန် မရှိကြောင်း ငြင်းဆန်နေပြီး
ယင်းမေးခွန်း ပေါ်မှရှောင်ထွက်ပြေးလျှက်ရှိသည်။
စစ်တွေ၊ ကျောက်တော်၊ မောင်တောနှင့် တချို့မြို့နယ်များအတွင်းတွင်
ရခိုင်အမျိုးသမီးနှင့် အမျိုးသားတချို့တို့မှာ ဘင်္ဂလီမူဆလင်များအား ဓါး၊ ဆန်နှင့် တခြားစားနပ်ရိက္ခာများ
ရောင်းချမှုများ ပြုလုပ်နေ၍ သက်ဆိုင်ရာ ဒေသခံရခိုင်များက အမျိုးသားလုံခြုံမှုအရ အရေးယူမှုများ
ရှိနေကြောင်း စစ်တွေနှင့် မောင်တောမြို့တို့က ဆိုသည်။
အကြမ်းဖက်သမားများ တိုက်ခိုက်မှုကို အမျိုးသားရေးစိတ်ဓါတ်ဖြင့်
ခုခံရင်း ကျဆုံးသွားသော အာဏာနည်သူရဲကောင်းများအတွက် ယနေ့ ဘုကြီးကျောင်းများတွင် ဆီမီးထွန်း
အမျှဝေ ရေကျချမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
စစ်တွေမြို့မှ ကျောင်းဆရာမ တဦးက “ဒီနှစ်ဝါကျွတ်ပွဲတော်ဟာ
ဝမ်းနည်းဖွယ်ရာတွေ ဖြစ်ပါတယ်၊ မိသားစုဝင်တွေ ဆုံးရှုံးသွားရတဲ့ မိသားစုနဲ့ထပ်တူ စိတ်မကောင်းပါဘူး၊
ဘုန်းကြီးကျောင်းတွေဆိုလည်း မီးရှိုးခံရမှုကြောင့် ကျောင်းသွားကျောင်းလာကြတဲ့ ဥပုဒ်သည်က
အစ စိုးရိမ်ကြောင်းကြစိတ်တွေ ဖြစ်ပေါ်နေတာကို မြင်နေရပါတယ်၊ ဒီနှစ်စိတ်ထဲတော့ တမျိုးကြီး
ခံစားရပါတယ်၊ ကုလားတွေရဲ့ ကရင်ဘင်ပွဲ ကျသွားတာကို မသိလိုက်သလိုပါဘဲ။”ဟု ရှင်းပြသည်။
လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၂
ခုနှစ်အစောပိုင်းက မောင်တောမြို့နယ်များအတွင်း ဓါးပြမှုများ အများအပြား ဖြစ်ပေါ်ခဲ့ သည်ဟု
သတင်းများထွက်ပေါ်ခြင်းမှာ နစကအရာရှိများက ဘင်္ဂလီမူဆလင်များထံမှ လာဒ်ငွေများယူ၍ ဘင်္ဂလာမှ
လက်နက်များ ပြည်တွင်းသို့ မှောင်ခိုသွင်းခဲ့ခြင်းဖြစ်ကြောင်း မောင်တောမြို့ ခရယရုံးအဖွဲ့သတင်းက
ဆိုသည်။
ယင်းလက်နက်များမှာ ဘင်္ဂလီမူဆလင်များ၏ ဘုရားဝတ်ပြုကျောင်းဖြစ်သော
ဗလီများအတွင်း သိုလှောင်ထားမှုများ ရှိနေကြောင်းနှင့် ဘင်္ဂလာမှ စက်လှေဖြင့် မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း
ရခိုင်-ဘင်္ဂလီအတွင်း သတင်းများ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ယင်းလက်နက်များနှင့် ပတ်သက်၍
Arakantimes အနေဖြင့် အတည်ပြုနိုင်ခြင်းများ ထပ်မံရရှိနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။
မောင်တောမြို့နယ် ပဋိပက္ခအတွင်း အကြမ်းဖက်သမားများထံမှ
လာဒ်ငွေအများဆုံး စားခဲ့သူမှာ နစက ကွပ်ကဲရေးမှူး အောင်ကြီးဖြစ်ပြီး ၎င်းအနေဖြင့် ယခုအခါ
ခြစားမှုဖြင့် ထောင်ဒဏ်နှင့် ပိုင်ဆိုင်မှုတချို့ သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခံရခြင်းဖြစ်သည်မှာ
လက်နက်များ မှောင်ခိုတင်ပို့ခွင့် ပေးခဲ့မှု ထင်ရှားကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့်
ဆက်စပ်၍ ဖမ်းဆီးအရေးယူခံနေရသော နစက ခြစားသူများအား ရခိုင်ပြည် အတွင်းရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော
မှောင်ခိုလက်နက်များ အရေအတွက်ကို အသေးစိပ် ထပ်မံစစ်ဆေးမေးမြန်းရန် လိုအပ်ကြောင်း နိုင်ငံရေးဝါရင့်က
ထုတ်ဖေါ် ပြောဆိုလိုက်သည်။
ဇွန် ၈ ရက်နေ့ကတည်းက ဘင်္ဂလီမူဆလင်များထံ စတင်တိုက်ခိုက်ခံရသော
ရခိုင်ပြည် ပဋိပက္ခကာလအတွင်း ဒေသခံရခိုင်လူမျိုးများ အနေဖြင့် ယခုအချိန်ထိ မိမိကျေးရွာနေအိမ်
ညဥ့်ကင်းများကို ယင်းတို့ကိုယ်တိုင် လုံခြုံရေးအတွက် စီမံစောင့်ကြပ်နေကြကြောင်း သိရှိရသည်။